နိုင်ငံခြားသား - TopicsExpress



          

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လွှတ်တော်တင်မည် Thursday, January 16, 2014 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်စနစ် (PR-Permanent Residence)ကို စတင်ဆောင်ရွက်ရန် နိုင်ငံအကြီးအကဲ၏ ခွင့်ပြုချက်ရထားပြီးဖြစ်ရာ မကြာမီလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းဌာနပြည်ထောင်စု ၀န်ကြီးက မဇ္ဈိမကိုပြောသည်။ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ခေါ်မယ်၊ ရင်းနှီးမြှုပ်နှံတဲ့ ပုဂ်္ဂိုလ်တွေလည်း ခေါ်မယ်၊ အဲဒီပုဂ်္ဂိုလ်မျိုးတွေ မဟုတ်ခဲ့ရင်တောင်မှ ကျွန်တော်တို့နဲ့ နှစ်ပေါင်းများစွာ ကွဲ ကွာနေတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ကျွန်တော်တို့လူမျိုးတွေ တစ်ဖက် နိုင်ငံသားခံယူထားတဲ့ သူတွေက ပြန်လာချင်တယ်ဆိုရင်လည်း ပြန်လာနိုင်အောင် လမ်းဖွင့်ပေးမယ်၊ နောက်ဆုံး ကျွန်တော်တို့ ရဲ့သွေးသားစပ်ခဲ့တဲ့သူတွေက ဒီကို ပြန်လာချင်တယ်ဆိုရင်လည်း ပြန်လာနိုင်အောင် လမ်းဖွင့်ပေးမယ်၊ အဲဒီအချက် လေးခုနဲ့ PR စနစ်ကို စီစဉ်တာပါ” ဟု ၀န်ကြီးဦးခင်ရီက ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေး တတိယနေ့တွင် မဇ္ဈိမကို ဖြေကြားခဲ့သည်။ PR ကိုင်ဆောင်နေထိုင်သူတို့ နိုင်ငံသား ဖြစ်ခွင့်လျှောက်ထားနိုင်ခြင်း ရှိမရှိဟု မဇ္ဈိမ ကမေးသည်ကို ၎င်း က “PR ကိုင်ထားတဲ့သူက မြန်မာနိုင်ငံသားဟောင်းတွေဆိုရင် PR သက်တမ်းတစ်ခုအပြီးမှာ နိုင်ငံသား လျှောက်ခွင့်ရှိပါတယ်၊ တကယ်တော့ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေပုဒ်မ ၁၃ အရ လူတစ်ဦးဟာ နှစ်နိုင်ငံ အပေါ် သစ္စာခံလို့ မရဘူး၊ ဒါပေမယ့်နိုင်ငံတော်အကျိုးငှာဆိုတဲ့ clause တစ်ခုကြောင့် နိုင်ငံတော် အကြီး အကဲ၊ နိုင်ငံတော်စိုးရက စဉ်စားပေးလို့ ရပါတယ်၊နိုင်ငံသားဟောင်းတွေက ပြန်လျှောက်လာရင် အကြီး အကဲကလည်း လက်ခံရင် ဟိုဘက်ကိုစွန့် ဒီမှာနိုင်ငံသား ပြန်ဖြစ်နိုင်ပါတယ်” ဟုဖြေကြားသည်။ PR ဖြင့် လာရောက်နေထိုင်မည့် မြန်မာနိုင်ငံသားဟောင်းတို့အတွက် PR သက်တမ်းငါးနှစ်အပြီး နိုင်ငံသား လျှောက်ထားလျှင်ဖြစ်ခွင့်ရှိရာ လောလောဆယ်၌ ပဏာမအဆင့် လက်ခံထားသူ ၄၃ ဦး ရှိထားကြောင်း လည်း ၀န်ကြီးကပြောသည်။ အဆိုပါ ၄၃ ဦးနှင့်ပတ်သက်ပြီး ၀န်ကြီးက အမည်နာမများ ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း အမေရိကန်နှင့် ဂျာမနီစသည့် ဝေးလံသောနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟောင်းများ ဖြစ်ကြောင်း သိရသည်။ Mizzima - News in Burmese
Posted on: Thu, 16 Jan 2014 03:55:21 +0000

Trending Topics



Recently Viewed Topics




© 2015