Business Portfolio , Happiness & Your Life - TopicsExpress



          

Business Portfolio , Happiness & Your Life သင့်တွင်ရှိသမျှငွေအားလုံးကို ကုမ္ပဏီ တစ်ခုတည်းမှာ သို့မဟုတ် လုပ်ငန်းအ မျိုးအစားတစ်မျိုးတည်းတွင်သာ ရင်းနှီး မြှုပ်နှံခြင်းဖြင့် မျှော်လင့်ချက်အားလုံးကို အချက် တစ်ခုတည်းပေါ် ပုံအပ်လိုက်သလို ဖြစ်သွားတတ်ပါသည်။ ထို့ကြောင့် စဉ်းစားဥာဏ်ရှိသူတို့သည် ကုမ္ပဏီမျိုးစုံတွင် လုပ်ငန်းမျိုးစုံတွင် ခွဲခြား၍ ရင်းနှီးမြှုပ်နှံတတ်သည်ဖြစ်ရာ တစ်နေရာတွင်ဆုံးရှုံးစေကာမူ အခြား တစ်နေရာမှအမြတ်အစွန်းရရှိနိုင်ပါသည်။ မျှော်လင့်ချက်အားလုံးကို ရာထူးတိုးတက်မှု တစ်ခုတည်းအပေါ် တွင်သာ ပုံအော၍ အာရုံစိုက်ထားမိသောကြောင့် မိသား စုဘဝကို လျစ်လျူရှုထားမိသူတို့သည် ရာထူးမတိးုမီပင် အိမ်ထောင်ရေးမသာမယာဖြစ်မှုတို့နှင့် ကြုံတွေ့ရသည့် သာဓက အများပင်ရှိပါသည်။ သင်၏ဘဝကို အိမ်ထောင်စုဝင်တစ် ဦးတည်းနှင့် ပကတိ ပြည့်စုံစွာဆက်ဆံနိုင်မှု အခြေခံခဲ့ပါက နောက်ဆုံးတွင် အခြားအိမ်ထောင်စုဝင်တို့နှင့် အဆင်မပြေဖြစ်ပြီး အိမ်ထောင်ရေးမသာမယာဖြစ်တတ်ပါ သည်။ သင့်ဘဝသည် မှန်ကူကွက်မျိုးစုံရှိသည့် ကျောက်မျက်ရတနာတစ်ခု သဖွယ် ရှုထောင့်ပေါင်းစုံ ရှိနိုင်ပါသည်။ ထို့ကြောင့်သင့်ဘဝကို အချက်တစ်ခု ရှုထောင့်တစ်ခု အတွက်သာ ကွက်၍ စဉ်းစားခြင်းဖြင့် အခြားသော စိတ်ဝင် စားဖွယ် ပျော်ရွှင်ဖွယ် အကွက်များကိုလွတ်သွားတတ်ပါသည်။ သင့်အဖို့ အရေးပါသည်ဟု ယူဆသောအရာအားလုံးအပေါ် သင်၏ မျှော်လက့်ချက်များကို ရင်းနှီးမြှုပ်နှံထားလိုက်ပါ။ သင့်ဘဝတွင်အရေးပါသည်ဟုယူဆ သော ခြားနားသည့်အရာအားလုံးထံမှ အကျိုးအမြတ်ရရှိအောင် ကြိုးပမ်းပါ။ ဤသို့ဖြင့် လမ်းပေါ်မှခဲတစ်လုံးကြောင့် ခြေကျိုးရသည့် အဖြစ်ဆိုးမျိုးကို ရှောင်လွှဲနိုင်ပါလိမ့်မည်ခင်ဗျား----။
Posted on: Sun, 24 Nov 2013 08:46:06 +0000

Trending Topics



Recently Viewed Topics




© 2015