ယနေ့ကျင်းပပြုလုပ်မည့် - TopicsExpress



          

ယနေ့ကျင်းပပြုလုပ်မည့် ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ (၃-၇-၂၀၁၃) ဗုဒ္ဓဟူးနေ့တွင် အောက်ပါမေးခွန်းများ ကို မေးမြန်းသွားမည်ဖြစ်ပါသည်။ (က) ဦးကြည်တင့်၊ ဓနုဖြူ မဲဆန္ဒနယ်၏ နိုင်ငံတော်အစိုးရမှ တရားဝင် ခွင့်ပြုချက်မရှိဘဲ အဖျက်လုပ်ငန်းများဥပဒေမဲ့ လုပ်ဆောင်နေသည်ကို သိရှိပါသလား၊ သိရှိသည်ဆိုပါက ၎င်းကိစ္စရပ်များကို ရှင်းလင်း ဆောင်ရွက်ရန် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ခ) ဒေါ်နန်းဝါနု၊ ကွန်ဟိန်း မဲဆန္ဒနယ်၏ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းကို မည်သို့ဆောင်ရွက်ထားခြင်းနှင့် သီးနှံအစားထိုး ပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဂ) ဦးမြင့်စိုး၊ ပျော်ဘွယ် မဲဆန္ဒနယ်၏ခရိုင်အဆင့်အထိ အကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားရှိပြီး နိုင်ငံ တကာစံနှုန်းနှင့်ကိုက်ညီသော သင်တန်းပေးခြင်း၊ အင်အား တိုးချဲ့ ဖွဲ့စည်းနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။ (ဃ) ဦးတင်မောင်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်၏ နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် အဆင့်အလိုက် လူပုဂ္ဂိုလ်အရေအတွက် မည်မျှရှိခဲ့ပြီး မည်မျှကွယ်လွန်၍ မည်မျှ ကျန်ရှိပါသနည်း၊ အဆိုပါပုဂ္ဂိုလ်များ အား တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေအား ချီးမြှင့်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (င) ဒေါ်ဒွဲဘူ၊ အင်ဂျန်းယန် မဲဆန္ဒနယ်၏ မြစ်ဆုံစီမံကိန်းမှ ပြောင်းရွှေ့ ခံထားရသော ဒေသခံများအတွက် အနာဂတ်စီမံကိန်းများ၊ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ် စာတမ်းပါ အကြောင်းအရာများကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း။ (စ) ဦးမြင့်လှိုင်၊ မဘိမ်း မဲဆန္ဒနယ်၏ ရွှေလီစီမံကိန်းမြစ်ကူးတံတား အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း တံတား၏ ပြီးစီးမှု ၅၀%ကို ဖြည့်စွက်ရန်ပုံငွေဖြင့် ချထားပေးပြီး အပြီးသတ် ဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ပြီးစီးမည် နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဆ) ဦးညီညီမြင့်၊ အုတ်တွင်း မဲဆန္ဒနယ်၏ ကျွဲပွဲမြို့တွင် လက်ရှိသုံးစွဲ နေသော ၃၃/၀.၄ ကေဗွီ ဓာတ်အားပေးစနစ်အစား ၃၃/၁၁.၄ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဇ) ဦးသောင်းဟန်၊ ယင်းမာပင် မဲဆန္ဒနယ်၏ လျှပ်စစ်မြစ်ရေတင် စီမံကိန်း တစ်ခုချင်းက အသုံးပြုလာမည့် ဗို့အားနှင့် စီးအား အပြည့်အဝ ပို့လွှတ်ရေးကို ပုံမှန်ဓာတ်အား ဖြန့်ဖြူးမှုအား ထိခိုက်မှု မရှိစေဘဲ ရရှိစေရန် အာမခံနိုင်မှု ရှိ/မရှိနှင့် ရှိပါက မည်သည့် ဒေသတွင် ဆောင်ရွက်မည့် စီမံကိန်းများကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဈ) ဦးအောင်သိန်း၊ ရွာငံ မဲဆန္ဒနယ်၏ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၂)မြို့နယ် လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ရရှိရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် တစ်ဖက်သတ်လျာထားချက်များအား နိုင်ငံတော်မှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ည) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်၏ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်တရ သတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရက မြန်မာ့အသံမှ ဥဩဆွဲသံကို ပြန်လည်ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိပါသလား နှင့် စပ်လျဉ်းသည့် မေးခွန်း တို့အားမေးမြန်းပြီး “၁၉၆၃ ခုနှစ်၊ တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” အား ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်း၊ ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံဆွေးနွေးခြင်း၊ လွှတ်တော်မှ လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း တို့ဖြစ်ပါသည်။ Download PDF file ---------------------- pyithuhluttaw.gov.mm/sites/default/files/agenda/2013/07/03/Agenda.pdf
Posted on: Wed, 03 Jul 2013 03:50:15 +0000

Trending Topics



bacias e hoje de manhã quando saí, deixei as 2
As of July 20, 2013, I do not give Facebook or any entities
Home › Arte › Caserta “Luci della Fede e Lumi della
MUCHAS ETNOHERMANAS Y ETNOHERMANAS EN LA IGLESIA TAWANTINSUYANA

Recently Viewed Topics




© 2015