ရေချို ရေငန် ငါး ပုစွန် - TopicsExpress



          

ရေချို ရေငန် ငါး ပုစွန် မွေးမြူရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ Wednesday, 28 August 2013 မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်ချက် အရ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သော ရေချို ရေငန် ငါး/ပုစွန် မွေးမြူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက စစ်တွေမြို့ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးသာလူချေ၊ ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှူး ဦးစိုးမြင့်နှင့် ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ် စိုက်ပျိုး ရေးနှင့် မွေးမြူရေး ဝန်ကြီးက အဖွင့် အမှာစကား ပြောကြားပြီး ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။ အဆိုပါ သင်တန်းသို့ ခရိုင်/မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဝန်ထမ်းများ၊ ပုဂ္ဂလိက ငါးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြရာ သင်တန်းနည်းပြများက ရေချို ရေငန် ငါး/ပုစွန် မွေးမြူရေးဆိုင်ရာ များနှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ ၁၂ ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ myawady.mm/allnews/local/item/23753-2013-08-28-11-29-20
Posted on: Wed, 28 Aug 2013 05:54:50 +0000

Trending Topics



Recently Viewed Topics




© 2015