လေဆိပ်မှ - TopicsExpress



          

လေဆိပ်မှ မြို့တွင်းသို့ Airport Shuttle ယာဉ်များ စတင်ပြေးဆွဲမည် ရန်ကုန်လေဆိပ်မှ မြို့တွင်းသို့ Airport Shuttle ယာဉ်များ စတင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန် Airport Shuttle မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးကျော်ကျာ်က ပြောသည်။ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အဆိုပါ အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်း ပထမဦးဆုံးအဖြစ် စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ “ရန်ကုန်လေဆိပ်ကနေ မိမိသွားလိုရာ နေရာကို Airport Shuttle ယာဉ်တွေနဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လေဆိပ်မှာ Taxi ငှားရတာ အခက်အခဲရှိသူတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးကျော်ကျော်က ပြောသည်။ အဆိုပါ အစီအစဉ်ကို ပြည်ပ ကမ္ဘာလှည့်ခရီးသည်များအပြင် ပြည်တွင်းခရီးသည်များလည်း လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားသားဆိုပါက ငါးဒေါ်လာ၊ ပြည်တွင်းမှ ခရီးသည်ဆိုပါက သုံးထောင့်ငါးရာကျပ် သတ်မှတ်ထားကြောင်း သိရသည်။ စုစုပေါင်း Airport Shuttle ယာဉ် ၇ စီးဝန်းကျင်ခန့်ဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “လေယာဉ်ဆိုက်ရောက်တဲ့ အချိန်တိုင်းကို ထားရှိပေးသွားမှာပါ။ ၂၄ နာရီဝန်ဆောင်မှုအဖြစ် ဆောင်ရွက်မယ်”ဟု ဦးကျော်ကျော်က ဆက်လက် ပြောကြားသည်။ အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားသားများ လေ့လာနိုင်ရန် ဝက်ဘ်ဆိုက်လွှင့်တင်ထားပြီး အဆိုပါ ဝက်ဘ်ဆိုက်ဖြစ်သည့် ygnairportshuttle တွင် အသေးစိတ် ကြည့်ရှုနိုင်ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ Ref : Khit Lu Nge
Posted on: Tue, 03 Sep 2013 04:19:58 +0000

Trending Topics



Recently Viewed Topics




© 2015