မြန်မာနိုင်ငံ မှာ - TopicsExpress



          

မြန်မာနိုင်ငံ မှာ နို့စားနွားမတွေ စီးပွားဖြစ်ရယ်လို့ ကောင်းကောင်းမွန်မွန် လောက်လောက် လားလား ဖြစ်လောက်တဲ့ အရေအတွက် နည်းနေသေးတယ်ပါတယ်။ အကယ်၍ သမ္မတကြီး စကားအရ နွားနို့ချည့်သာ လှိမ့်သောက်လာရင် လက်ရှိ နွားမတို့ အရေအတွက်နဲ့ မကိုက်သလို နွားမတို့လည်း သန်းခြောက်ဆယ်လုံး သောက်နိုင်အောင် မထုတ်ပေးနိုင်ပါဘူး။ နောက်တစ်ခုက အကယ်၍ အရင်တုန်းကလို မန်းမန်းမှုတ်မှုတ် ရအောင်လုပ်ဆိုရင် နွားမတို့လည်း တစ်နေ့မှာ တစ်ကြိမ်တင်မကတော့ဘဲ သုံးလေးကြိမ် အညှစ်ခံလာရမှာ ဖြစ်ပါတယ်။ ပြီးတော့လည်း ဈေးကွက်ထဲမှာ ဝယ်လိုအားမျှအောင် ရောင်းဖို့ကြတော့ မတန်တဆ ရေတွေ ရောလာမှာလဲ ဖြစ်ပါတယ်။ အဲ့အခါမှာ နွားမတို့ တစ်ခုကလေး ပြောလိုတာက နွားမတို့က နို့စစ်စစ်ကို ထုတ်ပေးတာ ဖြစ်ပါတယ်။ သောက်သုံးသူကို အစစ်ရစေချင်ပါတယ်။ နွားမတို့က အညှစ်လည်းခံရ၊ ပြီးတော့ မစစ်ဘူးလို့လည်း အပြောခံရဆိုရင် နွားမတို့ သိက္ခာကျပါတယ်။ အဲ့သလို နေ့စဉ်ရက်ဆက် လေးငါးခါ ဆက်တိုက် အညှစ်ခံရမယ်ဆိုရင်လည်း နွားမတို့ ကျန်းမာရေး ရေရှည်မှာ မကောင်းနိုင်ပါဘူး။ အဲ့တော့ နွားမအနေနဲ့ အကြံပြုချင်တာက နွားမတို့နဲ့အတူ အခြားခြားသော သက်ဆိုင်ရာ ဝန်ကြီးများနဲ့ မွေးမြူဌာနက လူကြီးမင်းတွေ အတူတူ ကမ္ဘာပေါ်မှာ နွားနို့ အထုတ်လုပ်ဆုံး နိုင်ငံတွေမှာ သွားရောက်လေ့လာချင်ပါတယ်။ အခုလက်ရှိမှာ အခြားခြားသော နိုင်ငံတွေမှာ နွားမတို့ကို လူတွေက လာပြီး မညှစ်တော့ ပါဘူး။ စက်နဲ့ ညှစ်ကြပါတယ်။ စက်တဲ့ ညှစ်တဲ့ အခါမှာ နွားမတို့လည်း သက်သာ ပါတယ်။ မဟုတ်ရင် လူတွေ ညှစ်တဲ့အခါမှာ အညှစ်မတတ်ရင် နွားမတို့ နာပါတယ်။ နွားမတို့မှာ လူတွေချည့်တိုက်ရတာ မဟုတ်သလို တစ်ခါတစ်ရံမှာလည်း နွားမတို့ ကလေးတွေကို တိုက်ရပါတယ်။ အဲ့တော့ အညှစ်မတတ်တဲ့ သူလာပြီး ညှစ်ထားလို့ နာနေတဲ့အခါမှာ နွားမတို့ ကလေးလေးတွေကို နို့တိုက်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက အစာအဟာရ ကိစ္စပါ။ နွားမတို့က နို့စားနွားမဖြစ်တဲ့အတွက် နို့ထွက်သန်မဲ့ အစာအဟာရကို ကောင်းကောင်းမွန်မွန် စားသုံးချင်ပါတယ်။ ကောက်ရိုးနဲ့ မြက်ခြောက်ချည့်သာ စားနေရမယ်ဆိုရင် နွားမတို့ဟာ သမ္မတကြီး သောက်စေချင်တဲ့ နို့ကို Quality ကော Quantity ကော ကောင်းမှာ မဟုတ်ပါဘူး။ အကယ် Quality ကော Quantity ကော လောက်လောက်လားလား မကောင်းရင် သောက်သုံးသူလည်း မကောင်းသလို နွားမတို့လည်း မကောင်းဖြစ်ရပါမယ်။ နောက်တစ်ချက်ကလည်း စားကျက်မြေ ကိစ္စပါ။
Posted on: Sat, 25 Jan 2014 05:17:02 +0000

Trending Topics



iv>

Recently Viewed Topics




© 2015