ရွှေသံလွင်မီဒီယာ - TopicsExpress



          

ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် ဂိတ်အမှတ် (၁)၊ အမှတ် ၁၃၉(A)/၁၇၁(A)၊ မေယုအိမ်ရာ၊ မေယုလမ်းနှင့် အောက်ပုဇွန်တောင်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၉၀၁၀၁၃၉၊ ၉၀၁၀၁၄၀ လိုင်းခွဲ ၂၂၆/၂၂၈ E-Mail Address: stlmediahr@gmail ရွှေသံလွင်မီဒီယာ ၊ လွှတ်တော်ရုပ်သံလိုင်း Hluttaw Channel တွင် တာဝန်ထမ်းဆောင်ရန်အတွက် - (၁) Program Adviser ကျား/မ (၄)ဦး • လွှတ်တော်ရုပ်သံလိုင်း Hluttaw Channel အတွက် ရိုက်ကူးရေး အစီအစဉ်များ၊ ရိုက်ကူးသင့်သည့် အစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရမည်။ • ထိုက်သင့်သည့် နိုင်ငံရေးဗဟုသုတ ရှိရမည်။ • Talk Show, Interview များအတွက် မေးခွန်းများ၊ သုံးသပ်ချက်များကို စနစ်တကျ စီမံပေးရမည်။ • ရိုက်ကူးရေးအတွက် ညွန်ကြားချက်များကို ဦးဆောင်နိုင်ပြီး ခရီးသွားနိုင်ရမည်။ • အသက် (၄၀) နှစ်အထက် ဖြစ်ရမည်။ (၂) Producer ( News / Program ) ကျား/မ (၄)ဦး • သတင်း တည်းဖြတ်၊ ထုတ်လုပ်မှု အတွေ့အကြုံရှိရမည်။ • ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားလည်ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် မိမိရိုက်ကူးရေး အစီအစဉ်များကို စနစ်တကျ အစီအစဉ်ရေးဆွဲကာ ထုတ်လုပ်နိုင်သူဖြစ်ရမည်။ • သတင်းများ တိကျမှန်ကန်ရေး တာဝန်ခံရမည်။ • လိုအပ်သောစွမ်းဆောင်ရည်များကို မိမိဘာသာတည်ဆောက်မှုများ ပြုလုပ်နိုင်ရမည်။ • လုပ်ငန်းခွင်အတွေ့အကြုံရှိသူကိုဦးစားပေးမည်။ (၃) Video Editor ကျား/မ (၄)ဦး • တက္ကသိုလ်မှ အထူးပြုဘာသာတစ်ခုခုဖြင့် ဘွဲ့ရရှိပြီးသူ (သို့) Video Editing နှင့် ပတ်သက်သည့် သင်တန်းဆင်း လက်မှတ် ရရှိပြီးသူ ဖြစ်ရမည်။ • Video တည်းဖြတ်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ခန့်ရှိရမည်။ • အစီအစဉ်တစ်ရပ်၏ ပင်မအကြောင်းအရာ ပေါ်လွင်အောင် တည်းဖြတ်နိုင်သည့် အရည်အသွေးရှိရမည်။ (၄) Reporter / Journalist ကျား/မ (၆)ဦး • တက္ကသိုလ်မှ အထူးပြုဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရရှိပြီးသူ (သို့) Media နှင့်ပတ်သက်သည့် ဒီပလိုမာ သင်တန်းဆင်း လက်မှတ် ရရှိပြီးသူ ဖြစ်ရမည်။ • သတင်းစီမံခန့်ခွဲမှု လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ် ရှိရမည်။ • ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိစေရ။ • English, Myanmar ဘာသာစကားကို ကျွမ်းကျင်ရမည်။ (၅) Presenter ကျား/မ (၄)ဦး • တက္ကသိုလ်မှ အထူးပြုဘာသာဖြင့် ဘွဲ့ရရှိပြီးသူ (သို့) ဒီပလိုမာ သင်တန်းဆင်းလက်မှတ် ရရှိပြီးသူ ဖြစ်ရမည်။ • Media နှင့်ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ် ရှိရမည်။ • English 4 Skills အသင့်အတင့် ကောင်းမွန်ရမည်။ • ဖြတ်ထိုးဥာဏ်ရှိပြီး ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါနှင့်အညီ တင်ဆက်နိုင်စေရန် ပါတ်ဝန်းကျင် ဗဟုသုတပြည့်ဝသူ၊ မိမိ ကျင်လည်နေရသော အလုပ်သဘာဝကို စိတ်ဝင်တစား လေ့လာနိုင်သူဖြစ်ရမည်။ (၆) Cameraman ကျား (၄)ဦး • တက္ကသိုလ်မှ အထူးပြုဘာသာတစ်ခုခုဖြင့် ဘွဲ့ရရှိပြီးသူ (သို့) Diploma လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်။ • လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂)နှစ်ခန့်ရှိရမည်။ • ရိုက်ကူးရေး တစ်ခုချင်းစီအတွက် လိုအပ်သော Video Camera နှင့် ဆက်စပ်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရမည်။ • ရိုက်ကူးရေးတွင် လိုအပ်သော ရှူ့ဒေါင့်အမျိုမျိုးမှ ရရှိသည့်အချိန်တိုအတွင်း သေသပ်စွာ ရိုက်ကူးနိုင်ရမည်။ • Media နှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိသူကိုဦးစားပေးမည်။ (၇) Assistant Cameraman ကျား (၄)ဦး • အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ • Camera man လုပ်သက်အနည်းဆုံး(၁) နှစ် ရှိရမည်။ • စက်ပစ္စည်းများကို ရိုရိုသေသေကိုင်တွယ်နိုင်သူ ဖြစ်ရမည်။ • အသင်းအဖွဲ့နှင့် လုပ်ငန်းလုပ်ကိုင်နိုင်ရမည်။ (၈) Playout / Grid Planner ကျား/မ (၄)ဦး • ရိုက်ကူး ထုတ်လွှင့်မှုများကို စနစ်တကျ စာရင်းပြုစုကာ ပြန်လည်ထုတ်လွှင့်ရန် အချိန်ဇယားများဆွဲခြင်း၊ တစ်နေ့စာ၊ တစ်ပတ်စာ ထုတ်လွှင့်ချိန်များကို စီမံခန့်ခွဲပေးရမည်။ • ထုတ်လွှင့်ပြီးသော အစီအစဉ်များကို စနစ်တကျ သိမ်းဆည်းကာ လိုအပ်လျှင် ပြန်လည် ရှာဖွေထုတ်လွှင့်နိုင်ရန် စာရင်းပြုစုတတ်ရမည်။ • Computer Basic, Microsoftt Word, Excel, Internet ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရမည်။ • Media လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။ (၉) Data Collector ကျား/မ (၃)ဦး • ရုပ်သံလိုင်းအတွက် လိုအပ်သော အချက်အလက်များ၊ စာရင်းဇယားများကို အတိအကျ စာရင်းပြုစုထားရှိရမည်။ • ထုတ်လွှင့်ခဲ့ပြီးသော အစီအစဉ်များ၊ သတင်းများ၊ တွေ့ဆုံမှုများ၊ ခရီးစဉ်များကို လိုအပ်သည့်အချိန်တွင် ချက်ခြင်း ပြန်လည်ရှာဖွေနိုင်ရန် စာရင်းပြုစုပြီး Backup သိမ်းဆည်းထားရမည်။ • Computer Basic, Microsoftt Word, Excel, Internet ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရမည်။ • Media လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။ ပူးတွဲတင်ပြရန်။ ကိုယ်ရေးအချက်အလက်ပါ လျှောက်လွှာနှင့်အတူ လိုင်စင်ဓါတ်ပုံ(၃)ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ပညာ အရည်အချင်းမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းတို့မှ ထောက်ခံစာ၊ အလုပ်သမားရုံးမှတ်ပုံတင်လက်မှတ်၊ နောက်ဆုံး နှုတ်ထွက်ခဲ့သည့် လုပ်ငန်းမှ သက်ဆိုင်ရာအုပ်ချုပ်သူ၏ ထောက်ခံစာမိတ္တူနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ် ဒေသန္တရဆေးခန်းမှ ထောက်ခံချက်လက်မှတ်များ ပူးတွဲ၍ ၁၄.၉.၂၀၁၃ ရက်နေ့ နောက်ဆုံးထားပြီး အထက်ပါလိပ်စာသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ * သတ်မှတ်အရည်အချင်းပြည့်မီသူများသာလျှောက်ထားရန်။ * စာရွက်စာတမ်းမပြည့်စုံသူများကို လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ * ပဏာမရွေးချယ်ခံရသူများသို့သာ လူတွေ့စစ်ဆေးရန် အကြောင်းကြားပါမည်။ Presenter ရာထူးလျှောက်ထားသူများအနေနှင့် ကိုယ်တစ်ပိုင်းပုံ (၁)ပုံ၊ တစ်ကိုယ်လုံးပုံ (၂)ပုံ ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။
Posted on: Fri, 30 Aug 2013 08:08:15 +0000

Trending Topics



Recently Viewed Topics




© 2015