Aung Khaing - TopicsExpress



          

Aung Khaing Myint ဦးလှဆွေမှတ်ချက်ကို တွေးကြည့်မိတယ်။ ဦးလှဆွေရဲ့ Argument ထဲမှာ August 28, 2013 INDO-MYANMAR BORDER INDO-MYANMAR BORDER BY MYO SET ဦးလှဆွေမှတ်ချက်ကို တွေးကြည့်မိတယ်။ ဦးလှဆွေရဲ့ Argument ထဲမှာ (၁) နိုင်ငံသားလက္ခဏာ (National Identity) (၂) ခွဲခြားမှုကို ဆန့်ကျင်ခြင်း (၃) ဒီမြေပေါ်မှာမွေးဖွားသူရဲ့ ရပိုင်ခွင့် (Birth Right) (၄) 1982 နိုင်ငံသားဥပဒေ လေးချက်ကို အဓိက ထားပြောသွားတာကိုတွေ့ရပါတယ်။ (၁)National Identity အပေါ် သူ့ရဲ့ဖွင့်ဆိုချက်မှာ မြန်မာဆိုတာ ဘင်္ဂလားကလာတဲ့လုံချည်နဲ့ တရုတ်ကလာတဲ့ လည်ကတုံး ဆိုတဲ့သဘောကို ပြပြီး နိုင်ငံတစ်ခုဟာ တစ်နိုင်ငံတည်းရပ်တည်လို့ မရဘူးလို့ပြောသွားပါတယ်။ တစ်ကယ်က သူ့ရဲ့ ဥပမာဟာ လူ့ယဉ်ကျေးမှုတွေအ ပြန်အလှန်စီးကူးယှက်နွယ်နေတဲ့ ယဉ်ကျေးမှုတွေဆင့်ကဲဖြစ်ထွန်းခြင်း ဖြစ်စဉ်တစ်မျိုးသာဖြစ်ပါတယ်။ ယိုးဒယားအကတွေကို မြန်မာတွေပြန်လည်အသုံးချသလိုပါပဲ။ မြန်မာနိုင်ငံရဲ့ National Identity ဆိုတာ ဘင်္ဂလားနဲ့တရုတ်ပေါင်းစပ်ထားတဲ့ ကပြားလက္ခဏာမဟုတ်ပါဘူး။ မြန်မာ့ဓလေ့ဆိုတာ Buddhist Civilization ကြီးထဲက ဗုဒ္ဓဘာသာကိုအခြေခံတဲ့ လူ့ဘောင်ယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့ လက္ခဏာပါ။ အဲ့လိုဓလေ့ကို မြန်မာနိုင်ငံထဲက လူမျိုးဘာသာမရွေးလက်ခံကျင့်သုံးကြပါတယ်။ “အတူမျှဝေခံစားလက္ခဏာများ Shared common characters” တွေလို့ ပြောလို့ရမှာပါ။ တရုတ်နဲ့လဲမတူ၊ ဘင်္ဂလားနဲ့လဲမတူ မြန်မာနိုင်ငံသားလက္ခဏာဟာ သီးသန့်၇ှိပါတယ်။ မြန်မာနိုင်ငံထဲက Burmanized Muslims, Burmanized Chinese တွေကိုကြည့်ကြည့်ပါ။ ထိုင်ဝမ်ရောက် မြန်မာဖွားတရုတ်တွေဟာ သင်္ကြန်မိုးသီချင်းဆိုကြပါတယ်။ ဒါဟာ National Identity ရဲ့လက္ခဏာတစ်ခုပါပဲ။ ဦးလှဆွေပြောတဲ့ Argument ဟာ အဖွင့်မှာကတည်းက သဘောမတူချင်စရာတစ်ခုတွေ့မိပါတယ်။ (၂) ခွဲခြားမှုကို ဆန့်ကျင်ခြင်းအနေနဲ့ မာတင်လူသာကင်းတို့ရဲ့ Civil Right Movement တွေနဲ့ ယှဉ်ပြီးပြောသွားခဲ့ပါတယ်။ ဘင်္ဂါလီတွေကို ကန့်သတ်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းရဲ့ ရလာနိုင်စရာရှိတဲ့ အခွင့်အလမ်း Human Capital ဆုံးရှုံးသွားစရာ ကို သူက ပြောချင်တာကို တွေ့ရပါတယ်။ နောက်တစ်ချက်အနေနဲ့ ဖိနှိပ်မှုကြောင့် ဖြစ်လာနိုင်တဲ့ တန်ပြန်သက်ရောက်မှုကို ထည့်သွင်းပြောကြားသွားပါတယ်။ ဒီမှာ စဉ်းစားဖို့၇ှိလာပါတယ်။ National Identity ရှုထောင့်ကကြည့်ရင် နိုင်ငံသားလက္ခဏာဆိုတာ နိုင်ငံတစ်ခုထဲက လူတွေဟာ ဘာသာရေး၊ လူမျိုးရေးကွဲချင်ကွဲမယ်။ သူတို့အားလုံးဟာ အသွင်တစ်ခုတည်းအောက်မှာရှိကြတယ်။ ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ အသွင်နဲ့ မြန်မာပြည်ထဲက လူတွေရဲ့ Cultural values တွေတူပါရဲ့လား။ ကျနော်ကတော့ တူတယ်လို့မထင်ပါဘူး။ မြန်မာပြည်ထဲက မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေဟာ ဗုဒ္ဓဘာသာတွေနဲ့ ဘာသာရေးမတူချင်တာသာရှိမယ်…သင်္ကြန်ကို အားလုံးပျော်တတ်ကြပါတယ်။ ဒါဟာ Shared cultural values ဆိုတာရဲ့ ဥပမာတစ်ခုပါပဲ။ ဘင်္ဂါလီရိုဟင်ဂျာတွေနဲ့တူတဲ့ ယဉ်ကျေးမှုတွေက ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့ကိုသာ မြင်မိပါတယ်။ ဒီလို ဘင်္ဂါလီတွေနဲ့ ယဉ်ကျေးမှုမှာ ပြင်းထန်တဲ့ ရခိုင်တွေကို ဘေးချင်းအတူတူထားမယ်ဆိုရင် ဒီဒေသဟာ ပဋိပက္ခတွေမကြာခဏ တောက်လောင်မယ့်ကိစ္စ ဖြစ်နေမှာ အသေအချာပါပဲ။ ဒီလို Cultural Clash တွေဟာ ထည့်ပြီးစဉ်းစားရမယ့်ပြဿနာဖြစ်ပါတယ်။ နောက်တစ်ချက်က နယ်စပ်ဒေသမှာ တစ်ဖက်နိုင်ငံနဲ့ ယဉ်ကျေးမှုခြင်းနီးစပ်ပြီး သစ္စာခံမှုပိုင်းထွေပြားနိုင်စရာရှိတဲ့ လူစုတွေဟာ သဘာဝအရကို လက်နက်ကိုင်ခြင်း၊ လွတ်မြောက်နယ်မြေတောင်းဆိုခြင်းနဲ့ ခွဲထွက်ခွင့်ဖန်တီးခြင်း စတာတွေကို အလိုလို ဖြစ်ပေါ်စေမြဲဖြစ်ပါတယ်။ ပုလဲသွယ်ရေလမ်းတွေနဲ့နီးစပ်လှတဲ့ မောင်တောဒေသ၊ နောက် မဟာဗျူဟာ ပွိုင့် လာမယ့်ဆယ်စုနှစ်အတွင်းဖြစ်လာနိုင်စရာ၇ှိတဲ့ ကျောက်ဖြူဒေသတွေအတွက် ထည့်စဉ်းစားဖို့လိုပါလိမ့်မယ်။ ဒီဒေသ မတည်ငြိမ်မှုဟာ မြန်မာပြည်အတွက်အကျိုးယုတ်စေဖို့သာ ဖြစ်ပေါ်စေပါလိမ့်မယ်။ (၃) မွေးရာပါနိုင်ငံသားရပိုင်ခွင့်…. ကိုးရီးယားနိုင်ငံဟာ ဂျပန်၊ တရုတ်တို့နဲ့နယ်ချင်းနီးစပ်ပါတယ်။ မြောက်ကိုးရီးယားဆို ဂျပန်၊ တရုတ်၊ ရုရှားကြားရှိပါတယ်။ တရုတ်နဲ့ရုရှားတို့ဟာ အင်အားကြီးတွေပါ။ လူဦးရေအရပေါ့။ ဂျပန်နဲ့ တောင်ကိုးရီးယားလို နိုင်ငံတွေမှာ မြေပေါ်မွေးလို့ နိုင်ငံသားရပိုင်ခွင်င့်္ကိုပေးပါသလား။ ဘယ်လိုနည်းနဲ့ဆက်ဆံပါသလဲ။ ကမ္ဘာ့နိုင်ငံကြီးတွေထဲမှာ မွေးရာပါနိုင်ငံသားကို ခွင့်ပြုတဲ့နိုင်ငံဟာ အမေရိကန်နဲ့ကနေဒါဖြစ်ပြီး ကျန်ပြင်သစ်၊ဗြိတိန်၊ အိုင်ယာလန်၊ အိန္ဒိယတို့ဟာ အဲ့ဒါကိုခွင့်မပြုဘဲ ပြန်လှန်သုံးသပ်နေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အခု လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မွေးဖွားတာနဲ့ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ စင်ကာပူလဲ ခွင့်မပြုသေးဘူးလို့သိရပါတယ်။ ဒီနိုင်ငံတွေမှာ ဒီလို အခွင့်အလမ်း မပေးပေမယ့် အခြား ခွဲခြားဖိနှိပ်ခြင်းမပြုဘဲ ကိုင်တွယ်ကြပါတယ်။ သူတို့ဘယ်လိုကိုင်တွယ်ကြပါသလဲ…….? (၄) 1982 နိုင်ငံသားဥပဒေ…အရ ကျနော်နားလည်သလောက် နိုင်ငံသားဖြစ်ခွင့်ရဖို့ကို အသက်ဝင်နေဆဲ ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို ဆုံးဖြတ်မည့် အာဏာပိုင်အဖွဲ့အစည်းတွင် (က)နိုင်ငံခြားရေးဝန်ကြီးဌာန မှအရာရှိ (ခ) ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ (ဂ)ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ ဒီလူတွေ သုံးပွင့် ဆိုင် ဆုံးဖြတ်ရတာဖြစ်ပါတယ်။ အခု ကဒ်ဖြူ ကို ဘယ်လို ဥပဒေနဲ့ ဘယ်လိုထုတ်ပြန်ခဲ့သလဲတော့ နားမလည်မိပါ။ (ကျနော်နားမလည်တာလဲ ဖြစ်နိုင်ပါတယ်။)။ ကျနော်နားလည်သလောက်ဆိုရင်တော့ ဒီကဒ်ဖြူကိစ္စကို ဦးလှဆွေ အဓိပ္ပါယ်ဖွင့်လိုက်ခြင်းဟာ မြန်မာ့မြေပေါ်မွေးရင် Immigration Status အပေါ် မူတည်လို့ နိုင်ငံသားပေးခြင်း မပေးခြင်း မဟုတ်ဘဲ မွေးသူအားလုံးကို အသိအမှတ်ပြုမယ့်သဘောလို့ နားလည်လိုက်ပါတယ်။ ဒီအတွက် လူဦးရေ သန်းတရာ့သုံးဆယ်နီးပါးရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပြင်ဆင်မှုကို ဘယ်လောက်ခန့်မှန်းတွက်ချက်ထားပြီလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။ ကဒ်ဖြူကိစ္စမျိုးဟာ နိုင်ငံတော်ပါဝါချိန်ခွင်လျှာကိုပြောင်းလဲသွားစေနိုင်တဲ့ကိစ္စတွေမျိုးပါ။ မလေးရှားရွေးကောက်ပွဲမှာ မဲပေးခွင့်တွေနဲ့ မျက်လှည့်ပြသွားခဲ့တာတွေကိုသတိမူမိရင်တော့ ဦးလှဆွေရဲ့ စကားကို ဆက်လက်တွေးဆကြည့်ရင် …။
Posted on: Wed, 28 Aug 2013 22:35:49 +0000

Trending Topics



Recently Viewed Topics




© 2015