COL ဆိုတဲ့ - TopicsExpress



          

COL ဆိုတဲ့ မိုးလေ၀သဖြစ်စဉ်ရဲ့အဓိပ္ပါယ်။ မနက်ကတင်လိုက်တဲ့ Post တစ်ခုနဲ့ပတ်သက်လို့။ ၂၈-၁-၂၀၁၄ နံနက်(၁၀း၂၀)နာရီ Patricia Lwin COL ရဲ့ အရှည် term လေးကိုသိချင်ပါတယ်။ about an hour ago • Tun Lwin Patricia Lwin COL ဆိုတဲ့စကားဟာ Geomorphology Term ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ A col in the geographic sense is a geomorphological term referring to the lowest point on a mountain ridge between two peaks. It may also be called a notch, a gap or a saddle, although the last-named usually has a wider meaning and may contain a mountain pass လို့ဆိုထားပါတယ်။ မိုးလေ၀သ မှာတော့ COL ဆိုတာ HIGH Pressure ၂ ခု နဲ့ LOW PRESSURE ၂ ခု တို့ဟာ တစ်ခုနဲ့တစ်ခု ထောင့်ဖြတ်အနေအထားနဲ့ ရှိနေကြတဲ့အခါ အလယ်ဗဟိုမှာ HIGH လို့လည်းပြောမရ၊ LOW လို့လည်းပြောမရတဲ့ ဧရိယာကိုခေါ် တာဖြစ် ပါတယ်။ HIGH အခုရဲ့အလယ်မှာရှိနေတော့ ဒီနေရာရဲ့ဖိအားဟာ အနည်းဆုံး ဖြစ်နေပြီး၊ LOW နှစ်ခုအနေနဲ့ ကြည့်တော့လည်း သူကအလယ်မှာရှိနေတဲ့ အတွက် ဖိအားတန်ဖိုးက အမြင့်ဆုံးဖြစ်နေပြန်ပါတယ်။ ဒါကြောင့် သူ့မှာရှိနေတဲ့ ဖိအားတန်ဖိုးဟာ HIGH လို့လည်းသတ်မှတ်လို့မရ၊ LOW လို့လည်း သတ်မှတ်လို့ မရတဲ့ သဘာဝရှိနေပါတယ်။ ဥပမာပေးရရင်တော့ မြင်းတစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ တင်စီးရတဲ့ မြင်းကုန်းနှီး(Saddle)တစ်ခုရဲ့ ဗဟိုအလယ်မှတ်လိုဖြစ်နေပါ တယ်။ မြင်းကုန်းနှီး ရဲ့ မြင်းရဲ့ကျောအလျားလိုက်ကြည့်ရင် ဒီအမှတ်ဟာ အနိမ့်ဆုံးအမှတ်၊ မြင်းရဲ့ ၀မ်းဘိုက်တစ်ဖက်ကနေတစ်ဖက်ကိုကြည့်ရင်တော့ ဒီအမှတ်ဟာ အမြင့်ဆုံးအမှတ်ဖြစ်နေပြန်ရော။ အဲဒီအမှတ် (Saddle Point) နဲ့ သဘောတရားတူနေလို့ COL ကို Saddle Point လို့လည်းခေါ်ပါတယ်။ (ရေးတာရှည်သွားရင် ကျွန်တော့ရဲ့ ချို့ယွင်းချက်သာဖြစ်ပါတယ်။) 2 minutes ago • Edited • Like • 1 ဒေါက်တာထွန်းလွင်
Posted on: Tue, 28 Jan 2014 03:55:31 +0000

Trending Topics



ut his

Recently Viewed Topics




© 2015