နိုင်ငံတကာကျောင်း (International - TopicsExpress



          

နိုင်ငံတကာကျောင်း (International School) များ ၊ နိုင်ငံတကာမူကြိုကျောင်း (International Pre- School) များတွင်ဆရာ၊ဆရာမလုပ်လိုသူများနှင့် ကိုယ်ပိုင်မူကြို ထူထောင်လုပ်ကိုင်လိုသူများအတွက် Certificate in Early Childhood Education ကို အီးဒ်အထိမ်းအမှတ်အဖြစ် Myanmar Muslim Education & Cultural Society မှ Capacity Development Institute of Myanmar (TIP TOP) ဖွင့်လှစ်မည့်သင်တန်းတွင် သင်တန်းကြေးမတတ်နိုင်သူများထဲမှ ရန်ကုန် ၅ ဦး၊ မန္တလေး ၅ ဦး ကိုရွေးချယ် ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ပညာရေးသဘောတရား (Education Theory) ၊ကလေးစိတ်ပညာ(Child Psychology) ၊ ကလေးသူငယ်ဖွံ့ဖြိုးရေး(Child Development) ၊ ပညာရေးစိတ်ပညာ(Education Psychology, Psychological Impact on Teaching & Learning Process) ၊ သင်ပြနည်း နှင့်သင်ပြနည်းစနစ် (Method & Methodology, especially for teaching English)၊စာသင်ခန်းစီမံအုပ်ချုပ်မှု( Educational Administration , including School Health & Physical Education) ၊ ထိရောက်သောသင်ကြားနည်း(Effective Teaching) စသည့်ဘာသာရပ်များကို နိုင်ငံတကာပညာရေးအတွေ့အကြုံရှိဆရာ/မကြီးများမှလက်တွေ့ပို့ချပေးမည်ဖြစ်ပါသည်။ထို့ပြင်အင်္ဂလိပ်စာသင်ပြနည်းသီးသန့်ကိုလည်းအထူးသင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူများသည်အနိမ့်ဆုံးအထက်တန်းစာမေးပွဲအောင်မြင်သူဖြစ်ပြီးဘွဲ့ရများလည်းလျှောက်ထားနိုင်ပါသည်။ သင်တန်းကြေးမှာ (စာရွက်စာတမ်းကြေးမပါ) အခမဲ့ဖြစ်ပြီး လက်ရှိမူကြိုများနှင့်နိုင်ငံတကာကျောင်းများတွင်လုပ်ကိုင်နေသူများနှင့် သင်တန်းကြေးမတတ်နိုင်သူများ ကိုဦးစားပေးရွေးချယ်ပြီး လူမျိုး၊ဘာသာမရွှေးလက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် Capacity Development Institute of Myanmar (TIP TOP) (ရန်ကုန်) အမှတ်(၁၃၃) ဒုတိယထပ်၊ လမ်း ၃၀ (အလယ်)၊ ဖုန်း ၀၁ ၂၅၄၈၈၉၊ ၀၉-၇၃၀ ၅၀ ၃၇၀ (မန္တလေး) အမှတ် (၁၇၅)၊ ပထမထပ်၊ ၂၆ဘီလမ်း၊ ၈၀×၈၁ လမ်းကြား၊ ဖုန်း ၀၂ ၆၉၃၂၁၊ ၀၉ - ၉၁၀၀ ၁၈၁၈၊ သို့ အောက်တိုဘာလ (၂၀) ရက် နောက်ဆုံးထားဆက်သွယ်စုံစမ်းစာရင်းပေးသွင်းလျှောက်ထားနိုင်ပါသည်။
Posted on: Tue, 15 Oct 2013 08:57:23 +0000

Trending Topics



Recently Viewed Topics




© 2015