ပြီးခဲ့တဲ့ အပတ်က ကို Tun Thura - TopicsExpress



          

ပြီးခဲ့တဲ့ အပတ်က ကို Tun Thura Thet မန္တလေးလာရင်း Snapchat အကြောင်း ပြောဖြစ်ကြတယ်။ အခုနောက်ပိုင်း လူငယ်တွေကြားမှာခေတ်စားပြီး အနာဂတ်ကောင်းပုံရလို့ လူ ၁၀၀လောကှ်ရိတဲ့လုပ်ငန်းလေးကို FaceBook က US$3 billion လောက်ချပေးတာ မရောင်းဘူးလို့ဆိုတယ်။ သူတို့ မှာ ဘာတွေရှိတာလဲ ဘာပိုလုပ်နိုင်တာလည်း ဘာကြောင့် FaceBook ကဝယ်တာလည်း စတာတွေ ပြောဖြစ်ကြတယ်။ Nokia ကို Microsoft က ဝယ်တဲ့ ဈေးနဲ့ယှဉ်ရင် စက်ရုံတွေ ရုံးခန်းတွေ လုပ်သားတွေ IP တွေ နဲ့ အကြီးကြီး နဲ့ ဘာလို့ သိပ်မကွာရတာလဲပေါ့။ NOKIA က လုပ်သား ၉၃၀၀၀ ကျော်ရှိတဲ့ လုပ်ငန်းကြီးရဲ့ mobile လုပ်ငန်းအားလုံးကို US$7.17 Billion နဲ့ရောင်းချခဲ့တာပါ။ Skype (2003)တုန်းကလည်း ပထမဝယ်သူ eBay က US$2.5 Billion နဲ့ ဝယ်ပြီး (2005)Microsoft က ပြန်ဝယ်တော့ US$8.5 Billion ပေးခဲ့ရတယ်။(2011) တကယ်တော့ ၂၀၁၁ က မြန်မာနိုင်ငံကနေ နိုင်ငံခြားကို ရောင်းခဲ့တဲ့ သစ်တွေ ဆန်တွေ ဂက်စ် တွေ ကျောက်စိမ်းတွေက အစ အားလုံးသော ပို့ကုန်စုစုပေါင်းတန်ဘိုးက US$9.534 Billion ဘဲ ရျှိပြီး သွင်းကုန်အားလုံးပေါင်း အဲဒီနှစ်က US$5.498 ဘဲ ရှိတာနဲ့ နှိင်းယှဉ်နိုင်ပါတယ်။ သာမာန်ပြောကြရင်တော့ နိုင်ငံတကာမှာ အထည်ချုပ်တွေ လာရင် လုပ်သားတွေအလုပ်ရပါတယ် သို့သော် တစ်လကို $65-85 လောက်ဘဲပေးကြတာပါ။ Microsoft က Programmer အတွက် အဆင့်မှီရင် US$1000-3500 လောက်ရကြတယ်။ ဒါကြောင့်ဘဲ ကျောင်းတွေ သင်တန်းတွေတက်ကြတာ လို့ထင်ပါတယ်။ ACCA, LCCI က အစ ကျွမ်းကျင်မှု့တွေ ရှာကြပါတယ်။ ဒီလိုဘဲ အတတ်ပညာ နဲ့ လုပ်ငန်းအပေါ်မူတည်ပြီး $50-$5000 ကြား မြန်မာပြည်မှာ အလုပ်လုပ်ကြတယ်ဆိုပေမဲ့ US$500 ပျမ်းမျှမရကြပါဘူ $150 လောက်ဘဲ ရမယ်ထင်ပါတယ်။ စီးပွားလုပ်ငန်းတွေထဲမှာရော ဘာတွေက ဘယ်လောက်ရသလဲ ပြိုင်ရင် စိုက်ပျိုး ထုတ်လုပ် သိပ်မသေချာပါဘူး ဝန်ဆောင်မှု့နဲ့ သယံဇာတထုတ်လုပ်မှု့ဘဲ ရှိကြရင် ရတာတွေက ဘာတွေဆိုတာ သိနိုင်ပါတယ်။ အာဆီယံ ပေါင်းစည်းရင် AFTA, AEC တွေနဲ့ အနာဂတ်မှာ ဘယ်ရောက်မယ်ဆိုတာ မြင်ချင်နေပါတယ်။ ကျောင်းတက်တာ ဆရာဝန်ဖြစ်ဖို့ အင်ဂျင်နီယာဖြစ်ဖို့ စစ်ဗိုလ်ဖြစ်ဖို့ နဲ့ဆက်သွားနေကြမှာလား၊ ကိုယ်ဆီက မြန်မာတွေ ဘာတွေ တတ်ပြီး ဘယ်နေရာတွေ ရောက်ရမယ်ဆိုပြီး စီမံထားတာတွေမှ ရှိရဲ့လား၊ ရှေးဟောင်းဘဏ်စနစ်တွေ ဗြူရိုကရေစီစနစ်တွေ နဲ့ ဘဲ ဆက်ထိမ်းကြောင်း နေကြမှာလား ဆိုတာ တွေလည်း တွေးမိပြောမိကြတယ် ။ ဘာရယ်လို့ မဟုတ်ပါဘူး သူငယ်ချင်း ၂ ယောက် ရောက်မိရောက်ရာပေါ့။ မိတ်ဆွေတို့လည်း စဉ်းစားနိုင်ကြစေဖို့ တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ တစ်တွေ ဘာလဲ ဘယ်လဲ ပေါ့။ ( data အားလုံးကို Wiki မှ ရယူပါသည်)
Posted on: Sat, 08 Feb 2014 16:09:50 +0000

Trending Topics




© 2015