အစိုးရဌာနများ၏ - TopicsExpress



          

အစိုးရဌာနများ၏ နည်းပညာလုံခြုံရေးအတွက် မိုက်ခရိုဆော့ဖ် လာဆွေးနွေးမည် ==================================== နည်းပညာ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်တွင်း ဝန်ကြီးဌာနအချို့နှင့် မိုက်ခရိုဆော့ဖ်မှ နည်းပညာလုံခြုံရေးဆိုင်ရာ အကြီးအကဲတို့ လာမည့် စက်တင်ဘာလအတွင်း တွေ့ဆုံသွားမည်ဟု မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီKnowledge Centricity မှ သိရသည်။ မိုက်ခရိုဆော့ဖ်၏ နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr.Pierre Noel မှ ဆက်သွယ်ရေး ဝန်ကြီးဌာနအပြင် အိုင်တီနည်းပညာဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် အခြားဝန်ကြီးဌာနအချို့ဖြင့် တွေ့ဆုံဆွေးနွေး ပွဲကို နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဘဏ်လုပ်ငန်းများ၊ နည်းပညာကုမ္ပဏီ များနှင့် တွေ့ဆုံ၍ လုံခြုံရေးပိုင်းဆိုင်ရာလိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Knowledg Centricity မှ ဒုဥက္ကဋ္ဌ ဒေါ်လွင်လွင်ငြိမ်းချမ်းက ပြောသည်။ 'မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးကိစ္စတွေတင်မက ဘဲ အခြားနည်း ပညာလုံခြုံရေးတွေကိုပါ ဆွေးနွေးမယ်လို့ထင်ပါတယ်။ အသေးစိတ်တော့ သေချာမသိသေး ပါဘူး'ဟု ၄င်းက ဆက်ပြောသည်။ လာမည့် စက်တင်ဘာတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် သာ တွေ့ဆုံဆွေးနွေး ဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နည်းပညာ စိတ်ဝင်စားသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မိုက်ခရိုဆော့ဖ်၏ နည်းပညာလုံခြုံရေး ကျွမ်းကျင်အကြီးအကဲ Mr.Pierre Noel မှာ အမေရိကန်အခြေစိုက် မိုက်ခရိုဆော့ဖ်ရုံးချုပ်နှင့် စင်ကာပူရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သုတလင်း Popular
Posted on: Thu, 22 Aug 2013 11:15:54 +0000

Trending Topics



min-height:30px;">
Story Of My Life Written in these walls are the stories that I
http://www.topicsexpress.com/I-captured-this-shot-during-the-Annual-Snake-Boat-Race-Vallam-topic-713756682004262">I captured this shot during the Annual Snake Boat Race (Vallam
lucistrust.org:8081/obooks/?q=node/127 The second initiation is
am one of the most hungry men in ntinda and the surrounding areas
July Movie Line up: Monday July 1st: Donnie Darko Friday July
Congratulations Pirates! In a practice meet held yesterday,
U.S. Centers for Disease Control (CDC) Liars: “1 Million Ebola

Recently Viewed Topics




© 2015