Animation Method2 (Tweening) PART 3 - TopicsExpress



          

Animation Method2 (Tweening) PART 3 အခုတစ်ခါကတော့ ဒင်္ဂါးလေးတစ်ခုကနေပြီးအရောင်လေးတွေဖြာထွက်တဲ့ပုံစံလေးပြုလုပ်ရအောင်ပါ။ Sample File ကို Download လုပ်ပါ။ ပြီးရင် ImageReady မှာဖွင့်ရအောင်။ အနက်ရောင်နောက်ခံပေါ်မှာ ဒင်္ဂါးလေးတစ်ခုရှိနေပါတယ်။ အနက်ရောင်က Background Layer ဖြစ်ပြီး၊ ဒင်္ဂါးလေးကတော့ Layer1 ဖြစ်ပါတယ်။ အခု Layer1 ကို Layer Style အနေနဲ့ Outer Glow ပေးပါမယ်။ Layer Palette အောင်ခြေနားက Add a layer style Button လေးကို Click လုပ်ပြီး ပေါ်လာတဲ့ Menu ကနေ Outer Glow ကိုရွေးပါ။ Option တွေကတော့ပုံပါအတိုင်းပဲယူလိုက်ပါဦး။ အဲဒီနောက် New Frame နှစ်ခုထပ်ဖန်တီးပါ။ Frame1 နဲ့ Frame3 ရဲ့ Outer Glow Size ကို 20 အတိုင်းထားပြီး၊ Frame2 ကိုတော့ Glow Size 75 လောက်ထားပါ။ Frame1 နဲ့ Frame2 ကို Tween လုပ်ပါ။ Tween parameters မှာတေ့ Effect ကို Check လုပ်ပါမယ်၊ ကျန်တဲ့ Options တွေကတော့ ရှေ့ကသင်ခန်းစာတွေမှာရှင်းခဲ့ပြီးပါပြီ၊ ပုံပါအတိုင်းပဲယူလိုက်ပါ။ ပြီးတဲ့အခါ နောက်ဆုံး Frame8 နဲ့ Frame7 ကိုလဲဒီအတိုင်းပဲ Tween လုပ်ပါမယ်။ ဒါဆိုရင် ပုံလေးဟာအခုလိုမြင်နေရပါပြီ။ တကယ်တော့ Tween Method ရဲ့ Effects Parameter ဟာ Layer Style တွေအပြင် Text Wrap, Layer fill စတဲ့ Value ပြောင်းလဲ ခြင်းတွေကိုလဲ Animate key များအဖြစ်ဆေင်ရွက်နိုင်ပါသေးတယ်။ အဲဒီအကြောင်းကို နောက်သင်ခန်းစာများမှာ ဖော်ပြပေးပါဦးမယ်။ © Copyright by team mmphotoshop. All Rights Reserved.
Posted on: Thu, 10 Oct 2013 13:58:48 +0000

Trending Topics



Recently Viewed Topics




© 2015