ရန်ကုန်မြို့လယ် - TopicsExpress



          

ရန်ကုန်မြို့လယ် စစ်ကျန် ဗုံးတစ်လုံးတွေ့ရှိ ရန်ကုန်၊ ဇွန် ၂၄ ရန်ကုန်မြို့လယ် သိမ်ကြီးဈေး အေရုံအနီး ကုန်ဈေးတန်းလမ်း (အလယ်) အမှတ်၂၅၃/၂၅၄ ရှိ Royal Myanmar ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဇွန်လ ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ က Pile ရိုက်ရန် မြေတူးရာမှ စစ်ကျန် ဗုံးဟောင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးကြပ်ရေးမှူး ဦးကိုလွင်က The Voice သို့ ပြောကြားသည်။ စစ်ကျန်ဗုံးဟောင်းကို ယခင် တိုက်ဟောင်းရှိ အုတ်ခုံများကို ဖြိုချရာမှ အနက်ရှစ်ပေတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး အန္တရာယ် ရှိနိုင်သောကြောင့် မြို့နယ်ရဲတပ်ဖွဲ့ စခန်းထံသို့ အကြောင်းကြားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ “မြေတူးသမားက သံတုံးထင်လို့ မြေဖယ်လိုက်တော့ အလုံးကြီး ဖြစ်နေလို့ ကျွန်တော့်ကို လာပြောတာ။ ဘာမှန်းမသိလို့ ရဲစခန်းကို အကြောင်း ကြားလိုက်တာ” ဟု ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးကြပ်ရေးမှူး ဦးကိုလွင်က ပြောဆိုသည်။ တွေရှိသည့် ဗုံးသည် ရှေ့ထိပ် အချင်းနှစ်လက်မခွဲ ၊ အလျား ၄၆ လက်မ၊ လုံးပတ် ၄၈ လက်မ နောက်ပိတ်အချင်း ခုနစ်လက်မ အရွယ်အစား ရှိကြောင်း ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။ ကျောက်တံတားမြို့နယ်တွင် နှစ်၃၀ အတွင်း တစ်ကြိမ် တစ်ခါမျှ မကြားဖူးသေးကြောင်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။ စစ်ကျန်ဗုံးထဲတွင် ယမ်းအနည်းငယ် ကျန်ရှိနေကြောင်း လာရောက် ဖယ်ရှားသည့် အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ပါဝင်သူတစ်ဦးက ပြောကြားသည်။ ရဲစခန်း၏ စစ်ဆေးချက်အရ စစ်ကျန် ဗုံးမှန်း သိရှိသဖြင့် အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း တာဝန်ရှိ သူများက လာရောက် တူးဖော် ဖယ်ရှားခဲ့ပြီး အဆိုပါ အင်ဂျင်နီယာ တပ်ရင်းသို့ သွားရောက် ပို့ဆောင်ခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။
Posted on: Tue, 25 Jun 2013 05:31:25 +0000

Trending Topics



Power of God We never out grow
Discovery of smallest tree gives clues about climate change -
RUBBERMAID Sanitary Tilt Trucks - Black Most likely youll find
Affiliate Freelancer September 17, 2013 at 07:11AM
Mario Benedetti Bienvenida Se me ocurre que vas a llegar

Recently Viewed Topics




© 2015