“အိမ်နီးချင်း - TopicsExpress



          

“အိမ်နီးချင်း နိုင်ငံအချို့မှ မူစလင်ဘာသာဝင်နဲ့ လက်ထပ်ခြင်းဆိုင်ရာ ဗဟုသုတများ” By Soe Tun “အိမ်နီးချင်း နိုင်ငံအချို့မှ မူစလင်ဘာသာဝင်နဲ့ လက်ထပ်ခြင်းဆိုင်ရာ ဗဟုသုတများ” ခုတလော မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံက Shariah Law အရ ထိမ်းမြားလက်ထပ်ခြင်းကို စံထား ပြောဆိုတဲ့၊ တင်တဲ့ ပို့စ်တွေမှာ မပြည့်စုံတာ၊ လွဲချော်နေတာကို ဖတ်ရကတည်းက ရေးမလို့ပါပဲ။ ဒါပေမယ့် မအားလို့ ခုမှ ရေးဖြစ်ပါတယ်။ ပြောရရင် စင်္ကာပူနိုင်ငံမှာ လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး Civil Law & Shariah Law ဆိုပြီး ၂-ခု ရှိတာ မှန်ပါတယ်။ ဒါပေမယ့် မူစလင်ဘာသာဝင်ကို ချစ်ကြိုက်မိလို့ လက်ထပ်ရင် ဘာသာပြောင်းပြီး Shariah Law အရ ROMM (Resigistry Of Muslim Marriage) မှာပဲ တရားဝင် လက်ထပ်လို့ ရတဲ့သဘောမျိုး ပြောဆိုနေတာ မှားပါတယ်။ အမှန်က စင်္ကာပူနိုင်ငံမှာ နှစ်ဦးသဘောတူ တရားဝင် လက်ထပ်ဖို့ ဘယ်ဘာသာကိုမှ တရားဝင် ပြောင်းစရာ မလိုပါဘူး။ တစ်စုံတစ်ယောက်က မူစလင် ဘာသာဝင်ကို ချစ်ကြိုက်ပြီး အကြောင်းကြောင်းကြောင့် မူစလင် ထုံးတမ်းစဉ်လာအရ လက်ထပ်မယ်ဆိုရင်တော့ Civil Law အရ ROM (Registry Of Marriage) မှာ လက်ထပ်လို့ မရပဲ မူစလင်ဘာသာဝင်အဖြစ် ဘာသာပြောင်းပြီး Shariah Law အရ ROMM မှာပဲ လက်ထပ်ရပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က မူစလင်ဘာသာဝင်ကို ချစ်ပေမယ့် ဘာသာပြောင်းဖို့ စိတ်ကူးမရှိရင် Civil Law အရ ROM မှာ လက်ထပ်နိုင်ပါတယ်။ အဲ့တော့ ပြန်ပြောရရင် စင်္ကာပူနိုင်ငံမှာ တစ်စုံတစ်ယောက်က မူစလင်ဘာသာဝင်ကို ကြိုက်ပေမယ့် မူစလင်ဘာသာဝင် မိဘအသိုင်းအ၀ိုင်းက ကျေနပ်ရင် (သို့) မူစလင်ဘာသာဝင် ချစ်သူက ကြည်ဖြူရင် ဘာသာပြောင်းစရာ မလိုပဲ Civil Law အရ ROM မှာ တရားဝင် လက်ထပ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် စင်္ကာပူနိုင်ငံမှာ အဓိက ကိုးကိုယ်တဲ့ ဘာသာရယ်လို့ သတ်မှတ်ထားတာ မရှိပဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လက်ထပ်ခွင့် ပေးထားလို့ပါပဲ။ မူစလင်ဘာသာကို တရားဝင် မပြောင်းရင် တရားဝင် လက်ထပ်ခွင့် မရတာကတော့ မလေးရှားနိုင်ငံပါ။ ဒါကြောင့် ဘာသာမတူတဲ့ စုံတွဲတွေဟာ ထိုင်းကို သွားပြီး Shariah Law အရ တရားဝင် လက်ထပ်နိုင်တဲ့ ပြည်နယ် ၃-ခု ဖြစ်တဲ့ Narathiwat, Yala & Pattani မှာ မူစလင် ဟန်ဆောင်ကာ သွားရောက် လက်ထပ်ကြပါတယ်။ ဘာလို့ စင်္ကာပူနိုင်ငံမှာ ဟန်ဆောင် လက်မထပ်ကြတာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ စင်္ကာပူနိုင်ငံမှာ ဟန်ဆောင်လက်ထပ်လို့ ရပေမယ့် မူစလင် စစ်မစစ် သေချာအောင် မေးမြန်းတဲ့ မေးခွန်းတွေက များလွန်းလို့ပါပဲ။ ထိုင်းက မူစလင်ထုံးတမ်းစဉ်လာအရ လက်ထပ်လို့ ရတဲ့ ပြည်နယ် ၃-ခုမှာတော့ သိပ် စစ်ဆေးမေးမြန်းခြင်း မရှိပဲ လွယ်ကူစွာ လက်ထပ်နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သက္ကရာဇ်၂၀၀၀ မတိုင်ခင်က ဘာသာမတူပေမယ့် တရားဝင် လက်ထပ်ခွင့် ရှိပြီး မိသားစု တစ်စုမှာ ဘာသာ ၂-ခုနဲ့ အထက် ကိုးကွယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် သက္ကရာဇ်၂၀၀၀ နောက်ပိုင်းမှာတော့ မိသားစုတစ်စုမှာ တဘာသာတည်းကိုသာ ကိုးကွယ်ခွင့် ပြုပါတယ်။ ဒါဟာလည်း မူစလင်ဘာသာကိုသာ ပြောင်းရမယ်လို့ ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ ဥပမာ … မူစလင်ဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် လက်ထပ်မယ်ဆိုရင် ကြိုက်နှစ်သက်တဲ့ ဘာသာတခုကို တရားဝင် ပြောင်းမှသာ တရားဝင် လက်ထပ်စာချုပ်ကို ရရှိပါတယ်။ သို့သော် သက္ကရာဇ်၂၀၀၀ မတိုင်ခင်က လက်ထပ်ထားတဲ့သူတွေကတော့ ဘာသာတခုတည်းအဖြစ် ပြန်ပြောင်းလဲစရာ မလိုပါဘူး။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံက တချို့သော ဘာသာခုခုကို မပြောင်းလိုတဲ့ စုံတွဲတွေဟာ စင်္ကာပူနိုင်ငံမှာ Civil Law အရ ROM မှာ လာရောက် လက်ထပ်ကြပါတယ်။ Cilvil Law အရ လက်ထပ်စာချုပ်မှာ မည်သည့် ဘာသာဝင်ဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ အဓိက တရားဝင် လက်ထပ်စာချုပ် ရှိရင် အင်ဒိုနီးရှား အစိုးရက လက်ခံပါတယ်။ ဒီလောက်ဆိုရင် မူစလင်ဘာသာဝင်တွေနဲ့ ပတ်သက်တဲ့ ထိမ်းမြားလက်ထပ်ခြင်းကို တော်တော်တန်တန် သိလောက်မယ်လို့ ယူဆပါတယ်။ လေးစားခင်မင်စွာဖြင့် စိုးထွန်း 13 July 2013 (3:15am)
Posted on: Sat, 13 Jul 2013 12:05:12 +0000

Trending Topics



Recently Viewed Topics




© 2015