- မကြာမီကောက်ခံမည့် - TopicsExpress



          

- မကြာမီကောက်ခံမည့် သန်းခေါင်စာရင်း နှင့် ပတ်သက်၍ကြိုတင်စဉ်းစား သင့်သော အချက်များ - ( တင်ပြသူ - ဆလိုင်းကျဲအိုဘိခ့်ထောင်/ ၀၉၄၃၀၉၄၀၈၇ ) ၁။ အဓိကအားနည်းချက်များဟု ဆိုရာတွင်- (က) မေးခွန်းမရှင်းလင်း- ၁၃၅ ဆိုသည့် Unicode တွင် လူမျိုးနှင့် မျိုးနွယ်စု ကိုမခွဲခြားပဲရောထွေးနေပါသည်။ ဥပမာ- ချင်းကိုလူမျိုး ( National/ Ethnic ) အဖြစ်သုံးနှုန်းလျှင် ကျန် ( ၅၂ ) မျိုး (သို့) ဘယ်နှစ်မျိုး???? ကို မျိုးနွယ်စု ( Tribe/Clan/ Family )အဖြစ်သတ်မှတ်သင့်ပါသည် ။မေးခွန်းမရှင်း လင်းသောကြောင့် အဖြေလည်းရှင်းလင်းမှာ မဟုတ်ပေ။ (ခ) လေ့လာမှုအားနည်း - ဥပဒေဖြင့် ပြဠန်းသည်လည်းမဟုတ်သော၊ ကာယကံရှင်တိုင်းရင်းသား လူနည်းစုအားညိုနှိုင်းမှုမပြုသောကြောင့် လက်ခံနိုင်မရာမရှိသော ( ၁၃၅ ) မျိုးဆိုသည့် ဖြစ်ကတက် ဆန်းစာရင်း ကို ကောက်သုံးလိုက်ခြင်းကပိုမို ဆိုးဝါးစေသည်။ ၁၃၅ မျိုးတွင်မပါသည့် အုပ်စုများရှိပြီးတစ်ဖက်တွင် မပါဝင်သင့်သူများလည်းအများအပြားရှိသည်။ ၄င်းတို့သည် သက်ဆိုင်ရာလူမျိုးကို ညိုနှိုင်းတိုင်ပင်မှုမပြုခြင်း၏ အဓိက အကျိုးဆက်ဖြစ်သည်။ ၂။ သို့ဖြစ်၍ အစိုးရအနေဖြင့်- ဤသန်းခေါင်စာရင်းကောက်ယူခြင်းသည် တိုင်းရင်းသား လူမျိုးများ စာရင်းပြုခြင်း ( သတ်မှတ်ခြင်း ) နှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိပဲ ယင်း သတ်မှတ်ရေးအတွက် သီးခြားအစီအစဉ်သို့မ ဟုတ် နောက်ဆက်တွဲ အစီအစဉ် တစ်ခု ပြုလုပ်သွားမည်ဟု အတိအလင်း ကြေညာသင့်ပါသည်။ ထိုသို့မဟုတ်ဘဲ ယခုလိုမရှင်းမလင်းပြုလုပ်ပါက သို့မဟုတ် ဤ သန်းခေါင် စာရင်းဖြည့်စွက်ချက်အဖြေကို အဓိကအခြေခံပြီး လူမျိုးနှင့် မျိုးနွယ်စု စာရင်းသတ်မှတ်မည် ဆိုလျှင် တိုင်းရင်းသားလူနည်းစုဒေသများတွင် ကိုင်တွယ်လုပ်မရနိုင်သော ပြသနာများပေါ်ပေါက်နိုင်ပါသည်။အခြား option- အနေဖြင့် တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို သုံးလခန့် ရွေ့ဆိုင်းပြီးသက်ဆိုင်ရာ Stakeholder များနှင့် လုံလောက်သော ညိုနှိုင်းတိုင်ပင်သင့်သည်။ ၃။တိုင်းရင်းသားများ ( အထူးသဖြင့် ချင်းလူထုများ ) အနေဖြင့်- (က) မိမိတို့လူမျိုးအလိုက် ဘုံရပ်တည်ချက်များချမှတ်သင့်သည်။ ကိုယ့် အချင်းချင်းပြသနာဖြစ်သော သဘောထားကွဲလွဲမှုများကို အိမ်နီနားချင်း ထံမပေါက်ကြားစေဘဲ မိမိအတွင်း၌ အချင်းချင်းပြေလည်အောင် ညိုနှိုင်းပြီး Consansus ကိုအချိန်မှီရယူနိုင်ရေးသည်အထူးအရေးကြီးသည်။ ထို့ပြင် သန်းခေါင်းစာရင်းကောက်ယူခြင်းအစဉ်အစီနှင့် ပတ်သက်၍ အစိုးရ၏ ဆာင်ရွက်ချက်အားလုံးတွင် ချင်းပြည်လူထုအတွက် နစ်နာချက် မရှိစေရေး အတွက် အနီးကပ်ဖြင့်တစိုက်မက်မက် စောင့်ကြည့်သင့်သည်။ (ခ) ထို့ပြင် ရရှိထားသော ဘုံရပ်တည်ချက်များ နှင့် အညီ သန်းခေါင်းစာ ရင်းနှင့်ပတ်သက်၍ ချင်းပြည်သူလူထုအားလုံး နိုးနိုးကြားကြားဖြင့် အမှန်ကန် ဆုံးရွေးချယ်ဖြည့်စွက်နိုင်ရေးအတွက် အမြင်ပွင့်သင်တန်းများ ပို့ချခြင်း၊ ဝေစာ များဖြန့်ခြင်း၊ စည်းရုံးရေးဆင်းခြင်း၊ လူထုဆွေးနွေးပွဲကျင်းပခြင်း၊ ချင်းများမှတ် ပုံတင်တွင် ချင်းဟုသတ်မှတ်နိုင်ရေး အခမဲ့ ၀န်ဆောင်မှုဖြင့် ဆောင်ရွက်ေ ပးခြင်း၊ ………စသည့်အစဉ်အစီများကို ဆက်တိုက်လုပ်ဆောင်သင့်သည်။ (ဂ) အထက်ပါလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ချင်း Stakeholder များ ပါဝင်သောကော်မတီ တစ်ရပ်ဖွဲ့စည်းရန် လိုအပ်နိုင် သည်။( ရှမ်းတွေကဖွဲ့စည်းပြီးပြီ) အခြားoption- ချင်းအမျိုးသားညီလာခံ အကောင်အထည်ဖော်ရေး ကော်မတီကို တာဝန်လွဲနိုင်မည်ဟု ယူဆသည်။ ဆွေးနွေးရန်- (က) လူမျိုးဆိုသည့် ကွက်လပ်တွင် ချင်းအမျိုးသားညီလာခံမှ သဘောတူထားသည့် ချင်း ဆိုသည့် Unicode နံပါတ် ၄၀၁ ကိုထည့်သုံးရန် ဤ ဆွေးနွေးပွဲတက်ရောက်သူအားလုံးလက်ခံနိုင်ပါသလော။ ချင်းလူထုတရပ်လုံးကရောလက်ခံနိုင်မည်လော။ (ခ) သန်းခေါင်းစာရင်း အားနည်းချက်များကြောင့် ချင်းလူမျိုးများနစ်နာဆုံးရှူံးမှု နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် ကျန်ရှိသော အချိန်တွင်- - အစိုးရကို မည်ကဲ့သို့ တုန့်ပြန်၊ အကြံပြု၊ တောင်းဆိုသင့်သနည်း။
Posted on: Thu, 16 Jan 2014 04:39:18 +0000

Trending Topics



Recently Viewed Topics




© 2015