” ပျဉ်ဖိုး ” === (၁) English နဲ့ - TopicsExpress



          

” ပျဉ်ဖိုး ” === (၁) English နဲ့ ဗမာစာ ဖလှယ်ရာမှာ Terror ကိုဘယ်လိုဖလှယ်ကြလဲဗျ။ တစ်ယောက်တစ်မျိုးရေးနေတာတွေ တွေ့ရပေမယ့် အကြမ်းဖက်သမားလို့ ဘာသာပြန်လို့ မရတာတော့ သေချာတယ်။ လူကလည်း ကဂျီကဂျောင်ရယ်။ တတ်တဲ့လူတွေက ဘာသာပြန်ပြထားတာဖတ်ရပေမယ့် သူ့တို့ဘာသာပြန်တဲ့အထဲမှာ Terror ကို ထိမိတယ်လို့မခံစားရဘူး။ သိုးဆောင်စကားများနဲ့ ဗမာစကားများကို ဖလှယ်ရာမှာအတော်တော့ ခက်သားလားဗျ။ အကြိုက်ဆုံးဘာသာပြန်ချက်ကတော့ အကြောက်ကြီးသူလို့ ဘာသာပြန်ထားတယ်။ ဒါပေမယ့် Time ရဲ့ဆောင်းပါးနဲ့တွဲဖတ်ကြည့်တော့ သူပြောချင်တဲ့ Terror ဆိုတာ အကြောက်အလန့်ကြီးတာတစ်ခုတည်းထက် အစိုးရိမ်ကြီးပြီး ကြောက်လန့်ပြီးနေတဲ့လူမျိုးကို ပြောချင်တဲ့ပုံစံ ပိုပေါက်နေတယ်။ gone with the wind ကိုလေရူးသုန်သုန်လို့ လှလှလေးဘာသာပြန်သလိုမျိုး ကျစ်ကျစ်လစ်လစ်ပြောကြမယ်ဟေ့ဆိုရင်တော့ Terror ဆိုတာ မိုးပြိုမှာစိုးကြောက်သူပေါ့ဗျာ… (၂) တစ်နေ့ကပဲ ဝါဒနဲ့ ဝါဒီကိုကျနော့အမြင်ရေးခဲ့ပါတယ်။ ဝန်ခံစရာရှိတာက ဝါဒနဲ့ဝါဒီအမြင်မှာ ကျနော့အပေါ်ကို ရွှေဥဒေါင်းကြီးလွှမ်းမိုးခဲ့ပါတယ်။ Buddhist ဆိုတာ ဗုဒ္ဓဝါဒီပါ Buddhism ဆိုရင်တော့ ဗုဒ္ဓဘာသာပါ။ Time အကြောင်းလူတွေရေးနေတာဖတ်ကတည်းက အသံကြောင့်ဖားသေကိန်းလို့ ခံစားမိခဲ့ပြီးသားပါ။ ကျနော်တို့ ဗမာ/မြန်မာတွေထဲမှာ English စာကို ဂျောင်းဂျောင်းပြေးတတ်သူတွေတစ်ပုံကြီးပါ။ Buddhist terror ဆိုတာမြင်လိုက်တာနဲ့ သင်္ဃန်းခြုံသူတစ်ဦးရဲ့ မျက်နှာကို face of Buddhist terror လို့တင်ဆက်ပုံမြင်လိုက်တာနဲ့ အသံတွေ တစီစီညံကိန်းဆိုတာ သိပြီးသားပါ။ ကိုယ်တိုင်လည်း ဆောင်းပါးထဲကစာနဲ့ အပြင်ကခေါင်းစဉ်မျက်နှာဖုံးနဲ့အပေါ်မှာ မချင့်မရဲစိတ်တော့ ဝင်မိပါသေးတယ်။ ဒါပေမဲ့ လူတစ်ချို့ပြောသလို Yellow journalism တစ်ခုမဟုတ်တာတော့ အထဲကစာကို အနုလုံပဋိလုံ ဆန်းစစ်ရင်ပေါ်ပါတယ်။ ဝါဒီတစ်ယောက်ကို terror လို့ခေါင်းစဉ်တပ်တာဟာ ဝါဒတစ်ခုလုံးကို ဂျွမ်းပြန်သွားအောင်စွပ်စွဲတာမဟုတ်ဘူးဆိုတာ သတိချပ်ကြပါဗျာ။ အထဲကစာမှာဆိုရင် ဗုဒ္ဓဝါဒရဲ့အနှစ်သာရ/သင်ကြားမှုနဲ့ သူ့ခေါင်းစဉ်(title)/မျက်နှာဖုံး(cover)မှာဖော်ပြထားသူဗုဒ္ဓဝါဒီကြားမှာ အကြီးကြီးကွဲလွဲနေတာကို ထောက်ပြထားတာတွေအများကြီးတွေ့နေရပါတယ်။ (၃) တစ်ချိန်က ဝါနာဘရားသားရဲ့ ဗုဒ္ဓဝါဒီရဟန်းနဲ့ ဗုဒ္ဓဆင်းတုအပေါ်မှာ မလျှော်ကန်တဲ့ပုံစံနဲ့ တင်ပြတဲ့အနုပညာပြကွက်အတွက် အသံထွက်ကြတုန်းက ကျနော်ကိုယ်တိုင် နိုင်ငံတကာ အထိပေါက်အောင် ဘယ်လိုပြောသင့်တယ်ဆိုတာ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များကို အကြံပေးဖူးပါတယ်။ ဒီတစ်ခါ တိုင်းမ်ရဲ့အနေအထားမှာ အကြီးအကျယ်ကန့်ကွက်နေတာ တစ်ဆိတ်သတိထားပါ။ တကယ်တော့ ဘားမားဘင်လာဒင်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ပြီး နိုင်ငံခြားက သတင်းထောက်တွေနဲ့ အင်တာဗျူးတွေဖြေနေကတည်းက ကျန်တဲ့ ဗုဒ္ဓဝါဒီများဖြစ်တဲ့ ရဟန်းများနှင့် လူထုက ဗုဒ္ဓဝါဒရဲ့အရေးပါတဲ့ သံဃာဆိုတဲ့ အနေအထားနဲ့ အဲ့ဒီလိုပြောရင် ဗုဒ္ဓဝါဒီတွေကို တစ်ဖက်က အမြင်တစ်မျိုးမြင်သွားနိုင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဗုဒ္ဓဝါဒီတွေအပေါ်အမြင်စောင်းနိုင်တာကြောင့် အဲ့ဒီလိုတွေပြောနေဆိုနေ အင်တာဗျူးနေမယ်ဆိုရင် သင်္ဃန်းတော့ချွတ်လိုက်ပါလို့ ဘယ်ဗုဒ္ဓဝါဒီများက ထိထိရောက်ရောက်ဖြစ်အောင် တောင်းဆိုခဲ့သလဲ?? ဆိုတာ မိမိကိုယ်မိမိပြန်မေးကြပါ။ ကိုယ်ကောင်းရင် ကိုယ့်ခေါင်းမရွေ့ဘူးဆိုတာဟာ တစ်ယောက်တည်း သီးသန့်အနေအထားမှာပဲမှန်ပါတယ်။ အဖွဲ့အစည်း အများဆိုင်နာမ်များနဲ့ကိစ္စမှာတော့ သူများမကောင်းလို့ ကိုယ့်ခေါင်းပါအရွဲ့အစောင်းအမြင်ခံရနိုင်ပါတယ်။ ဒါကို အခုအထိအနည်းစုက သတိထားမိပေမဲ့ အများစုနဲ့ အများစုအပေါ်ဩဇာရှိတဲ့ သံဃာ့အသိုင်းအဝိုင်းက သတိမပြု/ဂရုမစိုက်/လွှတ်ထားတာဟာ အခုလိုမျိုး ပြောကြားခံရမှုတွေ ရပ်တန့်သွားဖို့လမ်းစပျောက်ဆုံးစေပါတယ်။ (၄) We’re really request please reevaluate about your magazine cover story title for July issue, “The Face of Buddhist Terror” by Hannah Beech / Meikhtila, Burma, And Pattani, Thailand. I know this process was happened. I am not a supporter of u wirathu. Every media wrote this violent case. But the combination of these two words “Buddhist and Terror” are very sad feeling for every Buddhists. Our religious is more weaker year by year. Please don’t do like that. Our Buddhist way is a peace way and not for terrorist. You’re the first user of those word so that I really appreciate. But those word will make more tension between buddhists and Islamists in Myanmar. I believe you’re never create violent case. Let’s create mindfulness society. I think this is not a article. It’s hate speech around the world. I honestly request time magazine for these two words combination. Thanks you very much! အပေါ်ကစာကတော့ >>avaaz.org/en/petition/Buddhist_is_not_Terror_Please_Reevaluate_July_Issue_Time_Cover_Story_Title/?fSXGxeb&pv=52
Posted on: Wed, 26 Jun 2013 16:24:51 +0000

Trending Topics



Recently Viewed Topics




© 2015