ELeven Media Group နဲ့ NLD ကြားမှာ - TopicsExpress



          

ELeven Media Group နဲ့ NLD ကြားမှာ ဘာပြဿနာတွေရှိနေသလဲ ===================================== ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းခဲ့သည်။ ဒီချုပ်ကိုယ်စားလှယ် အမျိုးသားလွှတ်တော်မှာ ငါးယောက်ရှိတဲ့အနက် သုံးယောက် မဲခွဲချိန် လွှတ်တော် မတက်ခဲ့ပါဘူး။ ဦးသိန်းဆွေက အမေရိကားရောက်နေပါတယ်။ ဦးအောင်ကြည်ညွန့်က ကော်မတီ အစည်းအဝေးတက်ပါတယ်။ ဒေါက်တာမြင့်နိုင်က ကန့်ဘလူသွားပါတယ်။ တက်ရောက်ခဲ့သူ ဦးမင်းဦးနဲ့ ဒေါက်တာမြတ်ဥာဏစိုးတို့ ဒေါက်တာအေးမောင်ရဲ့ ဥပဒေကြမ်းအား ကို ထောက်ခံခဲ့ပါတယ်။ မဲနှစ်မဲသာ ဖြစ်ပေမဲ့ အင်အားအကြီးဆုံး အတိုက်အခံပါတီ ရဲ့ သဘောထားဖြစ်လို့ ဒါဟာ အရေးပါ၊ပါတယ်။ ၂၀၁၅ မှာ တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မှာမို့ ဒီသဘောထားကို ကျနော်တို့ စောင့်ကြည့်နေတာပါ။ ဒီလို ရပ်တည်ချက်ကို ကြိုဆိုပါတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံသားမဟုတ်သူတွေ ရရှိနေတဲ့ အချောင် အခွင့်အရေး ကို ပယ်ဖျက်ဖို့ လိုပါတယ်။ ခင်ဗျားတို့ ပြောနေတဲ့ အမျိုးသားရေး ဆိုတာ ဒါမျိုးပါ။ တင်သွင်းသူရော ထောက်ခံသူ တိုင်းရင်းသားပါတီတွေ၊ တပ်မတော်သားတွေ၊ ကြံ့ခိုင်ရေးအချို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ကျေးဇူးတင်ရပါမယ်။ ကြံ့ခိုင်ရေးပါတီ တခုလုံး သဘောထား မမှန်တာလဲ သိသာသွားပါတယ်။ ဘာကြောင့် နိုင်ငံသား မဟုတ်သူတွေ မဲပေးခွင့်၊ ပါတီထောင်ခွင့်ပေးခဲ့လဲ ဆိုတာ ၂၀၁၀ မှာ မြင်ခဲ့ပြီးပါပြီ။ (မှတ်ချက်။ အလဲဗင်း သတင်းစာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာအေးမောင်ရဲ့အဆိုကြမ်းကို ထောက်ခံတယ် ဆိုတာ မဖော်ပြခဲ့ပါဘူး။ ဘာရည်ရွယ်ချက်လဲ မသိပါဘူး) Credit : Lynn Hpone Thant
Posted on: Wed, 28 Aug 2013 01:33:46 +0000

Trending Topics



Recently Viewed Topics




© 2015