David Mayes ရဲ့Article တစ်ခုဖတ်ပြီး - TopicsExpress



          

David Mayes ရဲ့Article တစ်ခုဖတ်ပြီး မြင်လာတာလေးတွေရှိတယ်။ လူတွေက လောင်းကစား လုပ်ကြတာကို အဆိုးမြင်ကြတယ် ။ ဘာလို့အဆိုးမြင်ကြလဲ ဆိုတော့ ဒါဟာ မကောင်းမှုဖြစ်တယ် လို့ပဲ လူတွေဒီလောက်ပဲသိတယ် ။ ကိုယ်တော့ လောင်းကစားလုပ်တာနဲ့ပတ်သက်ပြီး လူတွေရဲ့ဦးနှောက်တွေးခေါ်ပုံနဲ့ သတ်မှတ်ပမာဏ နဲ့သတ်မှတ်အချိန် ဆိုတာကို ပိုချဉ်းကပ်မိတယ် ။ ကိုယ့်အမြင်မှာ လောင်းကစားဟာ Mental Problem တစ်ခုပဲ ။ ကာစီနို၊ ဘလက်ဂျက်၊ ရှမ်းကိုးမီး၊ ဂျောက်ဂျက်ခေါက်တာ၊ ဂျင်ဆော့တာ အစရှိသဖြင့် အားလုံးပေါ့ လောင်းကစားလုပ်လို့ဘ၀ပျက်သွားတဲ့သူတွေဟာ ကိုယ့်ရဲ့ Risk Profile ကိုလုံးဝမသိကြလို့ပါ ။ ပြီးတော့ Ability ဘယ်လောက်ရှိနေလဲဆိုတာကို လည်းသတိမချပ်မိကြဘူး Ability ဆိုတာ လောင်းကစားအတွက်ဆိုရင် လောင်းနိုင်တဲ့ငွေကြေးပေါ့ assets ပေါ့ ။ သူတို့မှာ Appetite for risk (စွန့်စားရင်ဆိုင်ချင်တဲ့ အာသီသ) ပဲရှိတယ် ။ ကိုယ်ကျော်ဖြတ်ရမဲ့ Risk မှာ ကျဆုံးသွားရင် ဘယ်လိုအခြေအနေဘယ်လိုရှိမလဲဆိုတာ ကြိုတင်တွက်ဆမထားဘူး ။ များသောအားဖြင့် Averages တွေကိုအရမ်းသုံးတယ်။ ပျမ်းမျှအခြေအနေဆိုတာ လုံးဝအမှန်တရားတစ်ခုမဟုတ်တာ ကိုမေ့လျော့ကြတယ် ။ ဥပမာ - ရေကန်တစ်ခုဟာ အများဆုံး ၈ ပေနက်နိုင်တယ် ။ အနည်းဆုံး ၄ ပေနက်နိုင်တယ်။ ပျမ်းမျှတွက်ချက်ရင် ၆ပေလောက်တော့ဖြစ်နိုင်တယ်ဆိုပြီး ရေမကူးတတ်ပဲဖြတ်ကူးတဲ့သဘောပါ။ ရေကန်က ၈ ပေနက်တဲ့အခြေအနေမျိုးနဲ့တွေ့ရင် အဲ့မှာ ရှောဘရားသား ဘောပြားပါပီ။ :P လောင်းကစားမှာ ... ပျမ်းမျှအားဖြင့် ပထမအလှည့်ရှုံးရင် ဒုတိယအလှည့် မှာနိုင်မယ်လို့ လူ့ရဲ့Concept ရှိတယ် အဲ... ဒုတိယအလှည့်မှာထပ်ရှုံးသွားရင်တော့ တတိယအလှည့်မှာ ထိုးကြေးကို တင်ပစ်ကြပါပြီ ။ ဒါဟာ လူ့ရဲ့ Mental ပါပဲ ။ အာသီသ သိပ်ပြင်းတယ် ။ အဲ့ဒီအချိန်မှာ Risk Profile ကိုမေ့သွားပါပြီ ။ ဒါကြောင့် *ငွေမျောရင်ငွေနဲ့လိုက်*ဆိုတဲ့စကားပုံဟာ သက်သက် လောင်းကစားသမားတွေကို ဒုက္ခရောက်အောင်လုပ်ထားတာပါ ။ နိုင်တဲ့သူတွေဘာလို့ပြန်ရှုံးသွားကြသလဲ ။ အဓိကကတော့ စိတ်ကူးထဲမှာ ကြိုတင်သတ်မှတ် ထားတဲ့ သတ်မှတ်နိုင်ကြေးမရှိလို့ပါပဲ ။ ဥပမာ - ငါတော့ တစ်သိန်းနိုင်ရင် တော်ပီ ဆိုတာမျိုးပေါ့။ ဒါကို သတ်မှတ်ပမာဏလို့ခေါ်နိုင်မယ်ထင်တယ် ။ နိုင်ငံခြားကားတွေထဲမှာ ကာစီနိုဆော့တာ ဘလက်ဂျက်ဆော့တာတွေကို အသေအချာ ဂရုတစိုက်ကြည့်ဖြစ်တယ်။ သူတို့တွေတွေးနေကြတာ လောင်းကစားသက်သက်ကိုပဲမဟုတ်ပါဘူး။ သူတို့ရဲ့ Risk Profile ကိုတွက်ချက်နေတယ်။ ပြီးတော့ သူတို့ဟာ တခြားလူတွေရဲ့ Risk Profile တွေကိုပါ တွက်ဆနေကြတယ်။ ဘယ်သူက Appetite for risk အရမ်းပြင်းတယ် ။ ဘယ်သူက ငွေဘယ်လောက်ရှိနေတယ် ၊ တွေးတာစဉ်းစားတာကောင်းတယ် (Ability) စသဖြင့်ပေါ့ ဒါတွေကို တွေးနေပြီး ကိုယ့်ရဲ့အားသာချက် အားနည်းချက်၊ သူများရဲ့အားသာချက်၊ ပျော့ကွက် ကိုတွေးပြီး ကစားနေကြတာ။ Governor Poker ဆော့ရင် ပိုသိသာတယ် ။ Call ဖြစ်ဖြစ် Raise ဖြစ်ဖြစ် ကစားသမားတစ်ဦးက တင်လိုက်ရင် ကိုယ့်ဘက်က Fold ပစ်ဖို့အနည်းနဲ့အများဝန်လေးတယ်။ ပြီးတော့ ကိုယ့်ရဲ့ Risk Profile ကို ကိုယ်မသိကြဘူး။ သိရင်တောင်မေ့သွားကြတယ်။ ဒါကြောင့် လောင်းကစားလုပ်ရင် ရှုံးလေ့ရှိကြတာပါ ။ Risk Profile ကို ကောင်းကောင်းသိပြီး ကိုယ့် Ability ကိုလည်း ကိုယ်သိ ။ သတ်မှတ်ပမာဏနဲ့ သတ်မှတ်အချိန်ကိုလည်း ကောင်းစွာထားရင် လောင်းကစားလုပ်ရင် အခြေအနေ ပိုကောင်းလာပါလိမ့်မယ် ။
Posted on: Tue, 19 Nov 2013 06:38:53 +0000

Trending Topics



Recently Viewed Topics




© 2015