မော်လမြိုင်တွင် - TopicsExpress



          

မော်လမြိုင်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကျင်းပပြုလုပ် မွန်ပြည်နယ် ကိုယ်စားပြု ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို သြဂုတ် ၈ ရက်က မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အရေးတော်ပုံတွင် ကျဆုံးခဲ့သူများ အတွက် ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ မော်လမြိုင် ရှစ်လေးလုံး အရေးအခင်းတွင် ပါဝင်ခဲ့သူ ဦးဝင်းကျော့မှူးက အမှာစကား ပြောကြားခြင်း၊ ဆရာကြီး ဒဂုန်တာရာ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အရေးတော်ပုံတွင် ပါဝင်ခဲ့သူအချို့က အမှတ်တရစကား ပြောကြားခဲ့ပြီး အရေးတော်ပုံတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကာ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဖြစ်ပေါ်စေရန် ဒို့အရေး ကြွေးကြော်သံဖြင့် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားသို့ ပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ Credit to =>Eleven Media GroupThank
Posted on: Thu, 08 Aug 2013 17:18:59 +0000

Trending Topics



VIB ~ Mickey ~~~~~~~~~~~~ Morning everybirdie, it is happy
We are having an awesome weekend! I hope you are too. =) We
The outcome of last month’s Peoples Democratic Party primary
WHY I AM NO LONGER A PENTECOSTAL #1 William Davis There were no
I would like to start a fundraiser for LuvUm All Animal Rescue,
Scotch-Brite Medium Duty Scrub Sponge. IT2NY72. DHF3O7ONU.
Se va acercando la hora de comer y creo que este tema va perfecto

Recently Viewed Topics




© 2015