ဝေဖန်မှုများ - TopicsExpress



          

ဝေဖန်မှုများ ရှိနေခဲ့သော်လည်း ပုံနှိပ်နှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု၊ သတင်းမီဒီယာ ကောင်စီမှ တင်ပြသော မီဒီယာဥပဒေကြမ်းပါ အချက်အချို့အား လက်မခံနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းပြန်ထား Friday, July 05, 2013 ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းခဲ့ကာ ဝေဖန်မှုများ ရှိနေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဇူလိုင် ၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်ကြောင်း သိရသည်။ အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ချက် အချက် ၂၄ ချက်ဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။ လုံးဝပယ်ဖျက်လိုက်သော အချက်နှစ် အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်းတွင် ပါဝင်သော ပုဒ်မ ၇၊ ပုဒ်မခွဲ(င)တွင်ပါဝင်သော 'ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများအရ ပြဋ္ဌာန်းချက်များကို ဆန့်ကျင် ဖောက်ဖျက်ရာရောက်သည့် အရေးအသား စာများထုတ်ဝေခြင်း' နှင့် အခန်း(၅) ထုတ်ဝေစာများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း အခန်းတွင် ပါဝင်သော ပုဒ်မ (၁၂)'တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာထားခြင်း မရှိသော်လည်း ပုဒ်မ ၇ ပါ သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကို မည်သူမျှ ပြည်တွင်းသို့ တင်သွင်းခြင်း မပြုရ' ဟူသော အချက်တို့ ဖြစ်ကြောင်း သိရပါသည်။ ထို့အတူ အခန်း(၇)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ဖော်ပြခဲ့သော ပုဒ်မ ၂၀ ၊ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တို့တွင် ပါဝင်သော ထောင်ဒဏ်သတ်မှတ်ချက် အားလုံးကို ပယ်ဖျက်လိုက်ပြီး တားမြစ်ချက်များကို ဖောက်ဖျက်သူများ အနေဖြင့် မူလဥပဒေကြမ်းတွင် သတ်မှတ်ထားသော ငွေဒဏ်အတိုင်း ပေးဆောင်ရန် ပြင်ဆင်ခဲ့ပါသည်။ အသစ်ဖြည့်စွက်ခဲ့သော အချက်များမှာ အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်းတွင် 'မည်သူမဆို ပုဒ်မ ၇ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာပေးနိုင်ရန် ၀န်ကြီးထံသို့ လျှောက်ထားနိုင်သည်'၊ အခန်း(၄) တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာခြင်းအခန်း ပုဒ်မ ၈ တွင် ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် မိမိ၏ ထုတ်ဝေစာကို တရားမ၀င် ထုတ်ဝေစာဟု ပုဒ်မ ၈ အရ ကြေညာခြင်း ခံရပါက မိမိ၏ ထုတ်ဝေစာသည် တရားမ၀င် ထုတ်ဝေစာ မဟုတ်ကြောင်း အဆုံးအဖြတ်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်'၊ အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင်' ဤ ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သည်ဟု အဆိုရှိသော နေ့မှစ၍ (၁)နှစ်အတွင်း လျှောက်ထားခြင်း၊ အရေးယူခြင်း သို့မဟုတ် အမှုစွဲဆိုခြင်း ပြုရမည်'၊ အခန်း (၈) အထွေထွေ အခန်းတွင် 'ဤဥပဒေပါ မည်သည့်တားမြစ်ချက်ကမျှ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ပိတ်ပင်သည်ဟု မှတ်ယူခြင်း မရှိစေရ'၊ 'ဤဥပဒေအရ အရေးယူဆောင်ရွက်မှုများသည် နိုင်ငံသားတိုင်း၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်ကို မထိခိုက်စေရ'၊ 'မည်သူမဆို သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယိုရုပ်သံ ထုတ်လွှင့်လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် မရှိစေရ' နှင့် 'စတုထ္ထမဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများ၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့် အခွင့်အရေးကို မထိခိုက်စေရ' ဆိုသည့် အချက်များ ဖြစ်ကြပါသည်။ ထို့အပြင် ဥပဒေကြမ်းအခန်း(၂)ပုဒ်မ ၆ တွင်ပါဝင်သော 'ပုဒ်မ ၅ အရ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ခံရသော ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် ၀န်ကြီးထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်' ဆိုသောအချက်အား 'ပုဒ်မ ၅ အရ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းခံရသော ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူ သို့မဟုတ် သတင်းအေဂျင်စီသည် နိုင်ငံတော် သမ္မတထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်' ဟု ပြင်ဆင်ခဲ့သည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့စဉ်က မီဒီယာအဖွဲ့အစည်း အသီးသီးနှင့် ဂျာနယ်လစ်များက ကန့်ကွက်ခဲ့ကြပြီး ထိုဥပဒေကြမ်းသည် သတင်းမီဒီယာ ကောင်စီမှ ရေးဆွဲနေသော မီဒီယာ ဥပဒေနှင့် စင်ပြိုင်ရေးဆွဲခဲ့ခြင်း၊ ဂျာနယ်လစ်များကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်းများ အပါအ၀င် ဥပဒေကြမ်း အခန်း(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်းချက်များတွင် ပါဝင်သောပုဒ်မများ၊ အခန်း(၇)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ပါဝင်သော ပုဒ်မများအပြင် ဥပဒေကြမ်းတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနှင့် မသက်ဆိုင်သော ဖွင့်ဆိုချက်များကို ထည့်သွင်းခဲ့ခြင်းတို့ကို ဝေဖန်ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက 'ဒီဥပဒေက ကျွန်တော်တို့ press council က ရေးဆွဲထားတဲ့ ဥပဒေကြမ်း မဟုတ်ပါဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ မူလကတော့ အဲဒီ ဥပဒေကြမ်းကို ကန့်ကွက်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြန်ညှိပြီး အဲဒီဥပဒေကြမ်းမှာ ကျွန်တော်တို့ ထည့်သွင်းလိုတဲ့ အချက်တွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ အခုအတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေပါမပါ ကျွန်တော်တို့ press council ကို အကြောင်း မပြန်သေးပါဘူး။ ကျွန်တော်တို့ ဆွဲထားတဲ့ မီဒီယာ ဥပဒေကြမ်းကိုတော့ ပြည်သူ့လွှတ်တော်ကို တင်သွင်းထားပြီး ဖြစ်ပါတယ်' ဟု သုံးသပ်ပြောကြားသည်။ ပြည်သူ့ခေတ်ဂျာနယ်၊ အယ်ဒီတာချုပ် ဦးဖေမြင့်က 'ပြန်ကြားရေးက ရေးဆွဲတင်သွင်းတဲ့ ဥပဒေကြမ်းပါ။ အဲဒီဥပဒေကို ပထမ ကန့်ကွက်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ညှိနှိုင်းပြီး ပြင်ဆင်လိုတဲ့ အချက်တွေ ပြောထားတာ ရှိပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်က စိစစ်တဲ့စနစ်ကို မရှိစေချင်ဘူး။ အခုက ကြိုတင်စိစစ်တာတော့ မရှိတော့ဘူး။ ထုတ်ဝေပြီးမှ လိုက်စိစစ်ပြီး ထုတ်ဝေခွင့်ကို လိုက်ပိတ်တာမျိုးတွေ မရှိစေလိုပါဘူး။ ဒါ့ကြောင့် မှတ်ပုံတင်ဌာနကို မော်ကွန်းဌာနလို့ ပြောင်းလဲပေးဖို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ မှတ်ပုံတင်ဌာနကို ထုတ်ဝေခွင့် ရုပ်သိမ်းတဲ့ လုပ်ငန်းတွေ မပါတဲ့ဌာနအဖြစ် တောင်းဆိုထားတာတွေ ရှိတယ်။ အဲဒါတွေ ဒီဥပဒေကြမ်းမှာ ပါ၊ မပါ ဆိုတာမသိဘူး' ဟု သုံးသပ်ပြောကြားသည်။ သတင်းမီဒီယာ ကောင်စီမှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ ရေးဆွဲပေးပို့ထားသည့် သတင်းမီဒီယာဥပဒေ (ဒုတိယမူကြမ်း)အပေါ် ပြန်ကြားရေး ၀န်ကြီးဌာနက လက်မခံနိုင်သည့် ပြဋ္ဌာန်းချက်(၁၇)ချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် ပြန်လည်ပေးပို့ထားကြောင်း သတင်းမီဒီယာ ကောင်စီဝင် ဒေါက်တာ သိန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ From;Eleven Media Group
Posted on: Fri, 05 Jul 2013 03:31:59 +0000

Trending Topics



ww.topicsexpress.com/Perché-gli-estranei-in-metropolitana-invece-che-limitarsi-a-topic-10201264051797441">Perché gli estranei in metropolitana, invece che limitarsi a
Good Night ;) Read my post , dont scroll down x) hope you saw
“Apaga la luz, te susurro al oído, apágala. Tengo prisa por

Recently Viewed Topics




© 2015