ရေနံနှင့် သဘာဝ - TopicsExpress



          

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ တ္တုတူးဖော်ရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်း တင်သွင်းမှုကဏ္ဍ ဆက်လက် မြင့်တက်ဦးမည်ဟု ခန့်မှန်းထား Created on Tuesday, 24 September 2013 00:19 ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေ ၅ ဒသမ ၇ ဘီလျံ ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အဓိက ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတူးဖော်ရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသည့် အတွက် ၂၀၁၄ မှ ၂၀၁၇ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်း တင်သွင်းမှုကဏ္ဍ မြင့်တက်လာဦးမည်ဟု ခန့်မှန်းထားကြောင်း IMF မှ ထုတ်ပြန်သော အချက်အလက်များကို အခြေခံလျက် Enhancing India - Myanmar Trade and Investment Relation: A Brief Analysis တွင် ဖော်ပြထားချက်များအရ သိရသည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ တိုးတက်နေပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း လေးဆတိုးတက်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ၅ ဒသမ ၆ ဘီလျံသာ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံအထိ ရှိလာခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပြည်ပပို့ကုန် ကဏ္ဍအား ခွဲခြားကြည့်ရာတွင် ၂၀၀၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလျံသာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၁၀ ဘီလျံအထိ မြင့်တက်ခဲ့ကာ သွင်းကုန်ကဏ္ဍတွင်မူ အလားတူ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံမှ ၁၅ ဒသမ ၄ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်းနှင့် ရရှိထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ် အတွက် ကုန်သွယ်မှု လိုငွေ ၅ ဒသမ ၇ ဘီလျံ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အများသုံး တင်သွင်းနေသော နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများဖြစ်ပြီး မြန်မာ့ပြည်ပပို့ကုန် စုစုပေါင်း တင်ပို့မှု၏ ၇၇ ရာခိုင်နှုန်း ရှိကြောင်းနှင့် သွင်းကုန်ပိုင်းတွင်မူ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းနေရကြောင်း၊ တရုတ်နိုင်ငံပြီးလျှင် ထိုင်းနိုင်ငံ၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဗီယက်နမ်နိုင်ငံများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စုစုပေါင်း တင်သွင်းမှု၏ ၈၃ ရာခိုင်နှုန်း ရှိကြောင်း၂၀၁၂ ခုနှစ် ကုန်သွယ်မှု ကိန်းဂဏန်းများအရ သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်မူ ဘတ်ဂျက်လိုငွေ GDP ၏ ငါးရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ် GDP မှာ ၄၅ ဒသမ ၉ ဘီလျံ ရှိခဲ့ကြောင်းနှင့် ထိုအချိန်တွင် တစ်ဦးချင်း ၀င်ငွေ GDP par Capital Income မှာ အမေရိကန်ဒေါ်လာ ၇၅၀ ရှိကြောင်း သိရသည်။ ပညာရှင်များ၏ အမြင်အရ ဘတ်ဂျက်လိုငွေသည် ကြီးမားသော ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေကြောင်း၊ သို့သော်လည်း ဘတ်ဂျက်လိုငွေ၏ ဆိုးကျိုးများကိုမူ ချက်ချင်းသိရှိမှု နည်းပါးကြောင်း၊ ထို့ကြောင့် အစိုးရများက လိုငွေကို လျစ်လျူရှုပြီးနောက်မှ ကိုင်တွယ်ရန် အလွယ်တကူ ရွှေ့ဆိုင်းတတ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်မှစ၍ နှစ်စဉ်ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်ခန့်မှစ၍ တစ်နှစ်ထက် တစ်နှစ်ကြီးမား လာကြောင်းလည်း သိရသည်။ Credit to >Eleven Media Group< Thanks Re-posted by ဆုံချက်ထူး 24-9-2013
Posted on: Mon, 23 Sep 2013 18:12:50 +0000

Trending Topics



Recently Viewed Topics




© 2015