BIDC Cup - TopicsExpress



          

BIDC Cup ဗိုလ်လုပွဲတွင်ထိုင်းကို ရှုံးပြီး ဒုတိယဖြင့်သာမြန်မာကျေနပ်ခဲ့ရ ========================================= သောကြာ| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် 2013 BIDC Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို နိုဝင်ဘာ ၁၀ ရက်က ကစားခဲ့ရာ လက်ရှိချန်ပီယံ မြန်မာယူ-၁၉ အသင်းအနေဖြင့် ထိုင်းယူ-၂၃အသင်းကို ရှုံးပြီး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုင်းအသင်းနှင့် မြန်မာအသင်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် BIDC Cup ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်း က၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ 2013 BIDC Cup ဗိုလ်လုပွဲတွင်လည်းထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ထပ်မံတွေ့ဆုံခဲ့ပြီး ထိုင်းအသင်းက ၂-၀ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိကာ ချန်ပီယံဆုလွှဲ ပြောင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မန်မာ ယူ- ၁၉ အသင်းသည် အုပ်စုပွဲတွင်လည်း ထိုင်း ယူ-၂၃ အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲ တွင် ၂-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခြင်းဖြစ်သည်။ အိမ်ရှင် ကမ္ဘောဒီးယား ယူ-၂၃ အသင်းမှာ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မလေးရှားအသင်း နှင့်အတူ ပူးတွဲတတိယသာရရှိခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၄ ခုနှစ်တွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် (2014 AFC U19 Championship) နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။ထို့ပြင် ဂျာမနီလူမျိုးနည်းပြ ဖရိုင်းဒရစ် ကိုင်တွယ်လျက်ရှိသည့် ယူ-၁၉ အသင်းသည် ၂၀၁၃ ခုနှစ် မြန်မာနေရှင် နယ်လိဂ်-၂ ပြိုင်ပွဲ၊ တရုတ်ဖိတ်ခေါ်ဖလား (Weifang Cup 2013) ပြိုင်ပွဲ ၊ ၂၀၁၃အာဆီယံ ယူ ၁၉ ချန်ပီ ယံရှစ်ပြိုင်ပွဲ၊ ၂၀၁၃ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲများလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Mizzima News
Posted on: Mon, 11 Nov 2013 11:33:26 +0000

Trending Topics



Recently Viewed Topics




© 2015