ပြည်ခိုင်ဖြိုးပါတီ - TopicsExpress



          

ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေရဲ့ ရှင်းလင်းချက်နှင့် ပက်သက်၍ ******************************************************** ဦးလှဆွေ (ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ်ကော်လံကတုံးကို လည်ပင်းမှာတပ်ထားတာကို မြန်မာ့ရိုးရာဝတ်စုံလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ မြန်မာဆိုတာ သီးခြားရပ်တည်လို့ မရပါဘူးတဲ့။ ) ခံရခက်ခက်စကားတစ်ခွန်းပါ။ ရိုးရာဝတ်စုံရယ်လို့ နှစ်ပေါင်းဘယ်လောက် ဝတ်လာရင် အတည်ယူသလဲတော့ မသိဘူး။ လူမျိုးအလိုက် ရိုးရာဝတ်စုံဆိုတာ အဆင့်ဆင့် ပြောင်းလဲဝတ်ဆင်ခဲ့တာတွေ ရှိပါတယ်။ ဒေါက်တာသန်းထွန်းပြောဖူးပါတယ်။ ဗမာတွေ ပုဆိုးဝတ်တာ နှစ်ပေါင်း ၂၀၀ ဆိုရင် ဘောင်းဘီဝတ်ခဲ့တာ နှစ်ပေါင်း ၆၀၀ တဲ့။ ဘောင်းဘီရဲ့ရှေ့မှာရော ဘာတွေ ဘယ်လိုဝတ်ခဲ့ကြသေးလဲ။ ဒီစကားကို အလကားပြောတယ်တော့ မထင်ဘူးဗျ။ ဗမာဆိုပြီး $ကြီး$ကျယ်လုပ်မနေနဲ့။ မင်းတို့ဝတ်နေတာ တရုတ်ကုလားအဝတ်တွေ ဆိုပြီး စကားဦးသန်းတာလားလို့ မြင်မိပါတယ်။ ဦးလှဆွေ (I Have A Dream ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာရဲ့ ကမ္ဘာကျော်မိန့်ခွန်းကို ပြောကြားခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာရဲ့ ရွှေရတု နှစ်ငါးဆယ်ပြည့်အချိန်ရောက်တဲ့အခါမှာ ဒီနေ့ အမေရိကန်နိုင်ငံမှာ အာဖရိကန်နီဂရိုးတစ်ယောက်ကို President အဖြစ် မြင်တွေ့ကြရပြီဖြစ်ပါတယ်တဲ့။ ) ဟုတ်ကဲ့ ... တချိန်ချိန်မှာ ကျနော်တို့လည်း ဘင်္ဂလီသမ္မတ တစ်ယောက်ကို လက်ခံကောင်း လက်ခံရနိုင်ပါတယ်။ ( သူတို့ကို ဘယ်မှ မသွားမလာရ မလာရ ကန့်သတ်ထားတဲ့အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ခွင့်တွေပါ တန်းတူရရှိတာမဟုတ်လို့ ထူးချွန်ထက်မြက်သူတွေ ဆုံးရုံးမှုနဲလည်း ရင်ဆိုင်ရပါတယ်။ ) လို့ပြောခဲ့တဲ့ အမတ်မင်းက ဘင်္ဂလီလူရည်ချွန်လေးတွေကို အလွန်ပဲ အားကိုးပုံရပါတယ်။ ဦးလှဆွေ ( ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ (White Card) ဆိုတာ ဒီလူဟာ ဦးဖြူ ဒေါ်မဲတို့ရဲ့ သား မောင်နီဖြစ်တယ်၊ ဘယ်ရွာမှာ နေတာ ဖြစ်တယ် ဘယ်နေ့မှာ မွေးတယ် ဆိုတဲ့ အသိအမှတ်ပြုကဒ်ပြားတစ်ခုသာဖြစ်ပါတယ်။ သို့သော် ဒီကဒ်ပြားဟာ နိုင်ငံသားပြုခွင့်ရသူ ( အစိမ်းကဒ်) အတွက် အခြေခံလက်မှတ်တစ်ခုဖြစ်ပါတယ်။ ဒီလက်မှတ်ရှိသူဟာ အစိမ်းရောင်ကဒ်နိုင်ငံသားပြုခွင့်ရသူဖြစ်ဘို့ သေချာသွားပြီဖြစ်ပါတယ်။ ဒီလိုအစိမ်းရောင်ကဒ်ရလျှင် ၁၉၈၂ နိုင်ငံသားဥပဒေပုဒ်မ (၅၃) အရ နိုင်ငံသားများကဲ့သို့ အပိုဒ်(၈) ကလွဲပြီး အခွင့်အရေးတန်းတူရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားပြုခွင့်ရသူတစ်ဦးဟာ တတိယမျိုးဆက်မှာ အော်တို နိုင်ငံသားဖြစ်ခွင့်ရရှိလို့ဖြစ်ပါတယ်။ ) ဟုတ်ကဲ့ .. ဘင်္ဂလီများကို ကျနော်တို့ နိုင်ငံသားအဖြစ် မလွဲမသွေ နေရာပေးလက်ခံတော့မယ်လို့ ယူဆရပါတယ်။ ရိုဟင်ဂျာပြည်နယ်ပါ ပေးဦးမလားတော့ မသိပါဘူး။ ရှေ့မှာလည်း သမ္မတကြီးက ရခိုင်နဲ့ ဘင်္ဂလီအတူတကွ ယှဉ်တွဲနေထိုင်ဖို့ နည်းလမ်းရှာကြပါဆိုတဲ့ စကားရှိပါတယ်။ ဦးလှဆွေ ( ဒါကြောင့် ယခင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ Free & Fair ဖြစ်ပြီး လူနည်းစုရော လူများစုရော ဘယ်သူလာလာ၊ သတ္တိရှိရှိ ရင်ကော့ပြီး မှန်တာလုပ်တဲ့လူတိုင်းပြည်ကောင်းအောင် လုပ်တဲ့လူ ဖြစ်ရင် ဘယ်သူ့မဲကိုမဆို လက်ခံရဲရမယ်။ ကိုယ့်ကို ထောက်ခံမှုခံချင်သလို ကိုယ့်ကို ကန့်ကွက်တာကိုလဲခံရဲရပါမယ်။ ဝိုက်ကဒ်တွေ ဘယ်နှစ်ယောက် လွှတ်တော်ထဲ ရောက်လာနိုင်သလဲ??? သုံးလေးယောက်ထက်မပိုပါဘူး။ ) ဘင်္ဂလီတွေ မဲပေးခွင့်၊ လွှတ်တော်အမတ်ဖြစ်ခွင့်ကို အတည်ပြုထောက်ခံတဲ့ စကားပါ။ ဘင်္ဂလီတွေဟာ ကြံ့ဖွံ့ပါတီဝင်တွေ ဖြစ်တာကြောင့် မင်းတို့တော့ မဲရမှာ မဟုတ်လို့ ကန့်ကွက်နေတာလားလို့ ပြန်ရန်တွေ့သလား မြင်မိပါတယ်။ ဦးလှဆွေပြောတဲ့ အချက်အလက်အတော်များများဟာ လက်ခံနိုင်ဖွယ်ရှိပါတယ်။ အတော်ကောင်းပါတယ်။ ကျနော်တော့ အတော်လေးကို နှစ်သက်မိပါတယ်။ ဒါပေမယ့် လုံးဝကန့်ကွက်ပါတယ်။ ဘာကြောင့်ကန့်ကွက်ရသလဲဆိုတော့ ပြည်တွင်းနေမွတ်ဆလင်များ၊ တရုတ်များနှင့် ကိုယ့်ကိုယ်ကို ရိုဟင်ဂျာပါ၊ မြန်မာတိုင်းရင်းသားပါလို့ ကမ္ဘာပတ်လိမ်နေတဲ့ ဘင်္ဂလီများကို တတန်းတည်းထား သတ်မှတ်ပြီး ရောချသွားလို့ လုံးဝ(လုံးဝ) ကန့်ကွက်ပါတယ် ခင်ဗျာ။ >> သတ်ပစ်လို့မရ မောင်းထုတ်လို့ မရတဲ့ နှစ်များစွာနေလာခဲ့တဲ့ တရုတ်ဘင်္ဂလားနွယ်ဖွားများအတွက် ထွက်ပေါက်တစ်ခု မလွဲမသွေ ထားပေးရမှာဖြစ်ပါတယ် .. လို့သူပြောသွားပါတယ်။ အာဇာနည် ဦးရာဇာတ်၊ ရဲဘော်ကိုထွေး၊ အောင်ဆန်းသူရိယ ဆပ်ဗဟာဒူးတို့လို သူရဲကောင်းတွေနဲ့ကို မနှိုင်းကောင်း မနှိုင်းအပ်ရာ နှိုင်းယှဉ်ပြီးတော့ကို ရောချသွားတာ တွေ့ရပါတယ်ခင်ဗျာ။ ရခိုင်ပြည်ဘက်က ဘင်္ဂလီတွေဟာ မြန်မာ့သမိုင်းမှာ ဘာအစဉ်အလာမှ မရှိပါဘူး။ နေသာလို့ ကူးလာတဲ့ ကူးလာတွေမျှသာလို့ပဲ ကျနော်တော့ ရှုမြင်ပါတယ်။ သမိုင်းအစဉ်အလာရှိခဲ့တဲ့ မြန်မာမူဆလင်တွေနဲ့တော့ ရောမချပါလေနဲ့ အမတ်မင်းခင်ဗျာ .. ကျွန်တော့်ဆွေးနွေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်....... လို့ လူကြီးမင်းက ဆိုခဲ့သော်ငြား ... ဆိုခဲ့သော်ငြားပေါ့ခင်ဗျာ ..... တယ်မထင်လှပါဘူး။ :D :D ရာဝဏ ၂၉၊၈၊၂၀၁၃
Posted on: Thu, 29 Aug 2013 03:02:26 +0000

Trending Topics



Recently Viewed Topics




© 2015