'Gear Head Post Mandalay" မှ - TopicsExpress



          

'Gear Head Post Mandalay" မှ မြန်မာနိုင်ငံတွင် ရုပ်ရှင် လုပ်ငန်းသုံး အထောက်အကူပြု စက်ပစ္စည်းများ ငှားရမ်း ဝန်ဆောင်မှု ပေးသွားမည် 'Gear Head Post Mandalay" မှ မြန်မာနိုင်ငံတွင် ရုပ်ရှင် လုပ်ငန်းသုံး အထောက်အကူပြု စက်ပစ္စည်း ငှားရမ်း ဝန်ဆောင်မှုများကို လာမည့် ပွင့်လင်း ရာသီအတွင်း စတင် ဝန်ဆောင်မှုများ ပေးသွားရန် စီစဉ်လျက်ရှိကြောင်း Post Mandalay Media မှ Managing Director Mr. Kevin Kyaw Win က Post Mandalay Media နှင့် ထိုင်းနိုင်ငံရှိ Gear Head ကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ Gear Head ကုမ္ပဏီ အနေဖြင့် မြန်မာ့ရုပ်ရှင် လောက ယခုထက် ပိုမို ကောင်းမွန် လာစေရန် ၎င်းတို့၏ ရုပ်ရှင် လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးသွားမည် ဖြစ်သည်။မြန်မာနိုင်ငံရှိ ရုပ်ရှင် စက်အဖွဲ့ သမားများကိုလည်း ယင်းပစ္စည်း အသုံးပြုပုံများကို Guideline ပေးပြီး သင်ကြား ပြသသွားမည် ဖြစ်ကြောင်း Gear Head ကုမ္ပဏီမှ Managing Director Mr. Thanitsaphong Dom Sasinmanop က ပြောပြခဲ့သည်။ Post Mandalay ကုမ္ပဏီသည် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် ပူးပေါင်းပြီး သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ စုစုပေါင်း ၂ဝ ဦးနှင့်အတူ ထိုင်းနိုင်ငံရှိ Gear Head ကုမ္ပဏီ၏ ဖိတ်ကြားချက် အရ Workshop တစ်ခုသွားရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Workshop ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာ အဏ်ထော်နီက 'ဒီမှာရှိတဲ့ စက်ပစ္စည်းတွေနဲ့ Gear Head ကုမ္ပဏီက စက်ပစ္စည်း တွေက အရမ်းကို ကွာခြားပါတယ်။ အရမ်းကို တိုးတက်ပြီး ပြောင်းလဲနေတဲ့ စက်မှုအား ကောင်းတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်တယ်။ ကရိန်းတွေ၊ ကင်မရာတွေကိုလည်း ကိုယ်တိုင် တိုက်ရိုက်ကြည့်တယ်။ အသုံးပြုပုံ တွေကိုလည်း သင်ပေးတယ်။ အခုဆို ကိုယ့်နိုင်ငံမှာ ဒီစက်ပစ္စည်းတွေနဲ့ ရိုက်ဖို့အတွက်ကိုလည်း စီစဉ်နေပါပြီ။ အနုပညာ စိတ်ဓာတ်အရလည်း အားတက်မိပါတယ်'ဟု ရှင်းပြခဲ့သည်။ Gear Head ကုမ္ပဏီမှ စက်ပစ္စည်း များဖြင့် လာမည့် တန်ဆောင်မုန်း လပြည့်နေ့တွင် စတင် ရိုက်ကူးနိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံမှ စက်အဖွဲ့များနှင့် ချိန်ညှိပြီး ငွေကြေး အဆင့်ဆင့်ဖြင့် ငှားရမ်း ရိုက်ကူးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး လိုအပ်သည့် Technical များ Guide- line များကိုလည်း Gear Head ကုမ္ပဏီက ဆောင်ရွက်ပေးနိုင်ရန် သဘောတူ ထားကြောင်း သိရသည်။ myawady.net.mm/allnews/local/item/25180-2013-09-12-13-22-48
Posted on: Thu, 12 Sep 2013 10:09:11 +0000

Trending Topics



Recently Viewed Topics




© 2015