ရေကြောင်း - TopicsExpress



          

ရေကြောင်း သတိပေးချက်ထုတ်ပြန် နိုဝင်ဘာ ၁၈ ရက် ၂၀၁၃ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း နှင့် ရေနံ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ တွင် အကျိုး တူပူးပေါင်း ဆောင်ရွက် လျက် ရှိသော PC Myanmar ( Hong Kong ) Limited သည် ရဲတံခွန် သဘာဝ ဓာတ်ငွေ့မြေ ( တနင်္လာရီ ) ကမ်းလွန် လုပ်ကွက် အမှတ် M-12, M-13 နှင့်M-14 တို့တွင် Yetagun North Development Project အတွက် ရဲတံခွန် ပလက် ဖောင်း YET-C နှင့် YET-D အကြား Sub-Marine Pipe Line Survey လုပ်ငန်းများ ကို တိုင်းတာ ရေး ရေယာဉ် SS ASIAN WARRIOR ဖြင့် နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၅ ရက် အထိ ဆောင်ရွက် သွားမည် ဖြစ်သည်။ Sub-Marine Pipe Line Survey လုပ်ငန်းများ ဆောင်ရွက် မည့် တည် နေရာ များမှာ Point YET-C မြောက် လတ္တီ တွဒ် ၁၃ ဒီဂရီ ၂ မိနစ် ၅၉ ဒသမ ၂၅၂ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၅၂ မိနစ် ၂ဒသမ ၆၉၁ စက္ကန့် နှင့် Point YET-D မြောက် လတ္တီ တွဒ် ၁၃ ဒီဂရီ ၈မိနစ် ၄၆ ဒသမ ၂၃၀ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၅၂ မိနစ် ၄၀ ဒသမ ၆၄၅ စက္ကန့် တို့ တွင် ဖြစ်သည်။ သို့ဖြစ် ပါ၍ ရဲတံခွန် သဘာဝ ဓာတ်ငွေ့မြေ တွင် Yetagun North Development Project အတွက် ရဲတံခွန် ပလက် ဖောင်း YET-C နှင့် YET-D အကြား Sub-Marine Pipe Line Survey လုပ်ငန်းများ ကို တိုင်းတာရေး ရေယာဉ် SS ASIAN WARRIOR ဖြင့် ဆောင်ရွက် နေစဉ် ကာလ အတွင်း လုပ်ငန်း နှောင့်နှေး ကြန့်ကြာ မှု မဖြစ်ပေါ် စေရေး အတွက် ဖော်ပြပါ လုပ်ငန်း ခွင် ဧရိယာ မှ လေး ကီလိုမီတာ ပတ်လည် အတွင်း အား ရေကြောင်း သတိပေးချက် ( Notice to Mariners ) ထုတ်ပြန် ကြေညာ ထားပါ၍ သင်္ဘောကြီး ငယ်များ၊ ကုန်တင် စက်လှေ များ၊ ငါးဖမ်း သင်္ဘော များ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နား ထားခြင်း၊ ငါးဖမ်း ခြင်း၊ ငါးဖမ်း ကိရိယာ များချထား ခြင်း မပြု လုပ် ကြရန် အသိပေး ကြေညာ ထား သည်။ ငါးလုပ်ငန်း ဦးစီး ဌာန
Posted on: Mon, 18 Nov 2013 04:35:56 +0000

Trending Topics



Recently Viewed Topics




© 2015