"အသက် ၁၈ - TopicsExpress



          

"အသက် ၁၈ နှစ်မပြည့်သေးသော်လည်း ၁၅ဝဝ တန်ဖုန်းကတ် ခွဲတမ်းထဲပါစေချင်လို့ပါ" အယ်ဒီတာရှင့် ကျွန်မက ရန်ကုန်မှာနေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးရဲ့ မိခင်ပါ။ ကျွန်မရဲ့သမီးဟာ ကျွန်မတို့နေတဲ့အိမ်နဲ့ အလွန်ပဲဝေးလံလှတဲ့ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေရတော့ ကျောင်းနဲ့ အိမ်ကြားမှာ ဆက်သွယ်ဖို့ ဖုန်းအခက်အခဲရှိနေလို့ ဟန်းဖုန်းတစ်လုံးလောက်ဝယ် ပေးဖို့ သမီးက ပူဆာပေမယ့် ငွေကြေးမတတ်နိုင်လို့ ဝယ်မပေးနိုင် ပါဘူး'။ အခုဆိုရင် ကလေးကျောင်းပြန်ချိန်မှာ ကားကျပ်တဲ့ အခက်အခဲ ကြောင့် အချိန်မှန်အိမ်ပြန်မရောက်တဲ့အခါမှာ မိဘများမှာ စိတ်ပူကြ ရပါတယ်။ ကျွန်မကြားမိတာက ၁၅ဝဝ တန် ဖုန်းကတ်တွေ ရောင်းတဲ့ အခါမှာ ဝန်ထမ်းခွဲတမ်း၊ သံဃာတော်များအတွက် ခွဲတမ်း၊ အရပ်ထဲ က သာမန်ပြည်သူတွေအတွက် ခွဲတမ်းဆိုပြီး ရောင်းပေးနေတာ သိရပါတယ်။ ကျွန်မတို့လည်း အိမ်ရှိ လူကုန် မဲနှိုက်ပေမယ့် မပေါက် ပါဘူးရှင်။ အဲဒီအထဲမှာ ကျွန်မသမီးက ၁၈ နှစ်မပြည့်သေးလို့ဆိုပြီး ဖုန်းမဲနှိုက်ဖို့ စာရင်းမှာတောင် မပါခဲ့ပါဘူး။ သက်ဆိုင်ရာများကို ကျွန်မ မေတ္တာရပ်ခံချင်တာက ကျွန်မတို့ မိသားစုတွေလို တန်ဖိုးကြီးဖုန်းဝယ်မပေးနိုင် သေးတဲ့တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားမိသားစုများအတွက် ဖုန်းကတ်ခွဲတမ်းချတဲ့ အထဲမှာ အထူးကိစ္စတစ်ရပ်အနေနဲ့ စဉ်းစားပေးစေချင်တာပါ။ ပြန် ရောင်းစားဖို့မဟုတ်ပါဘူးရှင်။ အိမ်နဲ့ကျောင်းသွားရတဲ့ လမ်းခရီး အကြားမှာ မိဘနဲ့သားသမီးတွေ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ ဦးစားပေးစာရင်းမှာ ထည့်သွင်းပေးဖို့ အယ်ဒီတာကတစ်ဆင့် မေတ္တာ ရပ်ခံလိုက်ပါရစေရှင်။ ကျောင်းသူမိခင်တစ်ဦး Popular Myanmar News Journal
Posted on: Wed, 19 Jun 2013 12:37:27 +0000

Trending Topics



Recently Viewed Topics




© 2015