မြန်မာနိုင်ငံ၏ - TopicsExpress



          

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးစနစ်ကိုပြောင်းလဲလိုလျှင် Share လုပ်ပေးခြင်းဖြင့် ဆန္ဒဖော်ထုတ်ပါ ====================================================== * ပွင့်လင်းမြင်သာမှုရှိသည့် ဒီမိုကရေစီနိုင်ငံတော်ဟုပြောနေသော်လည်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးစနစ်ကိုပြည်သူအများနားလည်သိ ရှိအောင် စနစ်တစ်ကျ သတင်းထုတ်ပြန်မှုမရှိရသည်နည်း။ *နဂိုကမှ ဖုန်းလိုင်း..အင်တာနက်လိုင်းကျပ်တည်းနေချိန်တွင် မည်သည့်အကြောင်းကြောင့် ဖုန်းလိုင်း အင်တာနက်လိုင်းအသစ်များ ဖွင့်ပေးခြင်းပြုလုပ်နေရပါသနည်း။ လိုင်းတွေ အင်မတန်ကောင်းနေလျှင်မပြောလိုက်ပါ...လိုင်းမကောင်းသည့်အချိန်..တစ်နိုင်ငံလုံး ကောင်းမွန်လျင်မြန်သည့်ဆက်သွယ်ရေးစနစ်မလွှမ်းခြုံနိုင်သေးခင် အချိန်အထိ ဖုန်းလိုင်းအသစ်များ..အင်တာနက်လိုင်းအသစ်များ ထပ်မံချထားပေးခြင်း ခဏတာမျှ ဆိုင်းငံ့ထားသင့်ပါသည်။ ထိုသို့မဟုတ်ရင် ပညာအရည်အချင်းပြည့်ဝမှု မရှိ..စီမံခန့်ခွဲမှုအင်မတန်ညံ့ဖျင်းသော ဆက်သွယ်ရေးအရာရှိများလက်အောက်တွင် မြန်မာ့ ဖုန်းလိုင်း..အင်တာနက်လိုင်းများသည် ၀ါးလုံးခေါင်းထဲ ဆင်ပြောင်ကြီး ထိုးထည့်သလိုဖြစ်နေပါတော့မည်။ *အစိုးရသုံး အထူးစပါယ်ရှယ်မြန်နှုန်းမြှင့်အင်တာနက်လိုင်းကြီးရှိနေပါလျက် ပြည်သူများအသုံးပြုသည့် အလွန်အင်မတန်နှေးကွေးသော အင်တာနက်လိုင်း အား မည်သည့်အကြောင်းကြောင့် မြန်နှုန်းလျှော့ချခြင်း...ပြည်သူများများအသုံးပြုနေသည့်အင်တာနက်လိုင်းမှ အမြန်နှုန်းယူသုံးခြင်းများပြုလုပ်နေရပါသနည်း။ *SEA ME We 5 အင်တာနက်ဆက်ကြောင်းအသစ်အား 2013 နှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်မည်ဟု 2012 ထွက်ဂျာနယ်များတွင်ပါရှိခဲ့သော်လည်း..ယခုအခါ နောက် 2014 နှစ်ကုန်ပိုင်းမှသာ အသုံးပြုနိုင်မည်ဟု အမျိုးမျိုးပြောကြားရသနည်း။ *မည်သည့်ဆက်သွယ်ရေးလမ်းကြောင့်ဖြင့် ဖုန်းလိုင်း..အင်တာနက်လိုင်းများ စိုက်ထူလွှင့်တင်ထားပါသည်ဟု ပြည်သူများ နားလည်အောင်သိရှိအောင် ဖော်ပြထားခြင်းမရှိရ သနည်း။ *CDMA , WCDMA Internet လိုင်းများသည် ကျပ်ငွေ နှစ်သိန်းခွဲခန့်ကျသင့်ပြီး အင်တာနက်မြန်နှုန်းမှာ 200 KB ပျှမ်းမျှရရှိနေသော်လည်း..GSM Internet မြန်နှုန်းမှာ ကျပ်ငွေ ငါးသောင်းခန့် တစ်မိနစ် နှစ်ကျပ်..လေးကျပ်မျှသာ ကွာခြားသော်လည်း မည်သည့်အကြောင်းကြောင့် 35 KB ပတ်ဝန်းကျင်ဖြင့်သာရ ရှိနေပါသနည်း..အမှန်ဆိုရင် 120 KB ပတ်ဝန်းကျင်အထိ ရရှိသင့်ပါသည်။ *CDMA , WCDMA Internet လိုင်းများသည် 200 KB ကျော်ပတ်ဝန်းကျင်ဖြင့် Download Speed ရရှိနေသော်လည်း Upload Speed မှာ 23 KB ပတ်ဝန်းကျင်ဖြင့်ကန့်သတ်ထားရပါသနည်း။ *35 KB ပတ်ဝန်းကျင့်ဖြင့် Download Speed ရရှိနေသော GSM Internet လိုင်းမှာ Upload Speed တွင် 22 KB အထိရရှိနေပြီး ဘာကြောင့် မြန်နှုန်းမြင့် WCDMA , CDMA Internet လိုင်းများဖြင့် မတိမ်းမယိမ်းရှိနေရသနည်း။ *ဖုန်းလိုင်းများတွင် မည်သည့်အကြောင်းကြောင့် ဖုန်းဘေလ်ဖြတ်တောက်သည့် စနစ်ချို့ယွင်းရသနည်း..ဥပမာ ည 11 နာရီကနေ မနက် 7 နာရီအတွင်းဖုန်းဘေလ်ကျသင့်နှုန်းမှာ တစ်မိနစ်လျှင် 25 ကျပ်ဖြစ်ရမည့်အစား ရံဖန်ရံခါ တစ်မိနစ် 50 ကျပ်ဖြစ်နေတတ်ခြင်း.. 5000 ကျပ်တန်ဖုန်းကဒ်များတွင် ရံဖန်ရံခါ တစ်မိနစ် 70 ကျပ်နှုန်းဖြင့် ဖြတ်တောက်ခြင်းများဖြစ်ပေါ်နေရသနည်း။ *ယခု SEA ME We 3 အင်တာနက်ဆက်ကြောင်းပြတ်တောက်သောအခါ အင်တာနက်လိုင်းများနှေးကွေးကုန်သဖြင့် ကုန်းတွင်းပိုင်း အင်တာနက်ဆက်ကြောင်းအားမြန်နှုန်းမြှင့်ပေးမည်ဟု ပြောဆိုခဲ့သည်..မေးလိုသည်မှာ အစကတည်းက ပင်လယ်ရေအောက်ဆက်ကြောင်းကိုရော..ကုန်းတွင်းပိုင်းအင်တာနက်ဆက်ကြောင်းကိုပါ မြန်းနှုန်းမြှင့်ပေးတော့ရော ဘာဖြစ်သွားမည်နည်း။ *အင်တာနက်ဖြင့် လုပ်ငန်းလုပ်ကိုင်နေရသူများ လိုင်းအင်မတန်နှေးကွေးလို့ တစ်နိုင်ငံလုံးရှိ Internet User များစိတ်ဆင်းရဲနေရချိန်တွင် DVD အခွေ 5 ချပ်စာရှိသောဖိုင်ပမာဏကို နာရီဝက်အတွင်း Upload တင်ပြခြင်းမှာ မျှတမှုရှိပါရဲ့လား ?? အဲလိုအင်တာနက်မြန်နှုန်းထက် မမြန်ချင်နေပါစေ..အဲဒီမြန်နှုန်းထက် ငါးပုံ နှစ်ပုံကို ပြည်သူများထံသို့ခွဲဝေပေးမယ်ဆိုရင် နည်းပညာလောကအတွက်ရော..အင်တာနက်လုပ်ငန်းရှင်များအတွက်ပါ အထောက်အကူဖြစ် တိုးတက်မှာအသေအချာပါဘဲ။ *ပြည်သူများထံမှရရှိနေသော ဆက်သွယ်ရေးနှင့်ပတ်သက်သည့် ပြည်သူ့ချွေးနဲစာများသည် တစ်နှစ်လျှင် သန်းနှင့်ချီပြီး ဆက်သွယ်ရေးအနေဖြင့်ရရှိနေပါသည်..ထိုငွေများသည် မည့်သည့် နေရာများတွင်အသုံးချပစ်သနည်း..ထိုငွေများကြောင့် ဖုန်းလိုင်း အင်တာနက်လိုင်းများ မည်မျှ မြန်ဆန်သွက်လက်လာခဲ့သနည်း..ဒုံယင်းက ဒုံယင်းပါ..ထိုငွေများမည်သည့်နေရာတွင်သုံးစွဲ ပစ်သည်ကို စနစ်တကျ အချက်အလက်ဖြင့်ပြည်သူများအား တင်ပြခြင်းမရှိရသနည်း။ *ယခုလို ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ပြည်သူများညည်းတွားသံ အမျိုးမျိုးထွက်ပေါ်နေခြင်းကို မည်သည့်အကြောင်းကြောင့် လွှတ်တော်တွင် ဆွေးနွေးမှုမရှိရသနည်း။ ဆွေးနွေးမည့်ခေါင်းဆောင်များက အင်တာနက်သေချာမသုံးတတ်လို့လား?? နည်းပညာကျွမ်းကျင်မှုမရှိလို့ အသံတိတ်နေခြင်းလား?? ဒါဆိုရင်တော့ ကွန်ပျူတာအင်တာနက်သင်တန်း များသို့သွားကာ စာတွေ့လက်တွေ့သွားသင်ပြီး မြန်မာနိုင်ငံ၏ စုတ်ပြတ်လှသော အင်တာနက်ကိုခံစားချက်အပြည့်ဖြင့် သုံးကြည့်လိုက်ပါ..ပြီးရင်လွှတ်တော်မှာပြန်တင်ပြပေးပါ။ *နောက်ဆုံးအနေဖြင့် သမ္မတကြီးကိုယ်တိုင် မိမိတို့အသုံးပြုနေသည့် အဆမတန်လျင်မြန်လှသော စူပါအင်တာနက်လိုင်းကြီးကိုမသုံးဘဲ နှင့် ငါးမိနစ်လောက် ဖြစ်ဖြစ် အချိန်ပေးပါ ပြည်သူအများအသုံးပြုနေသည့် ADSL , WCDMA , GSM , CDMA Internet လိုင်းများကိုအသုံးပြုကြည့်ပြီး ကိုယ်ချင်းစာကာ မြန်မာ့ဆက်သွယ်ရေး နှင့် အင်တာနက်လိုင်းလျှင်မြန်ကောင်းမွန်ရေးအတွက် ခေါင်းဆောင်ကောင်းပီးသစွာ စစ်ဆေးအရေးယူ မြန်နှုန်းများတိုးမြှင့်ပေးပါ။ *အထက်ဖော်ပြပါအချက်အလက်များသည် မှားယွင်းနေသည်ဆိုလျှင် မည်သည့်အကြောင်းကြောင့်မှားယွင်းနေသည်ကို အများပြည်သူသိရှိအောင် စနစ်တစ်ကျရှင်းလင်းတင်ပြပေးပါ။ *ပြည်သူများအနေဖြင့်လည်း ဖုန်းလိုင်း..အင်တာနက်လိုင်း တည်တည်ငြိမ်ငြိမ်ဖြင့်မြန်နှုန်းမြင့်ကောင်းမွန်ရေးအတွက် ညည်းတွားမနေ..ထိုင်ဆဲမနေကြဘဲ အင်တာနက်တိုက်ပွဲ ( သို့ ) ဆန္ဒဖော်ထုတ်မှုကြီးပြုလုပ်ဖို့အချိန်တန်နေပါပြီ ... ///
Posted on: Sun, 28 Jul 2013 22:55:53 +0000

Trending Topics



Recently Viewed Topics




© 2015