"ရေဘေးသင့် - TopicsExpress



          

"ရေဘေးသင့် ပြည်သူများအား Ooredoo မှ ငွေလှူဒါန်း" မြန်မာရေဘေးသင့် ပြည်သူများအား ဆက်သယ်ရေး ကုမ္ပဏီ Ooredoo မှ အမေရိကန်ဒေါ်လာ လေးသောင်း ထပ်မံ လှူဒါန်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။ “ရေဘေးသင့်ပြည်သူတွေ ထောက်ပံ့လှူဒါန်းမှုတွေ အများကြီးလိုအပ်နေတဲ့အတွက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ Ooredoo အနေနဲ့လည်း လူ့အဖွဲ့အစည်းအတွင်း အကူအညီလိုအပ်နေတဲ့ အချိန်မှာ ကူညီပေးတဲ့အလေ့အထကောင်း ရှိပါတယ်။ ဒါကြောင့် ရေဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုကို ကူညီထောက်ပံ့ပေးတာပါ”ဟု Ooredoo Myanmar မှ အကြီးတန်းအရာရှိ Rose Cormack က ပြောသည်။ လက်ရှိတွင် Ooredoo ကုမ္ပဏီ လှူဒါန်းမှုသည် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ရေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင်လည်း ရေဘေးသင့်ပြည်သူများ သက်သာကယ်ဆယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ နှစ်သောင်းလှူဒါန်းထားခဲ့ကြောင်း သိရသည်။ Ooredoo သည် မြန်မာအစိုးရမှ လုပ်ကိုင်ခွင့်ချပေးသော မိုဘိုင်းဆက်သွယ်ရေး လိုင်စင်နှစ်ခုတွင် ရွေးချယ်ခံထားရသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၀ နှစ်အတွင်း သန်းပေါင်း ၆၀ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုထားသည်။ AZ
Posted on: Sat, 21 Sep 2013 08:52:22 +0000

Trending Topics



Recently Viewed Topics




© 2015