BS News က စုံစမ်းသိရှိရ - TopicsExpress



          

BS News က စုံစမ်းသိရှိရ သလောက် နိုင်ငံတကာက မြန်မာ့ ခေါင်းဆောင်တွေကို တင်ပြရရင်- ၁။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း - ကော်ဖီ-အနံ့ (သူက ကော်ဖီ အရမ်းကြိုက်တော့ သူ့ဆီက ကော်ဖီအနံ့ ထွက်လို့ပါတဲ့) (Kofi Annan) ၂။ အမေရိကန် သမ္မတ- ရော်နယ် ဦးရည်ခင် (Ronald Reagan) ၃။ ဆိုဗီယက် သမ္မတ- မိခေးလ် ကိုဗချော (Gorvachev) ၄။ ဆိုဗီယက်ခေါင်းဆောင်ကြီး- ဂျိုးဇက် စန္ဒာလင်း (မိန်းမတစ်ဦး ဖြစ်ပါသည်) (Stalin) ၅။ အမေရိကန် သမ္မတများ- ဂျော့ မောင်ပု (စီနီယာနှင့် ဂျူနီယာ) (George Bush and George W. Bush) ၆။ ဗြိတိန် ၀န်ကြီးချုပ်- မာဂရက် ဒေါ်သေချာ (မိန်းမဖြစ်ကြောင်း သေချာပါသည်) (Magaret Thatcher) ၇။ သူမကို ဆက်ခံသူ ၀န်ကြီးချုပ်- ဂျွန် မယ်ကြာ (မိန်းမဖြစ်ပါသည်) (John Major) ၈။ ပြင်သစ် သမ္မတ- ဆာ ကိုစည် (ဆာဘွဲ့ရဖြစ်ပါသည်) (Sarkozy) ၉။ ဂျာမနီ ၀န်ကြီးချုပ်- ဟဲလ် မီးခိုး (Helmut Kohl) ၁၀။ အီတလီ ၀န်ကြီးချုပ်- ဘီလူး စကိုနီ (အစွယ်ငေါငေါနဲ့ ကြောက်စရာဘီလူးကြီး) (Berlusconi) ၁၁။ နာဇီခေါင်းဆောင်- အံ့ခမန်း (အရမ်း အံ့မခန်း နိုင်လွန်းတဲ့ ပုဂ္ဂိုလ်ပါ) (Eichmann) ၁၂။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး- ၀ါရင့် ခရစ္စတိုဖာ (အရမ်း ၀ါရင့်တဲ့ ပုဂ္ဂိုလ်ပါ) (Warren Christopher) ၁၃။ တိဗက် ဘာသာရေးခေါင်းဆောင်- ဒလိုင်း လန်ဘား (အရပ်ရှည်တဲ့ ကိုလန်ဘား ဖြစ်ပါသည်) (Dalai Lama) ၁၄။ အိန္ဒိယ၀န်ကြီးချုပ်- ဂျာဝါဟလာ ကိုနေ-အရူး (Jawaharlal Nehru) ၁၅။ တရုတ်ခေါင်းဆောင်ကြီး- မော်-ဇီးတုံး (Mao Zedong) ၁၆။ စင်ကာပူ ၀န်ကြီးချုပ်- လီကွမ် အရူး (Lee Kuan Yew) ၁၇။ သူ့ကို ဆက်ခံသူ- ကိုကျောက်တောင် (Goh Chok Tong) ၁၈။ မြောက်ကိုးရီးယား ခေါင်းဆောင်- ခင်ချိုအေး (မိန်းမတစ်ဦးဖြစ်ပါသည်) (Kim Jong Il) ၁၉။ ပါကစ္စတန် ၀န်ကြီးချုပ်- ဘရာဇီယာ ပုတို (အရပ်ပုပု ဂင်တိုတို - ဘရာဇီယာရောင်းသူ) (Benazir Bhutto) ၂၀။ ထိုင်းဝန်ကြီးချုပ်- အဘိသေက ၀ိဇ္ဇာဇီဝ (ပါဠိနဲ့ မင်းစိုးရာဇာဘွဲ့ ခံယူထားသူ) (Abhisit Vejjajiva) ၂၁။ မလေးရှား ဒုဝန်ကြီးချုပ်- အဏ္ဏ၀ါ အီဘရာဟင် (အဏ္ဏ၀ါဇီဝဘာသာရပ်ဖြင့် ဘွဲ့ရထားသူ) (Anwar Ibrahim) ၂၂။ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး- ငုယင် ကိုသက် (Nguyen Co Thach) ၂၃။ မြန်မာပြည်ဘုရင်ခံ- ဆာ ဦးဘရန် (Sir Hubert Rance) ၂၄။ မြန်မာပြည်ဘုရင်ခံ- ဆာ ဒေါ်မန်စမစ် (မိန်းမ ဖြစ်ပါသည်) (Sir Dorman-Smith) ၂၅။ မြန်မာပြည် ဘုရင်ခံ- ဆာ ဟာကုတ် ပတ္တလား (ပတ္တလား ဆရာ ဖြစ်ပါသည်) (Sir Harcourt Butler) ၂၆။ အရှေ့တောင်အာရှ စစ်သေနာပတိချုပ်- လော့ မောင်ဘက်တန် (ငယ်ငယ်က ဘက်တန်ရိုက်ဝါသနာကြီးသဖြင့် မိတ်ဆေါများက ချစ်စနိုးပေးထားသောနာမည်) (Lord Mountbattan) ၂၇။ ကုလသမဂ္ဂကိုယ်စားလှယ်- ဦးနံပြား (Nambiar) တို့ဖြစ်ကြပါတယ်။ ၂၈။ ယခုလက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာ ဘန်ဂီမွန်းဟာလည်းပဲ မွန်လူမျိုးဖြစ်ကြောင်း သိရှိရပါတယ်။ ဒါတင် မကပါဘူး... ကမ္ဘာ့ အချမ်းသာဆုံးစာရင်းထဲမှာပါတဲ့ သူဌေးကြီး ၀ါရင့်-ဘူဖေး (Warren Buffett) ဆိုတာ ၀ါရင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ရီးရဲမက်ဒရစ်အသင်းနည်းပြ မောင်ရင်ညို (Mourinho) ၊ ပြင်သစ်နိုင်ငံက ဂိုးသမား ဘသက် (Barthez) ၊ ဒေးဗစ် ဘခမ်း (David Backham) ၊ တို့ဟာ ထင်ရှားတဲ့ မြန်မာတွေပါ။ ကမ္ဘာ့ရုပ်ရှင် လောကမှာဆိုရင် ဟောလီးဝုဒ်က ကိတ်-၀င်းလဲ့ (Kate Winslet)၊ စန္ဒာ-ဗူးလော့ (Sandra Bullock) ၊ ဂျွန်ထရာ ဘိုတာ ( John Travolta ) ( နာမည်အရင်း တာတီး မှ သူငယ်ချင်းများမှ ဘိုတာ လို့ခေါ်ရင်း နာမည်ပြောင်းသွားသူ ) ၊ နာရီ အရမ်းပတ်တဲ့ ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်-နာရီ (Sean Connery) ၊ ရန်ဗိုလ် (Rambo) ၊ တရုတ်ပြည်က ပေါင်ချိန် (၀လွန်းလို့ ပေါင် ခဏခဏ ချိန်ရသူ) နဲ့ ကိုရီးယား နိုင်ငံက မင်းသမီး ဆောင်းဟေကို (မိုးဟေကိုရဲ့အစ်မ၀မ်းကွဲဖြစ်ကြောင်းသိရ ) (Song Hayko) တို့ဟာ နာမည်ကျော်ကြားတဲ့ မြန်မာ လူမျိုးများ ဖြစ်ကြပါကြောင်း BS News က လေ့လာ တွေ့ရှိရပါတယ်။ ကောင်းမြတ်စိုး
Posted on: Sat, 22 Jun 2013 16:34:39 +0000

Trending Topics



Recently Viewed Topics




© 2015