" - TopicsExpress



          

" တက္ကသိုလ်ဝင်လူရည်ချွန်များကို စင်ကာပူသို့ လေ့လာရေးစေလွှတ်မည် " ========================================== တက္ကသိုလ်ဝင် လူရည်ချွန် ၃၉ ဦး ကို စင်ကာပူနိုင်ငံသို့ လေ့လာရေး စေလွှတ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု သိရသည်။ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်က စတင်ရွေးချယ်ထားခဲ့သော လူရည်ချွန်များထဲမှ တက္ကသိုလ်ဝင် အဆင့်ရှိသည့် လူရည်ချွန်များကို သြဂုတ် သို့မဟုတ် စက်တင်ဘာတွင် စေလွှတ်ရန် စင်ကာပူနိုင်ငံနှင့် ချိတ် ဆက်နေသည်ဟုလည်း ပညာရေးဝန် ကြီးဌာနမှ သိရသည်။ ၈ တန်း၊ ၉ တန်းနှင့် တက္ကသိုလ် ဝင်တန်းအဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅ဝဝ တို့၏ ဧပြီလက ပထမဦးဆုံးတွေ့ဆုံမှုပြုလုပ်ခဲ့သော ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည် တော်ခရီးစဉ်အပြီး ပညာရေးဝန်ကြီး ဌာနက ထပ်မံ စီစဉ်သည့် ပြည်ပခရီး စဉ်တစ်ခုဖြစ်သည်။'စင်ကာပူနိုင်ငံက စည်းကမ်းရှိ တယ်။ ဒီ့အတွက် လေ့လာမှတ်သားလို့ ရအောင် ဒီနိုင်ငံကို ရွေးချယ်ခဲ့တာ'ဟု ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။ လူရည်ချွန်တို့၏ စင်ကာပူခရီးစဉ်အတွက် အသွားလေယာဉ်စရိတ်ကို ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကြိုတင်ပေးအပ်လှူဒါန်းထား ကြောင်း၊ စင်ကာပူ၌ တည်းခိုနေထိုင် စားသောက်မှုနှင့် အပြန်လေယာဉ်စရိတ် တို့ကို ပညာရေးဝန်ကြီးဌာနနှင့် အလှူ ရှင်တို့က တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။နှစ်ပေါင်း ၃ဝ နီးပါးခန့် တိမ်မြုပ် နေသည့်လူရည်ချွန်ကို ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှ ပြန်လည်ရွေးချယ်ခြင်း နှင့်အတူ ပြည်ပ လေ့လာရေးခရီးစဉ် ကို ပါ ပထမဦးဆုံးအနေဖြင့် ပညာရေး ဝန်ကြီးဌာနက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ စင်ကာပူတွင် လေ့လာနေထိုင်မည့် ရက်အတိအကျနှင့် ခရီးစဉ်အသေးစိတ် ကို ပညာရေးဝန်ကြီးဌာနနှင့် စင်ကာပူ နိုင်ငံကြားဆွေးနွေးနေဆဲ အဆင့်သာရှိ သေးကြောင်း သိရှိရသည်။ PN-051 Popular Myanmar News Journal
Posted on: Thu, 04 Jul 2013 06:31:52 +0000

Trending Topics



Recently Viewed Topics




© 2015