ဗဟိုဘဏ်အနေနှင့် - TopicsExpress



          

ဗဟိုဘဏ်အနေနှင့် ဘဏ်များမှအပ ကျန်ငွေရေးကြေးရေး အဖွဲ့အစည်းများကို ထိန်းချုပ်မည် မဟုတ်ဘဲ ဘဏ္ဍာရေး ၀န်ကြီးဌာနကသာ ထိန်းချုပ်မည် 8.10.2013 သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့် ဘဏ်များမှအပ ကျန်ငွေရေးကြေးရေး အဖွဲ့အစည်းများကို ထိန်းချုပ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ် စုစုပေါင်း ၂၂ ဘဏ်အထိ ရှိနေပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းများစသည့် ကျန်ငွေကြေး လုပ်ငန်းများအပေါ် ထိန်းချုပ်မှုကိုမူ ဘဏ္ဍာရေး ၀န်ကြီးဌာနကသာ တာဝန်ယူ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ 'ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ဗဟိုဘဏ်က Control မလုပ်ပါဘူး။ ဘဏ္ဍာရေး ၀န်ကြီးဌာန ထိန်းချုပ်မှု အောက်မှာပဲ ရှိနေမှာပါ' ဒေါ်ခင်စောဦးက ဆိုသည်။ ဘဏ်များအား Control လုပ်သည်ဟု ဆိုရာတွင်လည်း ထိန်းချုပ်မှု မဟုတ်ဘဲ မြန်မာ့ငွေကြေး တည်ငြိမ်စေရန် ကြီးကြပ်ကွပ်ကဲမှုသာ ပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကသာ လုပ်ဆောင်နေမှု မဟုတ်ဘဲ နိုင်ငံတကာတွင်လည်း ထိုသို့သာ လုပ်ဆောင်နေကြောင်း ဒေါ်ခင်စောဦးက ဆက်လက် ပြောကြားသည်။ ယခင် ဗဟိုဘဏ်ဥပဒေ နေရာတွင် အစားထိုးသည့် ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရ အဖွဲ့ကြား ပြင်ဆင်ညှိနှိုင်းချက် ၂၀၀ ကျော် ရှိခဲ့သည့် ဥပဒေဖြစ်သည်။ လက်ရှိ အသစ်ဖွဲ့စည်းသည့် နိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်ရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် စိန်ခေါ်ချက်များ ရှိနေဆဲဖြစ်သည်။ ငွေလဲနှုန်းထား အမျိုးမျိုးကို တစ်မျိုးတည်း ပေါင်းစည်းရန် ရည်မှန်းထားသော်လည်း လက်ရှိအချိန်အထိ ဗဟိုဘဏ် ရည်ညွှန်း ငွေလဲနှုန်း၊ သိမ်ဖြူငွေလဲ ကောင်တာ ဈေးနှုန်း၊ ဘဏ်ငွေလဲ ကောင်တာဈေးနှုန်း၊ ပြင်ပဈေးနှုန်းများ အကြား ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။ ဘဏ်များအား Control လုပ်သည်ဟု ဆိုရာတွင်လည်း ထိန်းချုပ်မှု မဟုတ်ဘဲ မြန်မာ့ငွေကြေး တည်ငြိမ်စေရန် ကြီးကြပ်ကွပ်ကဲမှုသာ ပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကသာ လုပ်ဆောင်နေမှု မဟုတ်ဘဲ နိုင်ငံတကာတွင်လည်း ထိုသို့သာ လုပ်ဆောင်နေကြောင်း... ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှု စနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီ ပေးဆပ်နိုင်မှုတို့ ကောင်းမွန်ပြီး ခိုင်မာသော ငွေရေးကြေးရေး စနစ်တစ်ရပ်ဖြင့် ဆောင်ရွက်ရန် ရည်မှန်းထားကာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်ဟု ဗဟိုဘဏ်က မူဝါဒ ချမှတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် မကြာမီ ကမ္ဘာ့ငွေကြေး ဈေးကွက်နှင့် ပိုမိုချိတ်ဆက်လာမည် ဖြစ်ခြင်းကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့် သတိပြုသင့်ကြောင်း၊ နိုင်ငံအတွင်း ရင်းနှီးငွေ စီးဝင်မှုများကို စိစစ်ပြီး ကာလရှည် ရင်းနှီးမှုနှင့် ကာလတို ရင်းနှီးမှုတို့ကို ခွဲခြားစိစစ်နိုင်မှသာ ဗဟိုဘဏ် အနေဖြင့် မှန်ကန်သင့်လျော်သော မူဝါဒများဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိစေရန် စွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။ လက်ရှိဗဟိုဘဏ် အနေနှင့် ဘဏ်များ အပါအ၀င် ငွေရေးကြေးရေး အဖွဲ့အစည်းများ အတွက် အဓိက လိုအပ်သည့် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၆/၁၉၉၀) အား ကမ္ဘာ့ဘဏ် အကူအညီဖြင့် ရေးဆွဲနေပြီး အောက်တိုဘာ တတိယ အပတ်အတွင်း အစိုးရအဖွဲ့ အပါအ၀င် ဘဏ်လုပ်ငန်းရှင်များ လွှတ်တော် ကော်မတီ စသည့် ယင်းဥပဒေနှင့် ဆက်နွှယ်နေသူများ ဆွေးနွေး အကြံပြုနိုင်ရန် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဒေါ်ခင်စောဦးက ပြောကြားသည်။ အဆိုပါ ဥပဒေကြမ်းအား ထုတ်ပြန်ရာတွင် သမ္မတ အကြံပေးအဖွဲ့၊ ရှေ့နေချုပ်ရုံး၊ လွှတ်တော်ကော်မတီ၊ ဘဏ်လုပ်ငန်းရှင်များ စသည့် အဆိုပါ ဥပဒေနှင့် ဆက်နွှယ် ပတ်သက်နေသူများအား ဥပဒေ ပိုမိုကောင်းမွန်ရေး အကြံပြု ဆွေးနွေးနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ပြဋ္ဌာန်းစဉ် အချိန်က အကောင်းဆုံးဟု ဆိုနိုင်သည့် အနေအထားတွင် ရှိနေသော်လည်း တိုးတက်ပြောင်းလဲ လာသည့် ခေတ်စနစ်များ၊ ပိုမိုလုပ်ဆောင် လာနိုင်သည့် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ ပေါ်ပေါက်လာမည့် ငွေကြေးဈေးကွက် စသည့် အခြေအနေများ အတွက် လွှမ်းခြုံနိုင်သော ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲမည် ဖြစ်သည်။ Eleven Media Group
Posted on: Tue, 08 Oct 2013 01:57:53 +0000

Trending Topics



rge
To my Sweet Daughter! Your wee little life has changed me, the

Recently Viewed Topics




© 2015