= = = - TopicsExpress



          

= = = လူမျိုးဘာသာကွဲပြားမှုအပေါ် အခြေခံသည့် အရေးကိစ္စလား၊ သည်ထက်ပိုသေးလား ? = = = (၁) KMS 25 JUL 2013 လူမျိုးဘာသာကွဲပြားမှုအပေါ် အခြေခံသည့် အရေးကိစ္စလား၊ သည်ထက်ပိုသေးလား ? (ဘာသာပြန်) ၁၃ ဇူလိုင် ၂၀၁၃ ကေ ယုမ်း ရေးသည်။ တနင်္ဂနွေနေ့ [ဇူလိုင် ၇ ရက်]က ဗုဒ္ဓဂယာ ဗုံးကွဲမှုများသည် အမှန်တကယ်ပင် ရိုဟင်ဂျာ အရေးကိစ္စ၏ အကျိုးဆက် ဖြစ်သည်ဆိုလျှင် အိန္ဒိယ ပိုင်နက် စစ်မြေပြင် ဖြစ်မလာစေရေး အတွက် နယူးဒေလီ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အား သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းရန် သင့်တော်သည့် အချိန်ကျရောက်ပြီဟု ဆိုရမည်ဖြစ်သည်။ A sectarian affair, or more? • 13 Jul 2013 03:08 • Written by K Yhome If Sunday’s Bodh Gaya blasts were indeed a fallout of the Rohingya issue, it’s high time New Delhi engaged Myanmar and Bangladesh diplomatically to ensure that Indian territory does not become a battleground ဘုန်းတော်ကြီး နှစ်ပါး ဒဏ်ရာရရှိခဲ့သည့် မကြာမီက ဖြစ်ပွားခဲ့သော ဗုဒ္ဓဂယာ ပေါက်ကွဲမှုများအား စုံစမ်းစစ်ဆေးမှုသည် ဆောင်ရွက်ဆဲ အနေအထားမှာသာ ရှိသေးပြီး ထိုဗုံးဖောက်ခွဲမှုများသည် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များ အကြား လူမျိုးဘာသာ ကွဲပြားမှုကို အကြောင်းပြု၍ ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် တစုံတရာ ပတ်သက်မှု ရှိမရှိ - သေချာကျနသော ကောက်ချက် တစုံတရာ ထွက်မလာသေးပေ။ သို့တိုင်အောင် - လွန်ခဲ့သော တစ်နှစ် အကြမ်းဖက်မှု ပထမဆုံး စတင်ဖြစ်ပွား ကတည်းက ရှိနေခဲ့သည့် မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းချင်းအကြား ပဋိပက္ခများကြောင့် ဒေသဆိုင်ရာ အရှုပ်အထွေးပြဿနာများ ဖြစ်လာနိုင်ခြေကို တွက်ဆလျှက် - ဗုံးပေါက်ကွဲမှုများကို မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်လိုက်ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံမှ လူမျိုးဘာသာကွဲပြားမှုကို အကြောင်းပြုသည့် အကြမ်းဖက်မှု ဆိုသည်မှာ မည်သည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခြင်း မတွေ့ရသလောက်ဖြစ်၏။ The probe into the recent Bodh Gaya blasts that injured two monks are currently underway and there is yet no definitive conclusion on whether the bombings have any link to the sectarian violence between Buddhists and Muslims in Myanmar. Even so, given the potential regional implications of Myanmar’s communal conflicts since violence first erupted in a year ago, links of the bombings were made to the Buddhist-Muslim violence in Myanmar but with little explanation on what the sectarian violence in Myanmar is about. ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် နိုင်ငံ၏ မျက်မှောက်ခေတ် သမိုင်းကြောင်းတွင် အဆုံးရွားဆုံးသော လူမျိုးဘာသာကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်များကို ကြုံတွေ့ခဲ့ရသည်။ မြောက်ဘက်ပိုင်းဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်လျှက် ရှိသော ကမ်းရိုးတန်း ပြည်နယ် ရခိုင် (ယခင် အာရကန်)တွင် (၂၀၁၂)ခုနှစ် ဇွန်လက လူမျိုးဘာသာကွဲများအကြား ဖြစ်ပွားသည့် ဒေသတွင်း အဓိကရုဏ်းအဖြစ် စတင်ခဲ့သော အရေးကိစ္စသည် ယခုအခါတွင် ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များ အကြား လူအသိုက်အ၀န်းချင်း အကြမ်းဖက်မှု အဖြစ်သို့ နိုင်ငံအနှံ့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အစိုးရ သန်ခေါင်စာရင်းအရ - အစ္စလာမ်ဘာသာကို (ဆွန်နီ အများစုဖြစ်သည့်) လူ (၅) ရာခိုင်နှုန်းခန့်က ကျင့်သုံးလိုက်နာပြီး လူ (၈၉)ရာခိုင်နှုန်းခန့်က ဗုဒ္ဓဘာသာ ကိုးကွယ်ကြရာ နိုင်ငံ လူဦးရေ သန်း (၆၀)နီးပါး အနက် ထေရ၀ါဒ အစဉ်အလာက လွှမ်းမိုးလျှက် ရှိသည်။ Myanmar, a Buddhist majority country, has been witnessing one of the worst spells of sectarian violence in its recent history. What began as a localised sectarian riot in June 2012 in the coastal state of Rakhine (formerly Arakan) bordering Bangladesh to its north has now become a nationwide communal violence between Buddhists and Muslims. According to government census, Islam is practiced by about 5 per cent (mostly Sunni) and about 89 per cent follow Buddihism, predominantly of the Theravada tradition out of the nearly 60 million population of the country. သူတို့ကိုယ်သူတို့ ရိုဟင်ဂျာများဟု ခေါ်သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီစကားပြော အသိုက်အ၀န်းက သူတို့သည် မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ဆိုနေကြ၏။ သို့ရာတွင် - ထို အဆိုကို ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် ဗမာလူမျိုး အများစုက လွှမ်းမိုးထားသည့် မြန်မာ အုပ်ချုပ်သူတို့က အသိအမှတ် မပြု သဖြင့် ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံ၏ လူမျိုးနွယ်အုပ်စု (၁၃၅)မျိုးထဲတွင် မပါဝင်ပေ။ မြန်မာ အုပ်ချုပ်သူတို့က ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်မှ “၀င်ရောက်နေထိုင်သူများ”အဖြစ် သဘောထားပြီး နိုင်ငံသား အခွင့်အရေးများ ရရှိခွင့် မပြုဘဲထားရာ အမျိုးမျိုးသော ဖိနှိပ်မှုများ သက်ရောက်ခြင်းခံကြရသည်။ A Bengali-speaking community, who called themselves Rohingyas, in the Rakhine State claim they are from Myanmar. However, this claim is not recognised by the Myanmar regime, dominated by the majority Burman who are predominantly Buddhist and hence Rohingyas are not in the 135 list of ethnic groups of Myanmar. The Myanmar regime regards the Rohingyas as “immigrants” from Bangladesh and are deprived of citizenship rights and subjected to various repressive measures. ရခိုင်ပြည်နယ်သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အများစု လူမျိုးစု ရခိုင်လူမျိုးများနှင့် မူစလင်များ ဖြစ်ကြသည့် လူနည်းစု ရိုဟင်ဂျာများ အကြား လက်ရှိ လူမျိုးဘာသာကွဲပြားမှုအပေါ် အခြေခံသည့် အဓိကရုဏ်းများ ဖြစ်ပွားရာ ဗဟိုချက် ဖြစ်သည်။ နိုင်ငံ၏ အခြားသော အစိတ်အပိုင်းများတွင် အရင်းအမြစ်မှ လှန်ပစ်လိုသော ဗုဒ္ဓဘာသာ အင်အားစုများက ဦးဆောင်သည့် မူစလင်ဆန့်ကျင့်ရေး လှုပ်ရှားမှုများ ကြီးထွားလာခြင်းကြောင့် အခြေအနေမှာ ဆက်လက်၍ တင်းမာနေတုန်းပင် ဖြစ်သည်။ သေဆုံးသူ အရေအတွက်မှာ ယခုအခါ ရာချီလျှက်ရှိပြီး ထောင်ပေါင်းများစွာသည် အင်ဒိုနီရှား၊ မလေးရှားနှင့် အိန္ဒိယ အပါအ၀င် အိမ်နီးချင်းတိုင်ပြည်များသို့ ထွက်ပြေးနေခဲ့ကြသည်။ Rakhine State is the epicentre of the current sectarian riots between the majority ethnic Rakhine, who are Buddhists, and the minority Rohingyas, who are Muslims. The situation continues to remain tense due to the growing anti-Muslim campaigns led by radical Buddhist elements in different parts of the country. The death casualties are now in hundreds and several thousands have been fleeing the country to neighbouring countries, including Indonesia, Malaysia and India. ရိုဟင်ဂျာတို့သည် အမျိုးသားရေးဝါဒနှင့် အမျိုးသားရေး လက္ခဏာဆိုင်ရာ အတွေးအခေါ် အယူအဆ များကို ဆက်လက် ပုံသွင်းနေဆဲဖြစ်သော သမိုင်းကြောင်းဆိုင်ရာ အခြေအနေသုံးရပ်၏ အကျိုးဆက် များ ဖြစ်ကြသည်။ ဒေသတွင်းရှိ အခြားသော နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ လူ့အသိုက်အ၀န်းများ ဆိုင်ရာ အရေးကိစ္စပြဿနာများသည် သမိုင်းကြောင်းတွင် အခြေပြုနေပေသည်။ အမျိုးသားနိုင်ငံတော် အသစ်များ ပေါ်ထွန်းလာခြင်း၊ ကျဉ်းမြောင်းစွာ သတ်မှတ်ထားသော အမျိုးသားလက္ခဏာ နှင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဤ ကာလကြာရှည် ဖြစ်တည်နေခဲ့သော အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်ရေး အပိုင်းအတွက် ခိုင်ခိုင်မာမာ အားထုတ်မှုများ မရှိခြင်းတို့က ရိုဟင်ဂျာ ပြဿနာဟု ယခု သိနေကြရသော အရာကို စုပေါင်းဖန်တီးခဲ့သည်။ (၁၈၂၀)ခုနှစ်များတွင် ဗမာလူမျိုး တို့က ရခိုင်ကမ်းမြှောင်ဒေသကို - [အိန္ဒိယ]တိုက်ငယ်မှ လူများအား ဤဒေသသို့ ရွှေ့လာရန် ခွင့်ပြုခဲ့သည့် - ဗြိတိသျှအိန္ဒိယ [အစိုးရ]ထံ လက်လွှတ်ခဲ့ရသည်။ လွတ်လပ်ရေး ရပြီးကာလတွင် နယ်နိမိတ်အသစ်များ ဖန်တီးခြင်း ရှိခဲ့သော်လည်း နယ်ခြားများ၏ ဖြတ်သန်းဖောက်ဝင်နိုင်သည့် သဘာဝအနေအထားကြောင့် နယ်စပ်ဖြတ်ကျော်သော လူတို့၏ ရွှေ့ပြောင်းမှုများ ဆက်လက် ရှိနေခဲ့သည်။ The Rohingyas are casualty of three historical circumstances that continue to shape notions of nationalism and national identity. Like other countries in the region, the communal issue in Myanmar is rooted in history. The emergence of new nation-states; the narrowly defined national identity; and lack of concerted efforts on the part of Myanmar and Bangladesh to find a resolution to the long-standing issue have together created what is known as the Rohingya issue. In the 1820s, the Burmese ceded the Arakan coast strip to British India that allowed people from the subcontinent to move into the area. Post-independence period saw creation of new borders but given the porous nature of borders, the movement of people cross-borders continued. ကျဉ်းမြောင်းစွာ သတ်မှတ်ထားသည့် “အမျိုးသားရေး လက္ခဏာ”အပေါ် အခြေခံ၍ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းဖြစ်သော နှစ်ဆယ်ရာစု အလယ်ပိုင်းက ဤဒေသတွင် အသစ် ဖန်တီး ဖြစ်ပေါ်လာသည့် အမျိုးသား နိုင်ငံတော်များသည် အခြေအနေကို ရှုပ်ထွေးစေခဲ့ပေသည်။ မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ကြည့်လျှင် - အမျိုးသားရေး လက္ခဏာမှာ လူများစုတို့၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အပေါ် အခြေပြုထားပြီး မူစလင်ရိုဟင်ဂျာများကို ဗုဒ္ဓဘာသာအပေါ် အခြေခံသော လက္ခဏာရပ်ကို ဆန့်ကျင်နေသည်ဟု မြင်ကြသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများ ဖြစ်၍ [မြန်မာ]နိုင်ငံ၏ ပြည်တွင်းရေး ပြဿနာသာဖြစ်သည် ဟူသော ဒါကာ [ဘင်္ဂလားဒေ့ရှ်အစိုးရ]၏ ရပ်တည်ချက်ကို သဘောကျလိုက သဘောကျနိုင်သော်လည်း ပြဿနာကို အခြားသူများအပေါ် ပုံချလွှဲဖယ်လိုက်သည့် ၎င်း၏ [ထမင်းရည်ပူလာ လျှာလွှဲ] မူဝါဒသည် ပြဿနာဖြေရှင်းရေးကို အကူအညီမဖြစ်ပေ။ ဒါကာ [အစိုးရ]သည် ၎င်း၏ ကံအကျိုးပေးကောင်းနေခြင်းအပေါ် တစ်လှည့်တစ်ပြန် သက်ရောက်မှုများ ဖြစ်လာစေမည့် ပိုမိုကြီးမား၍ ပိုမို ရှုပ်ထွေးသော အရေးကိစ္စ ဖြစ်လာစေရန် [အထိ] ပြဿနာကို လျစ်လျှူရှုထားခြင်းထက် မြန်မာနိုင်ငံနှင့်အတူ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပေသည်။ The newly created nation-states in the mid-twentieth century in the region, the task of nation-building based on narrowly defined “national identity” only complicated the situation. In the case of Myanmar, national identity was based on the majoritarian Buddhist culture and the Muslim Rohingyas were seen as opposed to the Buddhist-based identity. Although one can appreciate Dhaka’s position that the Rohingyas are Myanmar citizens and therefore an internal matter of the country, its hand-off policy towards the issue has not helped matters. Dhaka could taken up the matter with Myanmar rather than ignoring it to become a bigger and more complex issue that has returned around to affects its own well-being. မဖြေရှင်းဘဲ ထားသည့် ဤသမိုင်းကြောင်းဖြင့် - မြန်မာနိုင်ငံတွင် (၂၀၁၀)ခုနှစ်က နိုင်ငံရေးပြုပြင်မှုများ အစပြုလိုက်ခြင်းက ကွဲပြားခြားနားသော အသိုက်အ၀န်းများအား တစ်ခုနှင့် တစ်ခုအကြား နာကြည်းမှု များကို ဖွင့်ထုတ်ရန် လမ်းဖွင့်ပေးလိုက်သည်။ [မြန်မာ]နိုင်ငံသည် နိုင်ငံရေး လွတ်လပ်မှု အဆင့်သစ် တရပ်ဆီသို့ ချည်းကပ်ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်နှင့် - လွတ်လပ်ရေးရစ နှစ်များကကဲ့သို့ပင် - အထူးသဖြင့် - ရိုဟင်ဂျာများအား၊ ယေဘုယျအားဖြင့် - မူစလင်များအား နိုင်ငံ၏ အမျိုးသားရေး လက္ခဏာကို “ခြိမ်းခြောက်မှု”တစ်ခု အဖြစ် ပစ်မှတ်ထားသော လက်ယာဝါဒီ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဦးဆောင်သည့် အားကောင်းသော အမျိုးသားရေးလှိုင်း တစ်ခု ဖြစ်လာသည်။ With this unsettled history, the initiation of political reforms in 2010 in Myanmar has provided space for different communities to vent their grievances against each other. As the country heralds into a new phase of political freedom, there is a strong nationalist wave led by the rightwing Buddhist monks targeting the Rohingyas, in particular, and Muslims in general, as a “threat” to the country’s national identity, akin to the post-independence years. မူစလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် လက်ယာဝါဒီ ဗုဒ္ဓဘာသာ အင်အားစုများ ထွက်ပေါ်လာခြင်းနှင့် အကြမ်းဖက်မှုကို နှိမ်နင်းရန်အတွက် မြန်မာအစိုးရ၏ စွမ်းဆောင်နိုင်စွမ်း မရှိမှုသည် နိုင်ငံတကာ မီဒီယာလောကမှ ဝေဘန်မှုများကို ဖိတ်ခေါ်သလို ဖြစ်ခဲ့သည်။ အရေးကြီးသည်မှာ - လူအသိုက်အ၀န်များအကြား မဆုံးနိုင်သော အကြမ်းဖက်မှုများသည် လမ်းခုလတ်ရောက်နေသော ဒီမိုကရေစီထွန်းကားရေး လုပ်ငန်းစဉ်အဖြစ် အားလုံးပါဝင်သော စနစ်တစ်ရပ် ထူထောင်ရေးအတွက် အလွန်အရေးပါလှသည့် နိုင်ငံ၏ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ပေါင်းစည်းမှု အနာဂတ်လမ်းကြောင်းကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ မြန်မာအစိုးရသည် ဘာသာလူမျိုး မရွေး လူတိုင်း၏ အခြေခံ အခွင့်အရေးများကို ကာကွယ်ရန် တာဝန်ခံကြောင်း ပြသရန်လိုအပ်နေသည်။ The rise of rightwing Buddhist forces with their anti-Muslim campaigns and the Myanmar government’s inability to curb violence have invited criticism from the international media. Importantly, the unending communal violence threatens the country’s future course of political reconciliation which is critical for the establishment of an inclusive system as the democratisation process stands at the crossroads. The Myanmar government needs to demonstrate that it is committed to protecting the fundamental rights of every person, irrespective of religion or ethnicity. မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အရေးပြဿနာမှာ လျစ်လျှူရှုခံနေရသည့် အနေအထားဖြင့်ရှိနေရာ ဤ အရှုပ်အထွေးမှ ထွက်ပေါ်လာသော အခြား အရေးတကြီး အလျင်အမြန် စိုးရိမ်ဘွယ်ရာများ ရှိနေပေသည်။ ရိုဟင်ဂျာများအကြားရှိ အစွန်းရောက်အုပ်စုများသည် သူတို့၏ အရေး အပေါ် နားလည်စာနာကြသည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်မှု ထူထောင်နေကြောင်း သတင်းပို့ချက်များသည် ပြီးခဲ့သည့်လများအတွင်းက အလျှံပယ်ရှိခဲ့သည်။ ဗုဒ္ဓဂယာ ပေါက်ကွဲမှုများ အပေါ် ပဏာမ သတင်းပို့ချက်များက ပါကစ္စတန် အခြေစိုက် အကြမ်းဖက်အုပ်စု တစ်ခု ပါဝင်ပတ်သက်နိုင်သည်ဟု အဆိုပြုထား၏။ အစောပိုင်းတွင် မြန်မာနိုင်ငံ သံရုံးအား ချိန်ရွယ်ရန် ကြိုးစားခဲ့သည့် လူနှစ်ဦးအား [အင်ဒိုနီးရှားနိုင်ငံ] ဂျာကာတာမြို့၌ ဖမ်းဆီးရမိခဲ့သည်။ ဤ [ရိုဟင်ဂျာ] အရေးသည် မြန်မာနိုင်ငံရှိ လက်ယာဝါဒီ ဗုဒ္ဓဘာသာ အင်အားစုများအားတန်ပြန်ရန် အစွန်းရောက်သော၊ အယူပြင်းထန်သော အုပ်စုများ ဖန်တီးဖြစ်ပေါ်စေလျှက် ရှိသည်ဟူသော အချက်ကို ဤသည်တို့က ပြသနေပေသည်။ As the Rohingya question in Myanmar hangs in a limbo, there are other serious and immediate concerns emanating from this conundrum. Reports about radical groups among the Rohingyas establishing links with global terror groups sympathetic to the cause are plenty in the recent months. Initial reports on the Bodh Gaya blasts have suggested that a Pakistani-based terror group could be involved. Earlier, the two men were arrested in Jakarta who had tried to target Myanmar’s embassy. This point to the fact that the issue is creating radical and desperate groups to counter the rightwing Buddhist forces in Myanmar. လျော့ကျမလာသော အကြမ်းဖက်တိုက်ခိုက်မှုနှင့် အစွန်းရောက်သော ရပ်တည်ချက်များ ရှိနေကြသည့် လူ့အသိုက်အ၀န်းနှစ်ဘက်လုံး၏ အစိတ်အပိုင်းများကြောင့် အကြမ်းဖက်သမား အဆက်အသွယ်များ ရှိနိုင်ခြေမှာ ကြီးထွားလာနိုင်သည်။ အစွန်းရောက် အုပ်စုများအကြား ဆက်နွှယ်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မျှဝေရေးမှာ ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အထူးအရေးပါလျှက် ရှိနေသည်။ ဤ ပတ်ဝန်းကျင် အနေအထား အရ - မကြာမီက နိုင်ငံခြားရေးရုံး အတိုင်ပင်ခံ အစည်းအဝေး အတွင်း ရရှိခဲ့သည့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ဗုဒ္ဓဂယာ ပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်း အချက်အလက် ဝေမျှရေး သဘောတူညီချက်ကို ဤ ရှုဒေါင့်မှနေ၍ ကြည့်မြင်ရန်လိုအပ်ပြီး အစွန်းရောက် အုပ်စု အချို့က စွပ်စွဲသကဲ့သို့ ဒေလီ[အစိုးရ]၏ မြန်မာနိုင်ငံနှင့် လျှို့ဝှက်ကြံစည်လုပ်ဆောင်မှုအဖြစ် မမြင်ကြရန် လိုအပ်သည်။ The likelihood of these terror links may grow with unabated violence and sections in both sides adopting extreme communal positions. In this context, sharing of information on nexus between radical groups remains critical for security and stability of the region. The agreement to share information about the Bodh Gaya blasts between India and Myanmar during the recent Foreign Office Consultation meeting needs to be viewed from this perspective and not Delhi’s connivance with Myanmar as alleged by some radical groups. မြန်မာနိုင်ငံအတွင်း၌ - လတ်တလော လိုအပ်နေသည်မှာ သဘောထားအလယ်အလတ်ရှိသော ဗုဒ္ဓဘာသာ ဘုန်းကြီးများ၏ အသံကို ကြားရရန်ဖြစ်သည်။ မူစလင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံသော (ဦး)၀ီရသူကဲ့သို့ သဘောထားတင်းမာသည့် ဘုန်းကြီးများက ဦးဆောင်သည့် အရင်းအမြစ်မှ လှန်ပစ်လိုသော ဗုဒ္ဓဘာသာ လှုပ်ရှားမှုနှင့် မတူဘဲ လှုပ်ရှားမှုကို ဆန့်ကျင်သည့် ဘုန်းကြီးများလည်း ရှိသည်။ စစ်အုပ်ချုပ်ရေး ကို ဆန့်ကျင်သည့် (၂၀၀၇)ခုနှစ် ထကြွမှုကို ဦးဆောင်ခြင်းအတွက် ကျယ်ပြန့်စွာ ဂုဏ်တင်ခြင်းခံလာရသည့် (ဦး) ဂမ္ဘီရ သည် ထိုသို့သော အလယ်အလတ်ကျသည့် အသံတစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များအကြား တင်းမာမှု မြင့်တက်လာသောကြောင့် ခရစ်ယာန်ဘာသာကို သူတို့၏ ယုံကြည်မှု ဘာသာတရားအဖြစ် လိုက်နာသူ အများအပြားရှိသည့် မြန်မာနိုင်ငံ၏ လူနည်းစု လူမျိုးစုများက ဗုဒ္ဓဘာသာ အမျိုးသားရေး လှိုင်းအသစ်သည် လူများစု ဗုဒ္ဓဘာသာ အသိုက်အ၀န်းနှင့် ဆက်ဆံရေးတွင် ရေရှည် တုန့်ပြန်မှု [မည်သို့] ရှိလာမည်ကို သတိကြီးကြီးထားလျှက် စောင့်ကြည့်နေကြလိမ့်မည်ဖြစ်သည်။ Inside Myanmar, the need of the hour is for moderate Buddhist monks to get heard. Unlike the radical Buddhist movement led by hardliner monks, such as Wirathu, who advocates anti-Islam campaigns, there are also monks who oppose the movement. Gambira, who became renowned for spearheading the 2007 uprising against the military regime, is one such moderate voice. As Buddhist-Muslim tension rises, the ethnic minorities of Myanmar, many of whom follow Christianity as their religion, would be watching with a sense of wariness as the new Buddhist nationalist wave will have long-term repercussions on its relations with the majority Buddhist community. ဗုဒ္ဓဂယာ ဗုံးကွဲမှုများက ဗုဒ္ဓဘာသာဝင် လက်ယာဝါဒီများနှင့် တောင်အာရှဒေသမှ အစွန်းရောက် မူစလင် အခြေခံဝါဒီ အုပ်စုများအကြား အားပြိုင်မှု၏ အစကို အချက်ပြလိုက်ခြင်းဖြစ်သည်ဟု ကောက်ချက်ဆွဲလျှင် မရင့်ကြက်ရာ ကျမည်ဖြစ်သည်။ ထို့ကြောင့် ဤအဖြစ်အပျက်မှာ ဒေသတွင်းတွင် အသစ်ဖြစ်သည့် ဗုဒ္ဓဘာသာဆန့်ကျင်ရေး လှုပ်ရှားမှု၏ ပထမဆုံးသော အချက်ပေးမှု ဖြစ်သော်လည်း ဤထူးခြားသော ဖြစ်စဉ်၏ ဖြစ်နိုင်သော ရည်ရွယ်ချက်မှာ မရှင်းမလင်း ဖြစ်ဆဲဖြစ်၏။ ဗုဒ္ဓဂယာ ဗုံးကွဲမှုများမှာ မြန်မာနိုင်ငံမှ အမျိုးဘာသာ ကွဲပြားမှု အပေါ် အကြောင်းပြု၍ ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့် ဆက်စပ်သည်ဖြစ်စေ၊ မဆက်စပ်သည်ဖြစ်စေ မကြာမကြာပြန်လည်ဖြစ်ပွားတတ်သော မြန်မာနိုင်ငံ၏ လူအသိုက်အ၀န်းများအကြား တင်းမာမှုသည် နိုင်ငံ၏ အနာဂတ်အတွက် ကောင်းသည်မဟုတ်ပေ။ ဤအရေးကိစ္စနှင့်ပတ်သက်၍ စောစောစီးစီး ဖြေရှင်းချက် ထွက်ပေါ်ရေးသည် [မြန်မာ]နိုင်ငံနှင့် ဒေသတစ်ခုလုံး၏ အကျိုးစီးပွားဖြစ်ပေသည်။ It is premature to surmise that the Bodh Gaya bombings signal the beginning of Buddhist rightwing versus radical Muslim fundamentalist groups in South Asia. Hence, the likely direction of the phenomenon remains unclear, though the incident is perhaps the first sign of a new anti-Buddhist campaign in the region. Whether the Bodh Gaya bombings are found to be linked to Myanmar’s sectarian violence or not, the perpetual communal tension in Myanmar is doing no good for the country’s future. An early resolution to the issue is in the interest of the country and the region at large. ဘာသာအယူဝါဒ ပေါင်းစုံ၊ ဘာသာစကားပေါင်းစုံနှင့် လူမျိုးနွယ်ပေါင်းစုံ ကျယ်ပြန့်စွာ ရှိနေမှုသည် တောင်နှင့် အရှေ့တောင် အာရှနိုင်ငံများရှိ လူ့အဖွဲ့အစည်းတိုင်း၏ အဓိကထောက်တိုင်ဖြစ်ပေသည်။ လူမျိုးနွယ်နှင့် ဘာသာအယူဝါဒဆိုင်ရာ ရှုပ်ထွေးမှုများသည် ဒေသဆိုင်ရာ လုံခြုံရေး အပေါ် အားပြင်းသော အကျိုး သက်ရောက်မှုများ၏ အန္တရာယ်များလှသော အချိုးအစားအဖြစ် ပါဝင်တတ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အများအပြားသည် အစွန်းရောက်လှုပ်ရှားမှုနှင့် နပန်းလုံးနေခဲ့ရသဖြင့် သူတို့သည် ဤသို့သော ထူးခြားသည့် ဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းရာ၌ သူတို့၏ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေနိုင်စွမ်းရှိသည်။ သို့သော် မြန်မာနိုင်ငံသည် လူမျိုးဘာသာကွဲပြားမှုကို အကြောင်းပြု၍ ဖြစ်ပေါ်သော အကြမ်းဖက်တိုက်ခိုက်မှုအတွက် ကြာရှည်ခိုင်မြဲမည့် ဖြေရှင်းချက်ကို အနှေးနှင့် အမြန် ရှာဖွေရေးအတွက် တာဝန်ယူရန် လိုအပ်ပါသည်။ Multi-religious, multi-lingual and multi-ethnic diversities are the cornerstone of every society in South and Southeast Asian nations. Often ethnic and religious complexities have manifested themselves into dangerous proportion with strong regional security implications. Several of Myanmar’s neighbours have been struggling with radicalisation and they could share their experiences with Myanmar in dealing with such phenomenon, but Myanmar needs to take upon itself the responsibility of finding a lasting resolution to the sectarian violence sooner than later. (ကေ ယုံးမ် သည် နယူးဒေလီမြို့၊ လေ့လာသူ သုတေသန ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ၎င်းအား [email protected]@orfonline.org ဖြင့် ဆက်သွယ်နိုင်သည်။ (K Yhome is a Fellow at the Observer Research Foundation, New Delhi. He can be reached at [email protected]@orfonline.org) This article first appeared in The Pioneer on July 13, 2013.
Posted on: Sun, 28 Jul 2013 16:09:28 +0000

Trending Topics



Recently Viewed Topics




© 2015