မြန်မာ့ဖုန်း - TopicsExpress



          

မြန်မာ့ဖုန်း ဆက်ဈေးကြီး၍ အင်တာနက် ဆက်နှေးနေဦးမည်။ ================================== [ဇွန် ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရွေးချယ်ခံရသည့်ကုမ္ပဏီကို မကြေညာနိုင်တော့] ယနေ့  ဇွန် ၂၆ နေ့ လည်ပိုင်းက ပြည်သူ့  လွတ်တော်တွင် ဆက်သွယ်ရေးဥပဒေကို အတည်ပြုပြီးမှသာ တင်ဒါအောင်သူကိုကြေညာရေးအတွက်အရေးတကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ရာ ကန့် ကွက်သူတစ်ဦးမှမရှိဘဲ ထောက်ခံမဲအကုန်ရရှိခဲ့သည့်အတွက် ဇွန် ၂၇ တွင် ဆက်သွယ်ရေး တင်ဒါအောင်သူကိုကြေညာနိုင်မည် မဟုတ်တော့ပေ။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် ၂ ခုအတွက် ကုမ္ပဏီ ၁၁ ခုက ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ အော်ပရေတာအဖြစ် လျှောက်ထားသည့် အဆိုပါကုမ္ပဏီများမှ ၂ခုကိုသာ မြန်မာအစိုးရက ရွေးချယ်သွားမည်ဖြစ်ပြီး အော်ပရေတာ လိုင်စင် ရရှိသူ ၂ခုကို ဇွန်လ ၂၇ရက်နေ့တွင် ကြေညာရန်စီစဉ်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာအစိုးရရဲ့ဝန်ကြီးဌာန MPT နှင့် ရတနာပုံတယ်လီပို့ တို့ ကအော်ပရေတာများအဖြစ်ဆောက်ရွက်နေသည်။ ၀င်ရောက်ယှဉ်ပြိုင်သည့်.. ကုမ္ပဏီများ ၁။ Orange + Marubeni (ပြင်သစ်+ဂျပန်) ၂။ KDDI + Sumitomo+MICTDC+ A1 (ဂျပန်+မြန်မာ) ၃။ Telenor (နော်ဝေ) ၄။ Singtel + Royal Myanmar (KBZ)+M Tel (စင်္ကာပူ+မြန်မာ) ၅။ MTN(Dubai)+ M1+Amara (တောင်အာဖရိက+လက်ဘနွန်+မြန်မာ) ၆။ Bharti Airtel+ Palazio (အိန္ဒိယ+ဆိုက်ပရပ်စ်) ၇။ QTel (Ooredoo) (ကာတာ) ၈။ Viettel (ဗီယက်နမ်) ၉။ Axita Group (မလေးရှား) ၁ဝ။ Millicom (လူဇင်ဘာတ်) ၁၁။ Digicel + Quantum Strategic+ Yoma Strategic (ဂျမေကား)
Posted on: Wed, 26 Jun 2013 16:07:56 +0000

Trending Topics



Recently Viewed Topics




© 2015