ကျောက်ဖြူမြို့နယ်မှာ - TopicsExpress



          

ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီတာကောက်ခံမှုစာတင်တာမထူးခြားရင် မြို့လုံးကျွတ်ဆန္ဒဖေါ်ထုတ်မည့်  ကျောက်ဖြူမြို့နယ်မှာ ဂက်စ်ပိုင်းလိုင်း ဖြတ်သန်းမယ့်အတွက် ခွဲတမ်းရရှိမယ့်အထဲက စမ်းသပ်မီးပေး ဖို့အတွက် မီတာကောက်ခံမှုနှုန်းထားကို ဒေသခံတွေကကျေနပ်မှုမရှိတဲ့အတွက် စာတင်ဖို့လုပ်ထားပြီး မထူးခြားရင် မြို့လုံးကျွတ်ဆန္ဒဖေါ်ထုတ်ဖို့ရှိတယ်လို့ သိရတယ်။ ကျောက်ဖြူဆိုရှယ်နက်ဝပ်ခ်မှ ကိုထွန်းထွန်းနိုင်က “ကျွန်တော်တို့ဆီကို ဒီလ ၃ ရက်နေ့က နေပြည်တော်တာဝန်ရှိသူရယ် ၊ကျောက်ဖြူမြို့နယ်က မြို့နယ်လျှပ်စစ်မှူးရယ်က မီတာခကောက်ခံမှုနှုန်းထားကို စာရွက်ပေးခဲ့တယ်။အဲ့ဒီ့စာနဲ့ ပက်သက်ပြီးဒေသခံတွေက ဒီနေ့ စက်တင်ဘာလ၅ရက်နေ နေ့လည်မှာ အစည်းအဝေးလုပ်ခဲ့တယ်၊နဂိုက အိမ်သုံးမီတာကျထားသူကို အိမ်သုံးမီတာပဲကောက်ဖို့၊ပါဝါမီတာသုံးစွဲနေသူကို ပါဝါမီတာပဲကောက်ဖို့ သက်ဆိုင်ရာကို စာတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ကျွန်တော်တို့တစ်ပါတ်စောင့်ကြည့်လို့ မထူးခြားရင်ပြည်လုံးကျွတ်ဆန္ဒဖေါ်ထုတ်ကြမှာပါ” လို့ပြောပါတယ်။ အဲ့သည့်စာထဲမှာ အိမ်သုံးမီတာဓါတ်အားသုံးစွဲတဲ့နေရာမှာ မီးချောင်း၊မီးဖို၊ရေခဲ သေတ္တာစတာတွေအတွက် တစ်ယူနစ်ကို ၃၅ကျပ်၊အိမ်သုံးမီတာကတဆင့်ကွမ်းယာဆိုင်၊စာအုပ်ဆိုင်၊ မုန့်တီဆိုင် စတာတွေကို အိမ်နဲ့တွဲပြီးဖွင့်ထားသူတွေကို လုပ်ငန်းရှင်လို့ သတ်မှတ်ပြီး အဲ့သည်လို လုပ်ငန်း လုပ်တဲ့ သူတွေအနေနဲ့ လေးပေမီးချောင်းနှစ်ချောင်းဆိုရင် အိမ်ရောဆိုင်ရောတစ်ယူနစ်ကို ၃၅ ကျပ် နဲ့ကောက်မှာဖြစ်ပြီး လေးပေမီးချောင်းနှစ်ချောင်းထက်ပိုရင်တော့ အိမ်ရောဆိုင်ရောတစ်ယူနစ်ကို ၇၅ကျပ်နဲ့ ပါဝါမီတာနှုန်းနဲ့ကောက်ခံမှာပါ။ ကိုထွန်းထွန်းနိုင်က “အခုပေးမယ့်မီးက ၁၈လကို စမ်းသပ်ပေးမှာပါ၊ကျွန်တော်တို့ဒေသခံတွေ ဖြစ်စေချင်တာက ကွမ်းယာဆိုင်ဖွင့်သူကလည်းပါဝါမီတာကို တစ်ယူနစ်ကို ၇၅ ကျပ်နဲ့ဆောင်ရမယ်ဆိုတာ အစား နဂိုက အိမ်သုံးမီတာကျထားသူတွေကို အိမ်သုံးမီတာပဲကောက်ခံပြီး လုပ်ငန်းကြီးလုပ်တဲ့ ပါဝါမီတာကျထားသူကိုပဲ ပါဝါမီတာနဲ့ကောက်ခံစေချင်တာ’’ လို့ပြောပါတယ်။ အေးလပြည့် The Modern News Journal
Posted on: Fri, 06 Sep 2013 08:54:36 +0000

Trending Topics



Recently Viewed Topics




© 2015