ခြင်းလုံး အဖွဲ့ချုပ် - TopicsExpress



          

ခြင်းလုံး အဖွဲ့ချုပ် စပွန်ဆာ အော်ရီဒူး ဖြစ်လာ ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် ခြင်းလုံး ပြိုင်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော မြန်မာ့ခြင်းလုံး အားကစားကို အားပေး ကူညီလိုသည့် အတွက် မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်၏ တရားဝင် စပွန်ဆာ အဖြစ် အော်ရီဒူး မြန်မာက ပါဝင်လာခဲ့ပြီး ဖြစ်သည်။ အော်ရီဒူး မြန်မာသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ စပွန်ဆာ တစ်ဦးလည်း ဖြစ်ပြီး မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် စပွန်ဆာ အဖြစ် သဘောတူ စာချုပ် ချုပ်ဆိုပွဲတွင် အော်ရီဒူး မြန်မာမှ CEO ဖြစ်သူ Ross Carmask က နိုင်ငံနှင့် အ၀ှမ်း လူကြိုက်များသော အားကစားနည်းများတွင် ကူညီပံ့ပိုးနိုင်ခြင်း အပေါ် များစွာ ကျေနပ်ဂုဏ်ယူပါကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်က ယခုကဲ့သို့ ကူညီခဲ့ခြင်းကြောင့် မြန်မာ့ခြင်းလုံးကို ကမ္ဘာက ပိုမိုသိရှိလာစေရန် များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှပ်နှံမှုသည့် အဖွဲ့အစည်းများ အနေနှင့် ယခုကဲ့သို့ အားကစားနည်းများတွင်ပါ ပါဝင်လာခြင်းကြေင့် လူထုနှင့် ပိုမိုနီးစပ်မှုကို ရရှိစေမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ From Myanmar Goal
Posted on: Wed, 20 Nov 2013 15:06:17 +0000

Trending Topics



Recently Viewed Topics




© 2015