“သီတဂူ စန်းလပမာ - TopicsExpress



          

“သီတဂူ စန်းလပမာ ချမ်းမြသာယာရှိဆဲပါ” ^^^^^^^^^^^^^^^^^^^^^^ စောင့်ကြည့်ဂျာနယ် (28.1.2014) ပါ သတင်းထောက် NW ရဲ့ လက်ချက်လေးပါ။ “ယခုကိစ္စတွင် အရှင်ဝီရသူကိုယ်တိုင်ကလည်း သတင်းလုပ်ကြံ ဖြန့်ခဲ့ကြောင်း သိရသည်”။ ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြော လုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည်နေသည်ကို ယခုကိစ္စက ပို၍သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲဖြစ်သည် ဟု ဝေဖန်နေကြသည် ဆိုပဲ။ မင်းငါ့ကို အသုံးချတယ် လို့ ဆရာတော်ကြီးမိန့်တာက ရခိုင်ဆရာတော်ပြေမှန်း မသိရှာလို့ပါ။ နောက်ပိုင်း သိသွားတဲ့အခါကျတော့ အခုထိ နွေးထွေးတုန်းပါပဲ။ 19.1.2014 ရက်နေ့မှာ ရန်ကုန် သီတဂူတက္ကသိုလ်ကိုရောက်ပါတယ်။ သီတဂူဆရာတော်ကြီး ကြီးမှူးကျင်းပတဲ့ Inten Faith Dialogue အခမ်းအနားဖိတ်လို့ပါ။ ဆရာတော်ကြီးကိုယ်တော်တိုင်က “အေးသွားပါပြီ၊ ရှင်းသွားပါ ပြီကွာ” ဟု မိန့်တော်မူပါတယ်။ ဆရာတော်ကြီးကိုယ်တော်တိုင် ဝီရသူတည်းခိုဖို့ အခန်းတွေဘာတွေ ပြင်ခိုင်းပေးပါတယ်။ ဆရာတော်ကြီး ကျောင်းမှာပဲ ခေါင်းရိပ် ရေချိုး ဆွမ်းစားပြီးမှ အခမ်းအနား တက်တာပါ။ ဘာသာပြန်ပေးဖို့ ဦးပဉ္စင်း တစ်ပါးကိုတောင် စီစဉ်ပေးထားပါတယ်။ သီတဂူဆရာတော်ကြီးဆိုတာ ဝီရသူဘဝမှာ အကြီးမားဆုံး ကျေးဇူးရှင်တစ်ပါးပါ။ (၇)နှစ်ကျော်ကာလ ဝီရသူ တိမ်မြုပ်နေစဉ် သီတဂူဆရာတော်ကြီး ကျေးဇူးကြောင့် “ဝီရသူ မသေသေးဘူး၊ ထောင်ထဲမှာရှိတယ်” ဆိုတဲ့အကြောင်း ကမ္ဘာကြီးက သိခဲ့ရတာပါ။ မြစ်ကြီးနားထောင်ပြောင်းတော့လည်း သစ်သီးခြင်းတွေပို့ပြီး ထောက်ပံ့အားပေးပြန်ပါတယ်။ TIME မဂ္ဂဇင်း ကျေးဇူးကြောင့် ကရုဏာသက်ရာမှ ယနေ့ညအထိ ဖုန်းဆက်အားပေး ဆုံးမ လမ်းညွှန်နေတုန်း ပါပဲ။ သီတဂူဆရာတော်ကြီးဆိုတာ ဝီရသူရဲ့ ဖခင်ဆိုလည်း ဟုတ်တယ်။ ဆရာရင်းဆိုလည်း ဟုတ်တယ်။ ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်။ သီတဂူဆရာတော်ကြီး ဝီရသူပေါ်ထားတဲ့ မေတ္တာဟာ အခုချိန်ထိ စန်းလပမာ ချမ်းမြသာယာရှိနေဆဲပါ။ ဝီရသူက- သီတဂူဆရာတော်ကြီးကို လုပ်ကြံသတင်း ဖြန့်ရအောင် “သံဃာ့ကျေးဇူးကန်းတဲ့ နိုင်ငံရေး လောကသားတွေလို အန္ဓဗာလ မျိုးမဟုတ်ဘူး”။ ဝီရသူကို အစိုးရလူလို့ ယုံကြည်နေတာ ပြည်သူတွေမဟုတ်ပါဘူးဗျာ။ ဝေဖန်လေကန် နိုင်ငံရေး သမားတွေ၊ ကုလားတွေ၊ ကုလားသြဇာခံတွေပါ။ ဝီရသူ-တရားပွဲတွေနဲ့၊ ဓမ္မဒူတခရီးစဉ်တွေကို လေ့လာကြပါဦးနော်။ ဝီရသူရဲ့=မူဝါဒက တူရင်တွဲလုပ်-မတူရင်ခွဲလုပ်။ ပါတီစွဲ-ပုဂ္ဂိုလ်စွဲ-ဝါဒစွဲတွေကင်းရမယ်။ အမုန်းခံပြီး ရှေ့ဆောင်ရဲရမယ်။ ချီးကျူးစရာရှိရင် ချန်မထားကြေး။ ရှုတ်ချစရာရှိရင် အားမနာကြေး။ လက်ညှိုးနဲ့ လက်ခုပ်ကို တူညီသော လောကဓံအဖြစ် ရှုမြင်နှလုံးသွင်းနိုင်တဲ့သူ- စိတ်ချပါ။ ဝီရသူရှိနေသမျှ သံဃာတွေ အသုံးချမခံစေရဘူး။ ပြည်သူတွေ အလိမ်အညာ မခံစေရဘူး။ တိုင်းပြည် ရောင်းအစား မခံရစေဘူး။ ဝီရသူဆိုတာ ထာဝရ အတိုက်အခံ အမျိုးသားရေးဝါဒီ တစ်ပါးလို့ မှတ်ထားလိုက်ပါ NW။ ဝီရသူ(မစိုးရိမ်) 26.1.2014 00:20 နာရီ။ ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှန်နိုင်၊ သမ္မတဦးသိန်းစိန်ကိုကိုသာ မဲပေးပါဟု သီတဂူဆရာတော် မိန့်ကြားသည်ဆိုသည့် သတင်း သီတဂူဆရာတော် အရှင်ဥာဏိဿရ ပြတ်ပြတ် သားသားငြင်းပယ်” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချတိုက်ခိုက် မှုများကို ဆန့်ကျင်ဘက်အုပ်စုတစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ချုံခိုတိုက် ခိုက်မှုများရှိနေကြောင်း သိရသည်။ မြန်မာပြည် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးကို မလိုလားသောသူများ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည်တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။ ယခုလောလောလတ်လတ်မှာမူ ပြည်သူပရိသတ်အပေါ်မှာ သြဇာရှိသော ဘာသာရေးဘက်တွင် အလွန်ထင် ရှားသော အရှင်ဥာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက်လာပြန်သည်။ မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင်လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုး ဘာသာ သာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူဆရာတော်က မိန့်ကြားလိုက်ကြောင်းဟူ၍ ရေးသားထားသည်။ ယခုကိစ္စတွင် အရှင်ဝီရသူကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်ဘုရား အရှင်ဥာဏိဿရထံ လျှောက်ထားရာ ဆရာတော် ၁၅ ရက်နေ့ ဟောတဲ့ တရား Record မှာ ၁၉ ရက်နေ့ ရန်ကုန်ကိုယူလာမယ်။ အဲဒီအခွေကို နားထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။ ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။ ဝီရသူ အဲဒါတော့ ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မဲမထည့်နဲ့လို့ ဟောသလား၊ ဆရာတော်က ပြောသလား။ မင်းတို့ ရှင်းကြကွာလို့ ပြောလိုက်တယ်။ မင်းငါ့ကို အသုံးချတယ်။ မင်းတို့ ဘယ်လိုလုပ်မလဲလို့ ပြောလိုက်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဦးဇင်းတို့ ဖုန်းဆက်ပြောပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။ ဆရာတော် ဟောခဲ့တဲ့ တရားကို နာလိုက်ရင်ပြီးတာပဲ။ ကျုပ်ဒီကိစ္စမှာ ပါလဲမပါဘူး။ ပြောလဲ မပြောဘူး။ ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိ တယ်။ ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊ ချမ်းသာရေး လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။ ဘယ်သူ့ကို မဲထည့်ပါ၊ ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူးဟု ဆရာတော်ဘုရားက မိန့်ကြားလိုက်ပါသည်။ ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြောလုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည်နေသည်ကို ယခုကိစ္စက ပို၍ သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲဖြစ် သည်ဟု ဝေဖန်နေကြသည်။ NW
Posted on: Sat, 25 Jan 2014 18:32:19 +0000

Trending Topics



Recently Viewed Topics




© 2015