(ဒီPOST ကို ကြိုက် လို့ နှစ် - TopicsExpress



          

(ဒီPOST ကို ကြိုက် လို့ နှစ် ခါ ဖော် ပြ တာ ပါ) စီးပွားရေးသတင်းများနှင့် ခန့်မှန်းချက်များ 6 hours ago · 18/7/2013 "ရွှေဈေး ဘာကြောင့် ကျ - ဘားနက် အော်လို့ ကျ"Bernanke က Bond purchases ကိုလျှော့ချရန် ပဟေဠိဆန်တဲ့ မေးခွန်းတွေကိုစေ့စေ့စပ်စပ် စစ်ဆေးပြီးမှ ၎င်းရဲ့ ထင်မြင်ချက်၊ မှတ်ချက်ချလိုက်ခြင်းကြောင့် ရွှေဈေးကျသွားပါတယ်။Bernanke ပြောပြောချင်းတော့ ရွှေဈေးက 1299 ကိုရောက်သွားပြီး မကြာပါဘူး lawmakers တွေနဲ့ အမေး/အဖြေ လုပ်တော့ ရွှေဈေးက ချက်ချင်း 1270 ထိ ဆင်းသွားပါလေရော။Fed ရဲ့ stimulus ကို ယေဘူယျအားဖြင့် ရွှေဈေးကျစေတယ်လို့ မြင်ကြပါတယ်။Bernanke ရဲ့ ရည်ညွှန်းပြောဆိုချက်က dollar တန်ဖိုးမြင့်အောင် မောင်းတင်လဲဘဲ ရွှေဈေးကျသွားမှာဖြစ်သော်လည်း euro, yen နဲ့ အခြားသောအရာများထက် ဈေးမြင့်နေအုန်းမှာပဲလို့ပြောပါတယ်။HSBC က သူ့ရဲ့ chief U.S. economist "Kevin Logan" ပြောတာကို ကိုးကားပြီး " Bernanke ရဲ့ ထင်မြင်ချက်၊ မှတ်ချက်ဟာ မသေချာမူ့ကို မီးလောင်ရာလေပင့်လိုက်တာပါပဲ" ပြီးတော့ Fed ရဲ့ bond purchases ကို လျှော့ချခြင်းကလည်း central bank ရဲ့ September (သို့မဟုတ်) December အစည်းအဝေးမှာဖြစ်လာနိုင်တယ်။ ဒါကလည်း နောက် ၂လရဲ့ economic data တွေရဲ့ အဖြေပေါ်မူတည်ပါသေးတယ်လို့ ပြောကြားသွားပါတယ်။HSBC ထပ်ပြောတာက ရွှေဈေးဟာ GOLD MINER ကြီးတချို့ရဲ့ ဝေ့လည် ကြောင်ပတ်တင်ပြခဲ့မူ့ကြောင့် ဖိအားတစ်ခုအောက်ကို ရောက်နေပါပြီလို့ ပြောကြားခဲ့ပါတယ်။"HSBC ရဲ့ ခန့်မှန်းချက်အရ၊ ရွှေထုတ်လုပ်မူ့ဟာ 2012 မှာ ZERO နီးပါးပဲရှိပြီးတော့ အချို့သော miners များကလည်း GOLD MINER ကြီးတချို့ရဲ့ ဝေ့လည် ကြောင်ပတ် ဖော်ထုတ်မူ့နောက်ကို လိုက်သင့်တယ်။ ဒါမှလည်း ရွှေဈေးကွက်" အေး" သွားမူဟာ ထင်ရှားမြင်သာမယ်" လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ရေးသားခဲ့ပါတယ်။" ဝေ့လည် ကြောင်ပတ် ဖော်ပြမူ့ထဲက အရေးပါတဲ့ ရွှေပမာဏကို (အတန်ကြီးသော amount တစ်ခုကို) paper market ထဲ ထဲ့ပေးမှသာ ဈေးနှုန်းကို ချိန်ဆနိုင်မယ်" လို့ ပြောကြားခဲ့ပါတယ်။သို့သော်လည်း analysts များက China နဲ့ India က ဝယ်လိုအားကလည်း ယခုလိုရွှေဈေးကျဆင်းနေမူ့ကို ကူညီနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ " လည်ပတ်နေတဲ့ ငွေသား ပမာဏနဲ့အတူ ရင်းနှီးမြှပ်နှံမူတွေ အားနဲလာကထဲက ရွှေဈေးသာ အလွန်အမင်း မကျခဲ့ရင် strong physical market ဟာလည်း အရေးပါလှပါတယ်"လို့ HSBC က ထဲ့သွင်းပြောကြားသွားပါတယ်။အဲဒီတစ်ချိန်ထဲမှာပဲ hedge-fund billionaire "John Paulson" က " Fed ကဒေါ်လာတွေ မတရား ရိုက်ထုတ်နေတုန်းကတောင် ငွေဖောင်းပွမူ အနဲငယ်ပဲ ရှိပါတယ်။ သို့သော်လည်း မိမိပိုင်သော ရွှေများမဆုံးရှုံးစေရန်အတွက် အကြောင်းပြချက်ပါလို့ သူကပြောခဲ့ပါတယ်။ နောက် သူမြင်တဲ့အတိုင်း U.S. dollar မှာ အဆက်မပြတ် ရင်းနှီးမြှပ်နှံဖို့ လိုအပ်ကြောင်းလည်း Delivering Alpha conference မှာ ကိုးကားပြောဆိုခဲ့ပါတယ်။ပြီးတော့ သူ့fund’s portfolio ထဲက 2% လောက် ရွှေကြောင့် ဆုံးရှုံးသွားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ Than Htay
Posted on: Thu, 18 Jul 2013 15:32:25 +0000

Trending Topics



ight:30px;"> My name is Karter Zaher, I am a Lebanese Artist born in Ottawa,
Weekly Challenge #208 Break it Down – For many people the
Gay marriage is a perfect way to crush the existing “Family
✖ Single-Room 9,000 BTU Goodman 15 SEER R-410A Ductless Heat
“Um dia alguém vai se apaixonar pelo seu sorriso torto. Alguém
SUPERIOR MAGS 2013 G.I.A.F. JUNIOR & TEENAGE MR. - MS. WORLD *

Recently Viewed Topics




© 2015