ရွှေ့ပြောင်းရမည့် - TopicsExpress



          

ရွှေ့ပြောင်းရမည့် တောင်ဒဂုံ (၆၇) ရပ်ကွက် ပြည်သူများ သက်ဆိုင်ရာအား ကတိအတိုင်း လုပ်ပေးရန် တောင်းဆို တန် ဖိုးနည်းအိမ်ရာစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရန် သတ်မှတ်ခြင်း ခံထားရသည့် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်၊ (၆၇)ရပ်ကွက်မှ နေအိမ် ၅ဝကျော်ခန့်မှာ သက် ဆိုင်ရာမှပေးထားခဲ့သည့် ကတိအ တိုင်းလုပ် ပေး မှ သာ ယခုနေရာမှ ပြောင်းရွှေ့ပေးနိုင်မည်ဖြစ်ကြောင်း ယင်းရပ်ကွက်မှ ဒေသခံများက ပြောသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စတင်တည်ဆောက် နေပြီဖြစ်သည့် တန်ဖိုးနည်း အိမ် ရာစီမံကိန်းတွင်ပါဝင်နေသော (၆၇) ရပ် ကွက်ရှိ နေအိမ် ၆၀၀ ကျော်ကို သက်ဆိုင်ရာမှ နို့တစ်စာ လေးကြိမ်ခန့်ထုတ်ကာ ပြောင်း ရွှေ့ပေးရန်ညွှန်ကြားခဲ့သည့်အ တွက် ယင်းရပ်ကွက်မှ နေအိမ်အ များစုမှာ ဇူလိုင်လအတွင်းမှ စ တင်ကာ သတ်မှတ်ထားသည့်နေ ရာများကို ပြောင်း ရွှေ့ သွားကြ ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ယင်းရပ်ကွက်မှ နေအိမ်၅ဝကျော်ခန့်မှာ မပြောင်းရွှေ့ဘဲကျန်ရှိနေသေးသည့် အတွက် ဩဂုတ် ၂၃ရက်နောက် ဆုံးထားပြောင်းရွှေ့ပေးရန် သက် ဆိုင်ရာမှ နို့တစ်စာပေးပို့ခဲ့သော် လည်း ယင်းတို့အနေဖြင့် သက် ဆိုင်ရာမှ ပေးထားခဲ့သည့် ကတိ အတိုင်းသာ ဆောင်ရွက်ပေးမှ သာ ယခုနေရာမှပြောင်းရွှေ့ပေး မည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ (၆၇)ရပ်ကွက်မှ ဦးအေးကို က 'လက်ရှိအနေအထားအရ လွတ်လပ်တဲ့နေရာမှာ တန်းလျား ထိုးပေးထားမယ်။ တိုက်ခန်း တွေ လဲလျှောက်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ကို ဒီလူတွေကိုဦးစားပေးအနေ နဲ့ပေးမယ်လို့ လူကြီးတွေက ကျွန် တော်တို့ကို ကတိပေးခဲ့တယ်။ ခု တော့ အဲလိုမဟုတ်ဘဲနဲ့ အိမ် ထောင်စုတစ်စုကို ၁၀ * ၆၀ ပေ မြေကွက်တစ်ကွက်နဲ့ ငွေနှစ်သိန်း ပေးပြီးပြောင်းခိုင်းတယ်'ဟု ရန် ကုန်တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။ ယင်းနှင့်ပတ်သက်၍ (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနှင်း အောင်ဇော်က 'သူတို့ကို သက် ဆိုင်ရာက ၁၀*၆၀ မြေကွက်နဲ့ ပြောင်းရွှေ့စရိတ် ကျပ်နှစ်သိန်း ပေးတယ်။ မပြောင်းလိုတဲ့သူတွေ က ပေ ၂၀*၆၀ အကွက်ပေးဖို့ကို အဓိက တောင်းနေကြတယ်'ဟု ဆိုသည်။ (၆၇) ရပ်ကွက်မှ နေအိမ် ၆ဝဝကျော်ကို ဒဂုံမြို့သစ်အရှေ့ ပိုင်းရှိ(၁၅၅)ရပ်ကွက်နှင့် (၁၃၈) ရပ်ကွက်များဆီသို့ ပြောင်းရွှေ့စေ ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောင်း ရွှေ့ခံထားရသူများ၏ပြောကြား ချက်အရ သိရ သည်။ မပြောင်းရွှေ့ဘဲကျန်ရှိနေ သည့်(၆၇)ရပ်ကွက်မှ နေအိမ် ၅ရလုံးအနက် အစိုးရမှ တရား ဝင်သတ်မှတ်ထားသည့်နေအိမ် ၄ဝနှင့် တရားဝင်သတ်မှတ်ခြင်း မရှိဘဲ အဖီချနေထိုင်သည့်နေအိမ် ၁ရလုံးခန့်ပါဝင်ကြောင်းလည်း သိရသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း ကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့ နယ်ရှိ (၁၃၈)ရပ်ကွက်နှင့် (၁၅၅) ရပ်ကွက်များသို့ပြောင်းရွှေ့ပေးရန် သတ်မှတ်ခြင်းခံရသည့်ရပ်ကွက် မှာ ယင်းမြို့နယ်အတွင်းမှ (၆၇) ရပ်ကွက်တစ်ခုတည်းသာမဟုတ် ဘဲ ၆၁ရပ်ကွက်လည်း ပါဝင်သည်။ မာန်ယုကျော် (ရွှေဝမြေ) Yangon Media Group
Posted on: Mon, 02 Sep 2013 08:25:01 +0000

Trending Topics



AUMENTO FUERTE SU VENTA EN 2012: El arte como un refugio La

Recently Viewed Topics




© 2015