မာမီသံ ရဲ့ - TopicsExpress



          

မာမီသံ ရဲ့ မိန်းမတယောက်နဲ့ အပျိုရည် ဆိုတာ ဖတ်ရတော့ ဟိုတလောက ဆရာ Tin Latt share ထားတဲ့ peer pressure အကြောင်းရယ်၊ တလောက ကြည့်လိုက်တဲ့ teenage program တခု ရယ် သွားသတိရတယ်။ မြန်မာပြည်မှာ အပျိုစစ်ခြင်း မစစ်ခြင်းကြောင့် peer pressure ရှိသလို UK မှာလည်း ရှိတယ် ဆိုရင် ယုံမလား။ နည်းနည်းလေးတော့ ကွာတယ်။ ဒီမှာက ၁၆ နှစ် ၁၈ နှစ် ရောက်လို့မှ Virgin ဖြစ်နေသေးရင် ကြိုက်မဲ့သူ မရှိ၊ အူကြောင်ကျား၊ ဂေါက်တောက်တောက်၊ ကြောင်တောင်တောင်၊ လူရာမဝင် လို့ အထင်ခံရမှာ စိုးပါသတဲ့... အဲ့သဟာကြောင့် အပျိုပေါက်မတွေက virginity ကို ၁၅ နှစ် ၁၆ နှစ် ဆို စွန့်ပစ်ချင်ကြသတဲ့...
Posted on: Tue, 29 Oct 2013 13:17:57 +0000

Trending Topics



Recently Viewed Topics




© 2015