ဒေါ်လာ သန်း ၂၀ ကျော်တန် - TopicsExpress



          

ဒေါ်လာ သန်း ၂၀ ကျော်တန် ဇွဲကပင် ကောင်းကင်ရထား စီမံကိန်း တစ်နှစ်ခွဲနှင့် အပြီးသတ်မည်ဟုဆို ဇူလိုင်လ ၂၇ ရက် ၂၀၁၃ ကရင်ပြည်နယ်၏ ထင်ရှားသော နေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင်နှင့် ချိတ်ဆက် တည်ဆောက် မည့် ကောင်းကင်ရထား စီမံကိန်းကို တစ်နှစ်ခွဲအတွင်း အပြီးသတ်သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို ဆောက်လုပ်မည့် မလေးရှား အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော Alan Lankawei San.Bhd မှ ဒါရိုက်တာ Mr.Alan Tan Swooi Heng က ပြောကြားသည်။ ... ပြီးခဲ့သည့် လကတည်းက ကွင်းဆင်း လေ့လာနေပြီး သြဂုတ်လဆန်းတွင် မြေစမ်းသပ်ကာ အချက်အလက်များ အသေးစိတ် ရရှိပြီးပါက ဒီဇိုင်း ရေးဆွဲသွားမည် ဖြစ်ကြောင်း ကောင်းကင်ရထား စီမံကိန်း ဒီဇိုင်းရေးဆွဲရန် တာဝန်ယူထားသည့် SAMBA Group မှ ဒါရိုက်တာ ဦးသောင်းညွန့်က ပြောကြားသည်။ အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျမည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကောင်းကင်ရထား စီမံကိန်းကို မြန်မာ ကုမ္ပဏီဖြစ်သော SAMBA Business Group နှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Mr.Alan Tan Swooi Heng က ဆိုသည်။ ကောင်းကင်ရထား စီမံကိန်း ပြီးပါက နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စသည့် ပုံမှန် စစ်ဆေးမှုများကို သီးသန့် အဖွဲ့တစ်ခုက တာဝန်ယူရမည်ဖြစ်ကြောင်း Mr.Alan Tan Swooi Heng က ပြောဆိုသည်။ ဥရောပ အင်ဂျင်နီယာများဖြင့် တစ်နှစ် တစ်ခါ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကောင်းကင်ရထား (ကေဘယ်ကား) များ မတော်တဆ ဖြစ်ပွားပါက Alan Lankawei San.Bhd ဘက်မှ တာဝန်ယူ သွားမည်ဖြစ်ကြောင်း Mr.Alan Tan Swooi Heng က ပြောကြားသည်။ “တစ်သက်လုံးအတွက် တာဝန်ယူတယ်။ ဒါပေမဲ့ မြန်မာတွေကလည်း ဘာလုပ်ရမယ် ဆိုတာကို တိတိကျကျ လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။ ဇွဲကပင် တောင်တော်သည် ဘုရားဖူးများ တက်ရောက်ရန် အလွန် ခက်ခဲသောကြောင့် တောင်ခြေ လုမ္ဗနီ ဥယျာဉ်မှ ပေ ၂၇၀၀ ကျော် မြင့်မားသော တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိုင်ရန် ကောင်းကင် ရထား (ကေဘယ် ကား) နှစ်စင်း တပ်ဆင်မည်ဖြစ်ပြီး ကုန်ကျစရိတ်များကို အလှူခံသွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဆရာတော်များက သတင်း ထုတ်ပြန်ထားသည်။ Alan Lankawei San.Bhd ကုမ္ပဏီသည် မလေးရှားနိုင်ငံ လန်ကာဝီ အခြေစိုက် တရုတ် အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုဖြစ်ကာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဒေသရှိ မီတာ ၆၀၀ အမြင့်ရှိ တောင် တစ်ခုတွင် ကေဘယ်ကား စီမံကိန်း တစ်ခု ဆောက်လုပ်ရန် အဆိုပြုလွှာ တင်ထားကြောင်း Mr.Alan Tan Swooi Heng က ပြောကြားသည်။ The Voice Weekly
Posted on: Sat, 27 Jul 2013 14:47:29 +0000

Trending Topics



Recently Viewed Topics




© 2015