Behind the Candelabra (2013) ဟောလိဝုဒ်မှာ - TopicsExpress



          

Behind the Candelabra (2013) ဟောလိဝုဒ်မှာ ဒါမျိုး ယောင်္ကျားချင်း အချစ်ဇာတ်လမ်းတွေရှိခဲ့ပြီးသား။ လက်လှမ်းမှီသလောက် Brokeback Mountain မှာဆို ကွယ်လွန်သူ Heath Ledger နဲ့ Jake Gyllenhaal တို့ ၂ ဦးက ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ခဲ့တဲ့အပြင် အော်စကာဆုကို Ang Lee ကဒါရိုက်တာဆု နဲ့တကွ စုစုပေါင်း ၃ ဆုရခဲ့တယ်။ နောက်တစ်ခုက အမေရိကန်မှာ Gay အခွင့်အရေးကို လှုံ့ဆော်ခဲ့တဲ့ နိုင်ငံရေးသမား၊ ကိုယ်တိုင်လည်း Gay တစ်ယောက်ဖြစ်တဲ့ Harvey Milk ရဲ့ Biography ရုပ်ရှင် Milk (2008) မှာလည်း Sean Penn က ပြောင်မြောက်စွာနဲ့ အော်စကာဆုရခဲ့ပြီးသား။ နောက်ထပ်လည်းရှိသေးတယ်။ Jim Carrey နဲ့ Ewan McGregor တို့ရဲ့ I Love You Phillip Morris (2009)၊ ဒီကားတွေ အားလုံးဟာ ဝေဖန်မှုတွေ အပြင်းအထန်ခံရမှုနဲ့အတူ ရဲရဲရင့်ရင့် ပွဲထွက်ခဲ့တဲ့ ဇာတ်ကားတွေ..။ ဒီနေရာမှာ ထုတ်လုပ်သူ၊ ဒါရိုက်တာ စတဲ့ Production ပိုင်း ပုဂ္ဂိုလ်တွေကို လေးစားမိတယ်။ သရုပ်ဆောင်တဲ့ မင်းသားတွေကိုတော့ အတိုင်းထက်အလွန်ပေါ့။ သူတို့ လုပ်ရဲကြတယ်။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာရေးတွေအရ လက်မခံနိုင်တာမပြောနဲ့.. ဒီကားတွေဟာ ဟောလိဝုဒ်နဲ့ တစ်ကမ္ဘာလုံးမှာပါ အဝေဖန်ခံရသေးတာဆိုတော့ မပြောပလောက်ပါဘူး။ တကယ်တော့ Behind the Candelabra ဟာလည်း ဇာတ်လမ်းအနေအထားက ဘာမှမထူးဆန်းပါဘူး။ တချိန်က အချစ်တော်ဖြစ်ခဲ့ဖူးသူ Scott Thorson ရဲ့ ကိုယ်တိုင်ရေးစာအုပ်ကိုပဲ အခြေခံပြီး နာမည်ကြီး Steven Soderbergh က ရိုက်ကူးထားတာပါ။ နာမည်ကြီး Gay Pianist တစ်ဦးဖြစ်တဲ့ Liberace နဲ့ ယောင်္ကျားချင်း ဇာတ်လမ်းဖြစ်ခဲ့တဲ့ Scott Thorson တို့ရဲ့ ၆ နှစ်တာ ဇာတ်လမ်းပါ။ ဒီနေရာမှာ ချီးကျူးချင်တာက မင်းသား ၂ ယောက်စလုံးရဲ့ သရုပ်ဆောင်နိုင်မှုကိုပါပဲ။ ကမ္ဘာကျော်သရုပ်ဆောင်ဆိုတာ ဒါမျိုးပါလားလို့....။ Gay ဆိုတာ ဆံပင်တုစွပ်၊ နှုတ်ခမ်းနီဆိုး၊ ထဘီဝတ်ပြီး နွဲ့ပြရုံသာ မြင်ခဲ့ဖူးတဲ့ ကျွန်တော်တို့အတွက် နိုင်ငံတကာ Gay ဆိုတာ ဘယ်လိုရှိတယ်ဆိုတာ သိရပါတယ်။ ဒီကားကတော့ ထုံးစံအတိုင်း ယောင်္ကျားချင်း Bed Scene တွေလည်းပါတာမို့ ဖြစ်နိုင်ရင် အသက် ၂၀ ကျော်မှကြည့်သင့်တယ်လို့ ထင်မိတယ်။ မိန်းကလေးဆိုလျှင်လည်း နိုင်ငံခြားကားတွေကို ကြိုက်တဲ့၊ နားလည်နိုင်တဲ့သူမျိုးပဲ ကြည့်သင့်ပါတယ်။ ဒီလိုကားမျိုးတွေက မြန်မာ့မျက်စိ မြန်မာ့အမြင်နဲ့ ရိုင်းနေသလို သာမာန်ရုပ်ရှင်ကြည့်သူတွေအတွက် မသင့်တော်သေးပါဘူး။ ကျွန်တော် ရှင်းအောင်ထပ်ပြောချင်တာက ဒီကားမှာ Michael Douglas ကြီး တကယ်မိုက်တယ်။ Matt Damon လည်းမိုက်တယ်။ မြင်မြင်ဖူးသမျှ၊ စိတ်ထဲစွဲနေသမျှ သူတို့ ဇာတ်ရုပ်တွေ ပျောက်သွားတဲ့ထိ တော်ကြပါပေတယ်။ Watch Here - movie4k.to/Behind-the-Candelabra-watch-movie-3258215.html
Posted on: Tue, 16 Jul 2013 09:52:51 +0000

Trending Topics



Recently Viewed Topics




© 2015