ပြည်ထောင်စုဝန်ကြီး - TopicsExpress



          

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ/အလုပ်ရုံနှင့် ၀န်ထမ်းအိမ်ရာ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ========================================= စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် သြဂုတ်လ (၃၁) ရက်နေ့တွင် အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်) ၏ ကြီးကြပ်မှုအောက်ရှိ မော်တော်ယာဉ် အလုပ်ရုံခွဲ (ထောက်ကြံ့)သို့ ရောက်ရှိစစ်ဆေးပြီး မော်တော်ယာဉ်များထုတ်လုပ်ရာတွင် Wordmanship ကောင်းမွန်ဖို့အရေးကြီးကြောင်း၊ မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်ရေးသာမက ရောင်းချဖြန့်ဖြူးရေးအတွက်ပါ စဉ်းစားပြီး ထုတ်လုပ်မှုရောင်းချမှု ဟန်ချက်ညီဖို့လိုအပ်ကြောင်း၊ လက်ရှိထုတ်လုပ်နေသည့် Myanmar Station Wagon၊ Myanmar Royal Lounge၊ Myanmar City Bus များအပြင် မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး ဈေးနှုန်းသင့်တော်၍ ဘက်စုံအသုံးတည့်သော Light Truck ကားများပါ ထုတ်လုပ်နိုင်ရေး ကြိုးစားကြရမှာဖြစ်ကြောင်း၊ စက်ရုံဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်လည်း လိုအပ်ပါက ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း (JV) ပုဂ္ဂလိကသို့ နှစ်တိုနှစ်ရှည် ဌားရမ်းခြင်း (Lease) များကို ဆောင်ရွက်သွားရန် မှာကြားပါသည်။ youtu.be/G2XJarh8ej8
Posted on: Sun, 01 Sep 2013 15:38:00 +0000

Trending Topics



Recently Viewed Topics




© 2015