မြန်မာ ဒိုင်ဗင်အဖွဲ့ - TopicsExpress



          

မြန်မာ ဒိုင်ဗင်အဖွဲ့ ဆီးဂိမ်းပြိုင်ပွဲကို ကစားသမား ရှစ်ဦးဖြင့် ယှဉ်ပြိုင်မည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာ ဒိုင်ဗင်အဖွဲ့က ကစားသမား ရှစ်ဦးဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ဒိုင်ဗင်အဖွဲ့ဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး ပါဝင်မည် ဖြစ်သည်။ ယခုပြိုင်ပွဲဝင်မည့် ကစားသမားများတွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်က လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ပြုစုပျိုးထောင်ထားသည့် ကစားသမားအချို့ ပါဝင်လာသကဲ့သို့ အချို့ ကစားသမားများသည် အသစ်ထပ်မံ ရွေးချယ်ထားသည့် ကစားသမားများ ဖြစ်သည်။ မြန်မာ ဒိုင်ဗင်အဖွဲ့တွင် ကစားသမားများအဖြစ် အမျိုးသား နောင်ဂျာ၊ ဇွဲသက်ဦး၊ အောင်မျိုးထက်၊ ထွဋ်နန္ဒလင်း၊ ထက်နန္ဒလင်း၊ အမျိုးသမီး နေခြည်စုစုလတ်၊ သွန်းလှနန္ဒာနှင့် သက်မှူးရွှေဇင်တို့ ပါဝင်ကြသည်။ From Myanmar Goal
Posted on: Wed, 20 Nov 2013 15:06:55 +0000

Trending Topics



Recently Viewed Topics




© 2015