Curtin University မှ - TopicsExpress



          

Curtin University မှ အင်ဂျင်နီယာဘွဲရများအတွက် MSc Project Management ဘာသာရပ်ဝင်ခွင့်ခေါ်ယူခဲ့ ********************************************** (23.8.2013, Friday) မြန်မာနိုင်ငံ(သို့)နိုင်ငံတကာရှိ အင်ဂျင်နီယာ ကဏ္ဍနယ်ပယ် အသီးသီး တွင်အခွင့်အလမ်းသစ် များရှာဖွေပြီးထိပ်တန်းစီမံခန့်ခွဲမူပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများအတွက် MSc (Project Management )ဘာသာရပ်ကို သြစတြေးလျ Curtin University ၏ စင်ကာပူ Campus တွင်တက်ရောက်နိုင်ကြောင်းသိရသည်။ အဆိုပါ ဘာသာရပ်ကို Project Management Institute’s Global Accreditation Center နှင့် Australian Institute of Project Management တို့မှ အသိအမှတ်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။ Curtin University သည် The Times Higher Education Ranking အရကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁ဝဝ) စာရင်းဝင်ပြီး၊ အနောက်သြစတြေးလျ၏ အကောင်းဆုံးတက္ကသိုလ် တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်းသိရှိရပြီးစင်ကာပူ၊ ဆာရာဝပ်၊ ပါ့(သ်) နှင့်ဆစ်ဒနီ မြို့ များတွင် Campus များဖွင့်လှစ်ထားသည်။ အဆိုပါ Project Management ဘာသာရပ်ကို သြစတြေးလျ တက္ကသိုလ်တွင် သွားရောက်သင်ယူရသောဘွဲ့နှင့် ထပ်တူညီသောဘွဲ့ကို စင်ကာပူကျောင်း လခနှုန်းအတိုင်းပေးသွင်းကာ Curtin Singapore တွင်တက်ရောက် သင်ယူနိုင်ကြောင်းသိရသည်။ ကျောင်းအပ်နှံသူတိုင်းအတွက် တစ်စိတ် တစ်ပိုင်းပညာသင် ထောက်ပံ့ကြေး S$ 2,500 အထိပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းလခသည်စင်ကာပူဒေါ်လာ ၃ဝ,ဝဝဝ ကုန်ကျမည်ဖြစ်ပြီး အရစ်ကျခွဲသွင်းနိုင်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားကို မိမိနှစ်သက်ရာ စင်ကာပူ(သို့) သြစတြေးလျ Campus တွင်ရယူနိုင်ကြောင်းသိရပြီး ကျောင်းဝင်ခွင့်လများတွင်နိုဝင်ဘာနှင့် ဖေဖော်ဝါရီလများဖြစ်ပြီး Master Program အတွက် IELTS 6.5 ရှိရန်လိုအပ်သည်။ကျောင်းလျှောက်ထားရန် စုံစမ်းလိုပါက CROWN Education ၌စုံစမ်းနိုင်ကြောင်း သိရသည်။
Posted on: Fri, 23 Aug 2013 04:13:15 +0000

Trending Topics



Recently Viewed Topics




© 2015