DVB TV News စော်ဘွားကြီးကုန်း - TopicsExpress



          

DVB TV News စော်ဘွားကြီးကုန်း အဝေးပြေးကားဝင်းရှေ့ ဗုံးပေါက်ကွဲမှု၊ သာကေတအခွန်လွတ်ဈေးအနီး ဗုံးပေါက်ကွဲမှု၊ အလုံ Western Park စားသောက်ဆိုင် ဗုံးတွေ့ ရှိမှု၊ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုများနဲ့ ပတ်သက်ပြီး သံသယရှိသူ စောမြင့်လွင် ခေါ် မောထ ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။ တောင်ငူဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယရှိသူဟာ(စောထွန်းထွန်းဆိုသူ) ဖြစ်တယ်လို ယူဆရပြီးဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ မန္တလေး နဲ့ စစ်ကိုင်း ဗုံးပေါက်ကွဲမှု့ တွေ အတွက် စုံစမ်းနေဆဲ ဖြစ်တယ်လို့  မြန်မာ အသံမှာကြေငြာသွားပါတယ်။ သံသယရှိသူ ကရင်ပြည်နယ် သူမွဲထမှာနေထိုင်တဲ့ စောမြင့်လွင့်ကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-နတ်ကြီး ကားလမ်းပေါ်မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သထုံခရိုင် ရဲတပ်ဖွဲ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းက ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို နေ့လယ် ၂ နာရီလောက်မှာ ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ အဲဒီ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူဟာ အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံမိခဲ့ပြီး၊ သူစီးနင်းလာတဲ့ Taxi ပေါ်မှာ မှတ်ပုံတင် ကျကျန်ခဲ့ရာကနေ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးသိန်းလွင် ဦးစီးတဲ့အဖွဲ့ကို သထုံခရိုင်ရဲတပ်ဖွဲ့နဲ့ ဘီးလင်းရဲစခန်း တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၅ ရက် မနက်မှာပဲ လွှဲပြောင်း ပေးအပ်လိုက်ပြီလို့ လည်းရေးသားထားပါတယ်။
Posted on: Tue, 15 Oct 2013 10:10:02 +0000

Trending Topics



Recently Viewed Topics




© 2015