၁။ Orange + Marubeni - TopicsExpress



          

၁။ Orange + Marubeni (ပြင်သစ်+ဂျပန်) ပြင်သစ်က နောက်ဆုတ်သွားပြီကြားတယ်။ Orange ကတော့ ပြင်သစ်မှာ အကြီးဆုံးလားတော့ မသိဘူး။ နေရာအနှံ့ သူ့ကြော်ငြာတွေချည်းပဲ။ ၂။ KDDI + Sumitomo+MICTDC+ A1 (ဂျပန်+မြန်မာ) နိုင်ငံခြားကုမ္ပဏီတွေတော့ မသိဘူး။ MICTDC ဆိုတာကတော့ အခု ရန်ကုန် MICT Park ကြီးကို Run ခဲ့တဲ့ အများပိုင်ကုမ္ပဏီကြီးပေါ့။ ဦးသိန်းဦး ပြောပြောနေတဲ့ ICT Road Map ဆိုတာကြီး ကြားကြားနေတာတော့ ကြာလှပေါ့ဗျာ။ မကြိုက်ပါဘူး။ ၃။ Telenor (နော်ဝေ) Telenor အကြောင်း သိပ်မသိဘူး ၄။ Singtel + Royal Myanmar (KBZ)+M Tel (စင်္ကာပူ+မြန်မာ) အင်တာနက်ကောင်းပါတယ်လို့ နာမည်ကျော်တဲ့ Singapore Singtel ရဲ့ အင်တာနက်ကတော့ ဟိုးတလောကက သုံးကြည့်တာ အတော်ချာတယ်။ KBZ ဆိုတာတော့ ဦးမောင်အေး ကောင်းမှုနဲ့ ထွန်းတောက်လာတဲ့ ဆရာကျောင်းရဲ့ ဘိဇနက်ပေါ့။ MTel ဆိုတာကိုလုပ်တဲ့ မြန်မာဘက်က လူကိုတော့ အတော်များများ ရွံ့ကြသပေါ့ဗျာ။ ၅။ MTN(Dubai)+ M1+Amara (တောင်အာဖရိက+လက်ဘနွန်+မြန်မာ) Amara ဆိုတာကတော့ ဦးအောင်သောင်းတို့ မိသားစုကြီးရဲ့ အင်ပါရာကြီးပေါ့ ၆။ Bharti Airtel+ Palazio (အိန္ဒိယ+ဆိုက်ပရပ်စ်) AirTel ကတော့ အိန္ဒိယက နာမည်ကျော် ကုမ္ပဏီပါ။ Reliance လောက်တော့ မကြီးဘူးထင်တယ်။ ၇။ QTel (Ooredoo) (ကာတာ) မသိပါ ၈။ Viettel (ဗီယက်နမ်) အတော် ချစ်တီးကျတဲ့ ဗီယက်နမ်အစိုးရရဲ့ ကုမ္ပဏီပါ။ ၉။ Axita Group (မလေးရှား) မသိပါ ၁ဝ။ Millicom (လူဇင်ဘာတ်) မသိပါ။ ၁၁။ Digicel + Quantum Strategic+ Yoma Strategic (ဂျမေကား) ကမ္ဘာ့လူလည်ကြီး ဆိုးရော့စ်ရယ်၊ မြန်မာ့လူလည်ကြီး ဆက်ပန်းရယ် ပေါင်းလိုက်မှတော့ :)
Posted on: Wed, 26 Jun 2013 08:04:25 +0000

Trending Topics



:30px;"> LIKE - Weve moved to a NEW spot on the web in honor of Evasi0n,
Marcos The Hidden Truth !! The Hidden Truth !! Not published
Where To Get Wolverine Ridgeline-Lo Gore-Tex Wtrprf Lthr Boot -
“Dzikir Cinta” wrote: Seorang pria pergi ke Bank Mandiri di

Recently Viewed Topics




© 2015