အာဆီယံစစ်ရေးအရ - TopicsExpress



          

အာဆီယံစစ်ရေးအရ ပူးပေါင်းမှု ရှိနိုင်သော်လည်း အာဆီယံစစ်တပ် အဖြစ်ထားရှိရန် မဖြစ်နိုင်သေးဟုဆို နိုဝင်ဘာ ၂၅ ရက် ၂၀၁၃ အဖွဲ့ဝင် နိုင်ငံပေါင်း ၁ဝနိုင်ငံရှိသည့် Asean အနေဖြင့် အီးယူ စစ်အုပ်စုဝင် နိုင်ငံများနှင့် NATO (မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများ) အဖွဲ့ကဲ့သို့ Asean Defence Cooperation ကဲ့သို့ ဆောင်ရွက်ရန် မရှိသေး ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဦး စီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးထံမှ သိရသည်။ Asean Defence Cooperation အဖြစ်ဆောင်ရွက်ခြင်း မရှိသေးသော်လည်း ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ် ငန်းစဉ်များတွင် ပူးပေါင်းဆောင် ရွက်ရန်အတွက် Peace Keeping Operation Network ၌ ပါဝင် ဆောင်ရွက်ရန် ရှိနေကြောင်း အာ ဆီယံစကားဝိုင်းအစီအစဉ်တွင် ပြောဆိုသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိ ယညွှန်ကြားရေးမှူး ဦးအောင်ထူး ကအာဆီယံအနေနဲ့ အာဆီယံ စစ်တပ်ကြီးအနေနဲ့ အီးယူတို့ NATO တို့လိုမဟုတ် ဘဲ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအစီအ စဉ်မှာပါဖို့အတွက် အစီအစဉ်တွေ ရှိနေပါတယ်ဟု ဆိုသည်။ မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ကြုံတွေ့နေရသောတောင်တရုတ်ပင်လယ်အ ရေးအခင်းနှင့်ဆက်စပ်ပြီး ဖြစ် ပေါ်နေသည့် စိန်ခေါ်ချက်များ လုံခြုံရေးဆိုင်ရာများအား တရုတ် နိုင်ငံ၏ဆွေးနွေညှိနှိုင်းမှုအား အောင်မြင်စွာ အသုံးချခြင်း ဖြင့် ဒေသ တွင်း အာဆီယံနိုင်ငံတို့၏ အစဉ်အလာအား ဆက်လက်ထိန်း သိမ်းရန်လိုသည်ဟု ပြောသည်။ မြန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာသိပ္ပံမှ ဦးကြီးမြင့်က အာဆီယံတွေနဲ့ ရင်ဆိုင်ရာမှာ အတွင်းအပြင်ပြဿနာများသာ မက လုံခြုံရေးဆိုင်ရာများ၊ စီးပွား ရေးပြဿနာနှင့် လူမျိုးရေးဘာ သာရေးကွဲပြားမှုများအတွက် အင်အားကြီးနိုင်ငံများနှင့် အာဆီယံ အကြား ငြိမ်းချမ်းစွာလုပ် ဆောင်ရမှုများရှိနေသည့် မြန်မာ နိုင်ငံအနေဖြင့် အာဆီယံအသွင် ကူးပြောင်းရေးအား ညင်သာစွာ လုပ်ဆောင်ရန်လိုအပ်နေသည် ဟုဆိုသည်။ အဆိုပါဆွေးနွေးပွဲသို့ တက် ရောက်လာသည့် နိုင်ငံခြားရေး ရာဌာန တာဝန်ရှိသူတစ်ဦးက လုံခြုံရေးကိုစဉ်းစားလျှင် အမျိုး သားအဆင့်နှင့် အာဆီယံအဆင့် လုံခြုံရေးကို ခွဲခြားထားနိုင်ရန်လို ကြောင်း ပြောဆိုသွားသည်။ yangonmedia
Posted on: Mon, 25 Nov 2013 08:45:51 +0000

Trending Topics



us at Venice Arts and be a judge of this years
Our Father, which art in heaven, Hallowed be thy Name. Thy

Recently Viewed Topics




© 2015