နိုင်ငံရေး အင်အားစု - TopicsExpress



          

နိုင်ငံရေး အင်အားစု အဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား (၅) ချက် ထုတ်ပြန် Created on Tuesday, 24 September 2013 00:02 နိုင်ငံရေး အင်အားစုအဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့ပြီး သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား ကြေညာချက် (၅) ချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမဆောင်တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ၂၁ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဘက် လူ့အဖွဲ့အစည်း သုံးခုနှင့် လေ့လာသူအဖြစ် အဖွဲ့အစည်း ၃၁ ဖွဲ့တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၃၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး မရရှိနိုင်သေးသည့် အကြောင်းတရား များအပေါ် အခြေခံ ဆွေးနွေးခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက်များနှင့် ဖက်ဒရယ် ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရေးအပေါ် ဆွေးနွေးအဖြေရှာခြင်း၊ ပင်လုံကဲ့သို့သော ညီလာခံ ဖြစ်ပေါ်ရေးကို တွန်းအားပေးသည့် အချက်များကို ထည့်သွင်း တက်ရောက်လာသည့် အဖွဲ့အသီးသီးမှ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် သဘောထား (၅) ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သဘောထား (၅) ချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ မတရားအသင်း အက်ဥပဒေ အပါအ၀င် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီးတစ်ရပ် ကျင်းပရေးနှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးတို့ ဖြစ်သည်။ -------------------------------------------------------------------------------- သဘောထား (၅) ချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ မတရားအသင်း အက်ဥပဒေ အပါအ၀င် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီးတစ်ရပ် ကျင်းပရေး... -------------------------------------------------------------------------------- အဆိုပါ အချက်များထဲမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည်မှာ အဖျားအနား ပြင်ဆင်ရေး၊ အပေါ်ယံ ပြင်ဆင်ရေးများကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ လူထုကျေနပ် လက်ခံနိုင်လောက် သည်အထိ ပြင်ဆင်ရေးအထိ ဆိုလိုခြင်းဖြစ်ပြီး အနှစ်သာရအားဖြင့် မူအသစ် ရေးဆွဲရေးကိုသာ ဆိုလိုခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးဟူသောမူနှင့် ရေးထားသည့် အချက်အားလုံးကို ပြင်ဆင်လိုခြင်း ဖြစ်ကြောင်းနှင့် လွှတ်တော်တွင်း ပြင်ဆင်ရေးထက် လွှတ်တော်ပြင်ပ ညီလာခံ ပြင်ဆင်ရေးကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင်က ပြောကြားသည်။ 'ကျွန်တော်တို့က လွှတ်တော်ထဲဝင်ပြီး ပြင်ဖို့မဟုတ်ဘူး။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ တက်ရောက်တဲ့ လွှတ်တော်ပြင်ပ ညီလာခံကြီးမှာ ပြင်ဆင်ရေးသာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံက ပေးထားချက် အတိုင်းဆိုရင် လွှတ်တော်ထဲမှာတော့ ဘယ်လိုမှ ပြင်ဖို့မလွယ်ဘူး' ဟု ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းမှာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက်ဖြစ်ပြီး ပွဲဖြစ်မြောက်ရေး အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်၊ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ မွန်ပါတီများ စသည့်ပါတီ ၁၂ ပါတီမှ ဦးစီးကျင်းပ ခဲ့ခြင်းဖြစ်ပြီး အဓိက ယုံကြည်မှု တည်ဆောက်သည့် အဖွဲ့များအဖြစ် ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်ခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယားပြည်နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ်အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ Credit to >Eleven Media Group< Thanks Re-posted by ဆုံချက်ထူး 24-9-2013
Posted on: Mon, 23 Sep 2013 18:15:32 +0000

Trending Topics



Recently Viewed Topics




© 2015