*** ကွန်ဒိုဈေးကွက် - TopicsExpress



          

*** ကွန်ဒိုဈေးကွက် အခြေအနေ *** လတ်တလော အိမ်၊ခြံ၊ မြေ ဈေးကွက်အခြေအနေထဲက ကွန်ဒိုတိုက်ခန်းကတော့ 1sqft ကို (1.5)သိန်း ပတ်ချာလည်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ ၀ယ်တဲ့သူအများစုကလည်း 1sqft ကို (2)သိန်းကျော်သွားရင် စဉ်းစားမှုများ ပြုလုပ်လာကြပါတယ်။ 1sqft ကို (1.5)သိန်း နဲ့ (2)သိန်းကြားမှာသာ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ ကွန်ဒိုဝယ်တော့မယ်ဆိုရင် (၁) ကွန်ဒိုရဲ့ ၀န်ဆောင်မှု၊ (၂) ကားပါကင်လုံလောက်မှု၊ (၃) ဓါတ်လှေကားအသုံးပြုပုံ၊ (၄) လုံခြုံရေးစနစ်၊ (၅) အမှိုက်ပစ်စနစ်၊ (၆) မီးပျက်ပါက မီးစက်အသုံးပြုပုံစနစ် (၇) အခြား facilities နဲ့ furniture ပါဝင်မှုအခြေအနေ (ရေကူးကန်၊ ကျန်းမာရေးလေ့ကျင့်ခန်း(Gym)၊ Minimarket) (၈) ဆောက်လုပ်ရေးကုမ္ပဏီရဲ့ စိတ်ချရမှု၊ (၉) Location (၁၀) View (၁၁) အကျယ်အ၀န်း၊ အခန်းဖွဲ့စည်းမှုနှင့် ပြင်ဆင်ပုံ (၁၂) သဘာဝအလင်းရောင်နှင့် လေ၀င်လေထွက်ရရှိမှု (၁၃) လမ်းပန်းဆက်သွယ်ရေးအခြေအနေ (၁၄) မြို့နယ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု (၁၅) အထွေထွေဝန်ဆောင်မှု စသော အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းကွာခြားသွားပါတယ်။ ၀ယ်ယူသူများအနေနဲ့လည်း နိုင်ငံခြားသားကိုCondo ၀ယ်ယူခွင့်ဥပဒေပြဌာန်းပါကCondoဈေးနှုန်းတတ်မယ်ဆိုပြီးအရမ်းမ၀ယ်ကြပါဘူး စသော အချက်အလက်တွေကို ကြည့်ပြီး ချင့်ချိန်ဝယ်ယူကြပါတယ်။ များသောအားဖြင့် နေဖို့ထက် နိုင်ငံခြားသားတွေကို ပြန်ငှားဖို့ ၀ယ်ယူကြတာများပါတယ်။ Source : ကိုစိန်ဝင်းထွန်း (မြန်မာ့အိမ်ခြံမြေသတင်းဌာန MPN – Myanmar Property News)
Posted on: Fri, 02 Aug 2013 07:42:37 +0000

Trending Topics



iv>
as this sunday sunny am starts, I feel soft & swayful this
DO THINGS JUST HAPPEN? “Many people don’t know that I WAS
VPGG was glad to participate today in (at least!) the 8th annual
(إِنَّ الَّذِينَ كَفَرُوا وَمَاتُوا
Ladies… 1. Never depend on your boyfriend like he is your

Recently Viewed Topics




© 2015